ဝါရှင်တန်တွင် ကိုယ်ပိုင်လေယာဉ်ကွင်းပါဝင်ကာ ဧက ၁၀၀ နီးပါး ကျယ်ဝန်းသည့် နေအိမ်နှင့် ခြံဝန်းကြီးကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ရောင်းချမည်

ဝါရှင်တန်တွင် ကိုယ်ပိုင်လေယာဉ်ကွင်းပါဝင်ကာ ဧက ၁၀၀ နီးပါး ကျယ်ဝန်းသည့် နေအိမ်နှင့် ခြံဝန်းကြီးကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
16 Mar 2017 11:30 am တွင် တင်ခဲ့သည်
2545 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၏ မြို့တော် ဝါရှင်တန်တွင် ကိုယ်ပိုင်လေယာဉ်ကွင်းပါဝင်ကာ ဧက ၁၀၀ နီးပါး ကျယ်ဝန်းသည့်
နေအိမ်နှင့် ခြံဝန်းကြီးကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ရောင်းချရန် အရောင်းဈေးကွက်ဝင်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

လေကြောင်းကဏ္ဍ ဝါသနာရှိသူများ စိတ်ဝင်စားမည့် ခြံဝန်းကြီးဖြစ်ပြီး ဆန်ဂျူအန်ကျွန်းစုများ၏ အလှကို လှမ်းမျှော်တွေ့မြင် နေရသည့်နေရာတွင် တည်ရှိသည်။ယင်းခြံဝန်းသို့ ရောက်ရှိသူများအနေဖြင့် စိမ်းလန်းဝေဆာသော ဆန်ဂျူအန်ကျွန်းစုများ၏ ဖြားယောင်းမှုတွင် အသက်ရှူမှားမည်မှာ သေချာလှသည်။

နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်၊ ဆန်ဂျူအန်ခရိုင်၊ ဖရိုက်ဒေးဟာဘာမြို့ကလေးတွင် တည်ရှိသည်။
၂၀၁၀ ပြည့်နှစ် သန်းကောင်စာရင်းများအရ ယင်းမြို့ကလေးတွင် နေထိုင်သူ ၂၁၆၂ ဦးသာရှိသဖြင့် ဆိတ်ငြိမ်အေးချမ်းသော အရပ် ဖြစ်သည်။

ဈေးကွက်တင်သည့် ပိုင်ရှင်မှာ အမေဇုန်မှ အငြိမ်းစားအမှုဆောင်
အယ်ဒီတာ ရစ်ခ်အိုင်ရီနှင့် ဇနီးဖြစ်သူ ဆူးအိုင်ရီတို့ ဖြစ်သည်။
ခြံဝန်းကြီးမှာ ဧက ၁၀၀ နီးပါးအထိ ကျယ်ဝန်းပြီး လေကြောင်းအာဏာပိုင်အဖွဲ့မှ ခွင့်ပြုချက်ရရှိထားသည့် လေယာဉ်ပြေးလမ်းပါဝင်သည်။

ဈေးကွက်တင်သည့် ကုမ္ပဏီမှာ ဝင်ဒါမီယာ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီဖြစ်ပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ သန်း ၂၀ ဖြစ်သည်။အိုင်ရီတို့ မိသားစုသည် အဆိုပါခြံဝန်းကြီးကို ၁၉၉၉ ခုနှစ်တွင် ဟင်နရီ ဘာဒန်ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများ တွင် ဖော်ပြသည်။

ကုန်သည်တစ်ဦးဖြစ်သည့် မစ္စတာဘာဒန်သည် ခြံဝန်းကြီးအတွင်းရှိ လေယာဉ်ပြေးလမ်းနှင့် အဆောက်အအုံတို့ကို ၁၉၇၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လောင်စာဆီဖြည့်သည့်စခန်းတစ်ခုလည်း တည်ဆောက်ထားရှိသည်။
မစ္စတာဘာဒန်သည် အဆိုပါခြံဝန်းမှတဆင့် ချီကာဂိုမြို့ကြီးသို့ နေ့စဉ်သွားရောက်ကာ လုပ်ငန်းဆောင်တာများ ဆောင်ရွက်လေ့ရှိခဲ့ သည်ဟု ဆိုသည်။

ယနေ့ကာလတွင်မူ လေယာဉ်ကွင်းကို တစ်နှစ်လျှင် တစ်ကြိမ်၊နှစ်ကြိမ်သာ အသုံးပြုတော့ကြောင်းလည်း မစ္စတာအိုင်ရီက ပြောကြားသည်။
လေယာဉ်ကွင်းကို အနီးဝန်းကျင်တွင် နေထိုင်သူများအား အငှားချထားပြီး ငှားရမ်းထားသူတို့က နွေရာသီပါတီပွဲများ ကျင်းပရာတွင် ပါတီပွဲတက်ရောက်သူများက ကိုယ်ပိုင်လေယာဉ်များဖြင့် လာရောက်လေ့ရှိကြသည်ဟု ဆိုသည်။

ထို့အပြင် ခြံဝန်းကြီး၏ ရေပြင်နှင့် ထိစပ်မှုမှာ ၇၆၅ ပေရှိရာ ဆန်ဂျူအန်ရေလက်ကြားသို့ လမ်းပေါက်ရာ အေရီမိသားစုဝင်များ အပန်းဖြေရေကူးခြင်းများလည်း ပြုလုပ်ခဲ့သည့်နေရာ ဖြစ်သည်။
ခြံဝန်းကြီးအတွင်းတွင် စပါးကျီတစ်ခုလည်းပါဝင်သည်။

မှတ်တမ်းများအရဆိုလျှင် အဆိုပါစပါးကျီကို ၁၉၃၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယခင်ပိုင်ရှင်တို့က စပါးကျီတွင် မြင်းများ ထားရှိခဲ့ပြီး အေရီမိသားစုကမူ ထရပ်ကားနှင့် အခြားပစ္စည်းများ ထားသိုရန်အသုံးပြုခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဝါရှင်တန်တွင် ကိုယ်ပိုင်လေယာဉ်ကွင်းပါဝင်ကာ ဧက ၁၀၀ နီးပါး ကျယ်ဝန်းသည့် နေအိမ်နှင့် ခြံဝန်းကြီးကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဝါရှင်တန်တွင် ကိုယ်ပိုင်လေယာဉ်ကွင်းပါဝင်ကာ ဧက ၁၀၀ နီးပါး ကျယ်ဝန်းသည့် နေအိမ်နှင့် ခြံဝန်းကြီးကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဝါရှင်တန်တွင် ကိုယ်ပိုင်လေယာဉ်ကွင်းပါဝင်ကာ ဧက ၁၀၀ နီးပါး ကျယ်ဝန်းသည့် နေအိမ်နှင့် ခြံဝန်းကြီးကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဝါရှင်တန်တွင် ကိုယ်ပိုင်လေယာဉ်ကွင်းပါဝင်ကာ ဧက ၁၀၀ နီးပါး ကျယ်ဝန်းသည့် နေအိမ်နှင့် ခြံဝန်းကြီးကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဝါရှင်တန်တွင် ကိုယ်ပိုင်လေယာဉ်ကွင်းပါဝင်ကာ ဧက ၁၀၀ နီးပါး ကျယ်ဝန်းသည့် နေအိမ်နှင့် ခြံဝန်းကြီးကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service