ပစ္စည်းပို့သမားဘ၀မှ တရုတ်ရဲ့ တတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာသူ ..!

ပစ္စည်းပို့သမားဘ၀မှ တရုတ်ရဲ့ တတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာသူ ..! - Property Knowledge in Myanmar from iMyanmarHouse.com
16 Mar 2017 11:39 am တွင် တင်ခဲ့သည်
34793 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

လက်ရှိ တရုတ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်မှာ အလီဘာလာသူဌေး ဂျက် မား ဖြစ်ပြီး သူ့နောက်မှ အိမ် ခြံ မြေ သူဌေး Wan Jianlin က လိုက်နေပါ တယ်။ သူတို့နောက်က ထပ်လိုက်နေသူကတော့ Wan Wei ဖြစ်ပြီး သူ့ရဲ့ ရှယ်ယာဈေးတွေ တရှိန်ထိုးမြင့်တက်နေမှုကြောင့် မကြာခင်မှာ ရှေ့က နှစ်ေ ယာက်ကို ကျော်သွားနိုင်ကြောင်း ခန့်မှန်းကြပါတယ်။

အသက် ၄၇ နှစ် ရှိပြီဖြစ်တဲ့ Wan Wei ဟာ ပစ္စည်းပို့သမား ဘ၀က လာခဲ့ တဲ့ ကိုယ်ထူးကိုယ်ချွန်သမား တစ်ယောက်ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်က ပ စ္စည်း ပို့သမားလုပ်ခဲ့ပြီး ၁၉၉၃ ခုနှစ် အသက် ၂၂ အရွယ်မှာ ကိုယ်ပိုင် အိုင် ဒီယာနဲ့ ပစ္စည်းပို့ ကုမ္ပဏီကို စထောင်ခဲ့ပါတယ်။ ပိုက်ဆံ မလောက်တဲ့အ တွက် ဖခင်ဖြစ်သူထံမှ ဒေါ်လာ ၁၃၀၀၀ ခန့်ကို ချေးပြီး တည်ထောင်ခဲ့ရ တာဖြစ်ပါတယ်။ စစလုပ်ခြင်းမှာ ၀န်ထမ်း ၆ ယောက်နဲ့ စခဲ့ရတာဖြစ်ပြီး သူ့ ရဲ့လုပ်ငန်းကို အစိုးရက ခွင့်မပြုတဲ့အတွက် သိုဝှက်စွာလုပ်ခဲ့ရပါတယ်။ အဲဒီ အချိန်က သယ်ယူပို့ဆောင်ရေးကို အစိုးရအဖွဲ့အစည်းကပဲလုပ်ရတာဖြစ်ပြီး အပြင်သူတွေလုပ်တာကို black delivery လို့သတ်မှတ်ခဲ့ပါတယ်။ ဒီလို အ ခက်အခဲတွေကြားက ဆယ်စုနှစ်ကြာလုပ်ခဲ့ပေမယ့် သူ စိတ်မပျက်ခဲ့ပါဘူး။ အမြန်ဆုံး နဲ့ အဆင်ပြေဆုံးပို့ဆောင်နိုင်မယ့် နည်းလမ်းတွေကို အမြဲကြံ ဆနေခဲ့ပါတယ်။ အခက်အခဲတွေ အမှားတွေကြောင့် သင်ခန်းစာ အများကြီး ရခဲ့ပြီး လုပ်ငန်းကို ပိုကျွမ်းကျင်လာခဲ့တယ်လို့ သူကဆိုပါတယ်။

သူ့ရဲ့ကြိုးစားမှုကြောင့် သူလုပ်ငန်းဟာ ၂၀၀၃ခုနှစ်လောက်ကစလို့ အထူးေ အာင်မြင်ခဲ့ပြီး ဖောက်သည်များပြားလာတဲ့အတွက် လေယာဉ်တွေ ငှားရမ်း ပို့ခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ငှားလို့မနိုင်တော့တဲ့အတွက် ကိုယ်ပိုင်ေ လကြောင်းလိုင်းထောင်ခဲ့ရတဲ့အထိ အောင်မြင်လာခဲ့ပါတယ်။ ၀န်ထမ်း ၆ ယောက်နဲ့ စခဲ့ရတဲ့ သူ့လုပ်ငန်းဟာ အခုအချိန်မှာတော့ ၀န်ထမ်း ၈၀၀၀၀ ၊ မော်တော်ယာဉ် ၁၅၀၀၀ စီး နဲ့ လေယာဉ် အစီး ၃၀ ပါဝင်တဲ့ လုပ်ငန်းဖြစ် လာခဲ့ပြီး သူကိုယ်တိုင်ကလည်းဒေါ်လာ ၂၆.၇ ဘီလျံ နဲ့ တရုတ်ပြည်ရဲ့ တ တိယ အချမ်းသာဆုံးသူ ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ကုမ္ပဏီ SF ကို the FedEx of China လို့ လူသိများပါ တယ်။ အောင်ြ မင်ချင်တဲ့ သူများအတွက် သူ့ရဲ့စကားကတော့ လုပ်ကိုင်တဲ့အခါ ရဲရဲဝံ၀ံလုပ် ပါ ၊ စွန့်စားတာကို မကြောက်ပါနဲ့ ၊ ဆန်းသစ် တီထွင်နိုင်ဖို့ကြိုးစားပါ ၊ မသိ တာတွေသင်ယူပါ ၊ တာဝန်ယူလိုစိတ်ရှိပါ ဟူ၍ ဖြစ်ပါတယ်။

Credit: Thutazone
ပစ္စည်းပို့သမားဘ၀မှ တရုတ်ရဲ့ တတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာသူ ..! - Property Knowledge in Myanmar from iMyanmarHouse.com
ပစ္စည်းပို့သမားဘ၀မှ တရုတ်ရဲ့ တတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာသူ ..! - Property Knowledge in Myanmar from iMyanmarHouse.com
ပစ္စည်းပို့သမားဘ၀မှ တရုတ်ရဲ့ တတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာသူ ..! - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...

စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service