ပြင်ဦးလွင်ခရိုင် စဥ့်ကူး နှင့် မတ္တရာမြို့နယ်တွင် ၀န်ကြီး ဌာနနှင့် တပ်မေ တ်ာက ပြန်လည် စွန့်လွှတ်သည့် မြေယာများအ တွက် လယ်ယာမြေ လုပ် ကိုင်ခွင့် ပြုလက်မှတ် ပုံစံ(၇) မူလ တောင် သူများကို ပေးအပ်ပွဲအား ဒုသမ္မ တ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဟင်နရီဗန်ထီးယူက တက်ရောက်လွှဲပြောင်းပေး အပ်ခဲ့သည်။
မတ္တရာမြို့နယ်မှ သိမ်းဆည်း ခံ မူလပိုင်ရှင်တောင်သူ ၂၃ ဦး၏ မြေဧက ၁၄၀နှင့် စဥ့်ကူးမြို့နယ်မှ သိမ်းဆည်းခံ မူလပိုင်ရှင် တောင် သူ ၂၂၅ ဦး ၏ မြေ ၁,၂၆၉ ဧက ကို ပြန်လည်ပေးအပ်ခဲ့သည်။
လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ပေးအပ်ပွဲအား မတ်လ ၁၅ ရက်က စဥ့်ကူးမြို့ စည် ပင်သာယာခန်းမတွင် ပြုလုပ်ခဲ့ ပြီး မန္တလေးတိုင်းဒေ သကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ တက်ရောက်ခဲ့ပြီး လွှဲပြောင်းေ ပးအပ်ခဲ့သည်။
‘‘အရင်က ယာယီလုပ်ပိုင် ခွင့်ပြုလက်မှတ်ပုံစံ(၃)ထုတ်ပေး ထားတာကို အခု ဟာက မြေယာ အသုံးချခွင့် ပုံစံ(၇) ပေးအပ်တာ ပါ။ ပေးအပ်တာက မတ္တ ရာမြို့ နယ်က တောင်သူကလည်း နည်း ပါတယ်။ စဥ့်ကူးမြို့နယ် တောင် သူ က များတယ်။ ကျန်ရှိမြေယာ တွေပေးအပ်ဖို့ရာမှာလည်း ပိုင် ဆိုင်မှု အငြင်း ပွားမှုတွေ ရှိနေတော့ စိစစ်နေတုန်းပါပဲ။ ဒုသမ္မတက လည်း ပြည်သူတွေ က ရွေးချယ် ထားတဲ့ အစိုးရဖြစ်တယ်။ လယ် ယာမြေရှိမှ တောင်သူတွေ အ ဆင် ပြေမယ်။ အဲဒီအတွက်လည်း မြေ ယာတွေကို ပေးဖို့စီစဉ်နေပါ တယ် ဆိုပြီး ပြောကြားသွားတယ်’’ ဟု စဥ့်ကူးမြို့နယ် မဲဆန္ဒနယ်အ မှတ်(၂)မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်နိုင်ဦးကပြောသည်။
မတ္တရာမြို့နယ်တွင် ကျန်း မာရေးဝန်ကြီးဌာနက သိမ်းယူ ထားပြီး ပြန်လည် စွန့်လွှတ်သည့် လယ်ယာမြေများနှင့် စဥ့်ကူးမြို့ နယ်တွင် အမှတ်(၁၂၁)ေ ထာက်ပံ့ နှင့် ပို့ဆောင်ရေးတပ်က ပြန်လည် စွန့်လွှတ်ပေးသည့် လယ်ယြာေ မ များအား ပေးအပ်ခဲ့ကြောင်း ဒေါက်တာကျော်နိုင်ဦးက ပြောသည်။
ထို့အပြင် မတ္တရာ၊ စဥ့်ကူး၊သပိတ်ကျင်း၊ ပုသိမ်ကြီး စသည့် မြို့နယ်များမှ ဒေ သခံ တောင်သူများက ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တွေ့ဆုံခွင့်ရ ရန် တောင်းဆိုခဲ့ကြသော်လည်း တွေ့ဆုံခွင့် မရရှိခဲ့ကြပေ။
‘‘ကျွန်တော်တို့ ကျေးရွာမှာ ဒေသခံတောင်သူတွေကို တရားစွဲ ဆိုထားတဲ့ ကိစ္စ၊ မူလပိုင်ရှင် တောင်သူတွေကို မြေတွေပြန်ပေး ဖို့ကိစ္စ၊ အဲဒါတွေပြော ဖို့ တွေ့ခွင့် တောင်းတယ်။ ဒါပေမဲ့ သတ်မှတ် ထားတဲ့လူပဲရမယ် ဆိုပြီး တွေ့ ခွင့် မရခဲ့ဘူး’’ဟု မတ္တရာမြို့နယ်မှ တောင်သူ ဦးရဲရင့်အောင်ကပြော သည်။
Credit: 7DayDaily