ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအား ပုဂ္ဂလိက ဘဏ်များက နိုင်ငံခြားေ ငွဖြင့် ထုတ်ချေးခွင့်ပြုရန် ဗဟိုဘဏ်က စီစဉ်နေသည်ဟု ပြည်ထောင်စုဝန် ကြီး ဦးကျော်ဝင်းက မတ်လ ၁၃ ရက်၌ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။
လက်ရှိတွင် ပုဂ္ဂလိကဘဏ် များက ငွေချေးရာ၌ ကျပ်ငွေကိုသာ ထုတ်ချေးရန် ဗဟိုဘဏ်က ခွင့်ပြုထားသည်။
‘‘ပုဂ္ဂလိကဘဏ်တွေကနေ ဒေါ်လာချေးယူခွင့်ကို ဗဟိုဘဏ် က ခွင့်ပြုပေးဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြော တယ်’’ဟု ပြည်ထောင်စု ၀န်ကြီး နှင့်တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ဒေါက်တာစိုးထွန်းကပြောသည်။
ပုဂ္ဂလိကဘဏ်များကအမေရိ ကန်ဒေါ်လာချေးရန် ခွင့်ပြုပါက ဘဏ်များ တွင် နိုင်ငံခြားငွေ လုံလောက်စွာ ရရှိရန်လိုအပ်ကြောင်း ပုဂ္ဂလိကဘဏ်များ အပ်ငွေ စုဆောင်းရရှိမှုအပေါ် မူတည်ပြီး ချေးငွေများပြန် ထုတ်ပေးရခြင်ြး ဖစ်သောကြောင့် ဒေါ်လာအပ်ငွေရရှိရန် လိုအပ်ကြောင်း ပြည်တွင်း ပုဂ္ဂလိ က ဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်းဘဏ်များသည် နိုင်ငံခြားဘဏ်များမှ ချေးငွေရယူ ပြီး လုပ်ငန်းရှင် များအား ငွေပြန် လည်ချေးပေးမည်ဆိုပါက ပြည် တွင်းပုဂ္ဂလိကဘဏ်များ၏ ရင်း နှီးမြှုပ်နှံမှု ငွေကြေးပမာဏအပေါ် မူတည်သည်ဟု ၎င်းက ဆိုသည်။ လက်ရှိ၌ ပြည်တွင်းပုဂ္ဂလိက ဘဏ်များတွင် ကျပ်ငွေတစ် မျိုးသာ အပ်ငွေ လက်ခံရန် ဗဟို ဘဏ်က ခွင့်ပြုထားခြင်းကြောင့် နိုင်ငံခြားငွေ ထုတ်ချေး ခွင့်ပြုမည် ဆိုပါက နိုင်ငံခြားအပ်ငွေ လက်ခံ ရန် လိုအပ်နေသည်။
‘‘ပြည်တွင်း ဘဏ်တွေက ဒေါ်လာချေးငွေရမယ်ဆိုရင် သွင်း ကုန်လုပ်ငန်းေ တွတော့ အဆင် ပြေတာပေါ့’’ ဟု တွေ့ဆုံပွဲ တက် ရောက်ခဲ့သူ ကုန်သည်၊ စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက် တာ မောင်မောင်လေးက ပြော သည်။ ဒီချုပ်အစိုးရသည် ပြည် တွင်း၌ ဘဏ်ခွဲဖွင့်လှစ်ထားသည့် နိုင်ငံခြား ဘဏ်များကိုလည်း ၀န် ဆောင်မှုများ တိုးမြှင့်ခွင့်ပြုရန် စီစဉ်နေသည်ဟု ပြ ည်ထောင်စု ၀န်ကြီးက ပြောကြားကြောင်း တွေ့ဆုံပွဲ တက်ရောက်သူများ က ပြောသည်။
Credit: 7DayDaily