အရင်းအနှီးငွေ များများစားစား သိပ်မစိုက်ရဘဲ သင် စလုပ်နိုင်မယ့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအမျိုးအစား ၆ ခု

အရင်းအနှီးငွေ များများစားစား သိပ်မစိုက်ရဘဲ သင် စလုပ်နိုင်မယ့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအမျိုးအစား ၆ ခု - Property Knowledge in Myanmar from iMyanmarHouse.com
15 Mar 2017 11:49 am တွင် တင်ခဲ့သည်
7211 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

သင်လည်းပဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို စလုပ်ဖို့
အိမ်မက်ထားကောင်းထားနိုင်ပါတယ်။ ဒါပေမယ့်
ဒီနေရာမှာ အဲဒီအိပ်မက်ကို လက်တွေ့အကောင်
အထည်ဖော်ဖို့အရေးမှာတော့ အခက်အခဲအတားအဆီးတွေက
ရှေ့မှာ အသင့်စောင့်ကြိုနေဦးမှာဖြစ်ပါတယ်။

သင့်ဟာ အဲဒီကိုယ်ပိုင်လုပ်ငန်းကို ဖော်ဖို့ လုံလောက်တဲ့
စိတ်အားတက်ကြွမှုရှိမနေတာ၊ လုပ်ငန်းကို ဘယ်ကနေ
စလုပ်ရင်ကောင်းမလဲဆိုတဲ့ အိုင်ဒီယာတစ်ခုတောင်
ရှိမနေတာမျိုးနဲ့ ကြုံရနိုင်ပါတယ်။

ဒီနေရာမှာ လူအများစုဟာ သူတို့တွေရဲ့ ကိုယ်ပိုင်အလုပ်တွေ
စလုပ်ဖို့ အဓိကလိုအပ်တာက ငွေကြေးဖြစ်တယ်လို့
ထင်ပြီး လက်ခံသွားတဲ့အချိန်မှာတော့ သူတို့တွေဟာ
အဲဒီနေရာမှာပဲ ရပ်တန့်သွား တတ်ကြပါတယ်။

ဒါပေမယ့်လည်း စဉ်းစားကြည့်မယ်ဆိုရင်တော့ ချေးငွေတွေ၊
ခွင့်ပြုငွေတွေ၊ ရန်ပုံငွေကောက်ခံရရှိငွေတွေလိုမျိုး
အခြားငွေရဖို့အတွက် ရွေးချယ်စရာနည်းလမ်းတွေလည်း
ရှိနေတဲ့အတွက် ငွေဟာ စီးပွားရေးလုပ်ငန်းဖို့အဓိက
အတားအဆီးဆိုတဲ့နေရာမှာ အဓိကအကြောင်းပြချက်တစ်ခုတော့
ဖြစ်မနေပြန်ပါဘူး။ ဒါကြောင့်မို့ မတည်စိုက်ထည့်ငွေ
မရှိသလောက်နဲ့လည်း စလုပ်နိုင်တဲ့လုပ်ငန်းအမျိုးအစားတွေ
လည်း ရှိနေပါတယ် ဆိုတာကို သိထားသင့်ပါတယ်။

လုပ်ငန်းတစ်ခု စလုပ်ဖို့ ဘာတွေ ပြင်ဆင်လုပ်ကိုင်ရမလဲ?

သင်လုပ်ရမယ့် ပထမဆုံးခြေလှမ်းက လုပ်ငန်းတစ်ခုကို
တရားဝင်စလုပ်နိုင်ဖို့ နည်းလမ်းကို ရှာရမှာဖြစ်ပါတယ်။
ယင်းတို့ထဲက တစ်ချို့ဟာ ငွေကုန်ကြေးကျတော့ ရှိနိုင်ပါတယ်။

စီမံကိန်းရေးဆွဲခြင်း- သင့်အနေနဲ့ ပထမဆုံးအနေနဲ့
စီးပွားရေးလုပ်ဖို့ business plan တစ်ခုနဲ့ ဘဏ္ဍာရေးမော်ဒယ်
financial model ပုံစံတစ်ခုကို စတင်ရေးဆွဲထားဖို့တော့
လိုပါတယ်။ဒါကို သင့်ဘာသာ သင်လုပ်နိုင်ပြီး ငွေလည်း
ကုန်ကျမှာမဟုတ်ပါဘူး။

ကုမ္ပဏီမှတ်ပုံတင်ခြင်း- တကယ်လို့သင်ဟာ ကုမ္ပဏီ
သစ်တစ်ခု စတင်ဖန်တီးထူထောင်ဖို့ စီစဉ်နေတယ်ဆိုရင်တော့
သင့်အနေနဲ့ စာရွက်စာတမ်းတစ်ချို့ကို ပြင်ဆင်လျှောက်ထားဖို့
လိုပါတယ်။ ဒီအပိုင်းမှာလည်း သင့်အတွက်ငွေ အရမ်း
မသုံးရ ပါဘူး။

Website တစ်ခုထောင်ဖို့ လိုခြင်း- အင်တာနက်နဲ့
ဆိုရှယ်မီဒီယာခေတ်မှာသင့်အနေနဲ့ သင်ဘာပဲလုပ်လုပ်
သင့် လုပ်ငန်းကို အွန်လိုင်းပေါ်တင်ထားဖို့
လိုလာပြီဖြစ်ပါတယ်။ အွန်လိုင်း ကို သေသေချာချာ
customer တွေနဲ့ ချိတ်ဆက်ဖို့အတွက်platform
အနေနဲ့အသုံးပြုပြီး အချိန်နဲ့တပြေးညီ ထိတွေ့ဆက်ဆံနိုင်ဖို့က
လုပ်ငန်းစကတည်းက ကြိုးစားထားရမှာဖြစ်ပါတယ်။

ယနေ့ခေတ် ၀က်ဆိုဒ်ထူထောင်ဖို့အတွက်ကတော့
အသုံးပြုရတဲ့ နည်းလမ်းတွေကို ထင်ထင်ရှားရှား ရှိနေပါပြီ။
သင့်အနေနဲ့ အချိန်ယူပြီးတော့ ပထမဆုံးဆိုဒ်တစ်ခုကို
ထူထောင်ပါ။ ဒီနေရာမှာ သင့်အနေနဲ့ ငွေကုန်စရာ
မလိုဘဲ အခမဲ့အသုံးပြုလို့ရတဲ့blog တွေ၊
wiz.com. webs.com .wordpress စတဲ့
ဝက်ဆိုဒ်ပလက်ဖောင်းတွေကိုလည်းသုံးနိုင်ပါတယ်။
အခမဲ့အသုံးပြုလို့ရတဲ့ site တွေက ကန့်သတ်ချက်တွေ
ရှိနေပေမယ့် စစချင်းမှာတော့ အသုံးတည့်မှာဖြစ်ပါတယ်။

Marketing- Marketing လုပ်ဖို့အတွက်ဆိုရင်တော့
ငွေကုန်ကြေးကျများလွန်းအားကြီးတယ်လို့
လူတွေသိထားကြပါတယ်။ ဒါပေမယ့်လည်း
သင်အချိန်တွေကိုပဲ မြှုပ်နှံရုံနဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်မယ့်
နည်းလမ်းတွေ ရှိထားပါတယ်။ Social media marketing ၊
SEO နဲ့ content marketing တို့ဟာတော့အကောင်းဆုံး
ဥပမာတွေပဲဖြစ်ပါတယ်။တစ်ကယ်တော့ social media
marketing ဆိုတာဈေး ကုန်ကျစရိတ် အသက်သာဆုံးနဲ့
ထိရောက်မှုအရှိဆုံး marketing နည်းလမ်းပဲဖြစ်ပါတယ်။

Equipment- - လုပ်ငန်းထောင်ဖို့အတွက် လိုအပ်မယ့် ရုံးသုံးပစ္စည်းတွေ၊ ရုံးခန်းနဲ့အခြား အသုံးအဆောင်တွေကတော့ ငွေကုန်ကြေးကျများနိုင်မယ့်အရာတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း လုပ်ငန်းတိုင်းအတွက်တော့ အဲဒါတွေကို လိုမှာတော့မဟုတ်ပါဘူး။ တစ်ချို့ဆိုရင် အဲဒါတွေကိုလုံးဝမလိုတာတွေတောင် ရှိပါတယ်။

ထုတ်ကုန်များ- နောက်ဆုံးအနေနဲ့ စီးပွားရေးလုပ်ငန်းအားလုံး
အနေနဲ့ ရောင်းချဖို့ တစ်ခုခုတော့ လိုပါတယ်၊ ဒါပေမယ့်လည်း
ကုန်ပစ္စည်းရောင်းချမှာမဟုတ်ဘဲသင်က ၀န်ဆောင်မှု ပေးမယ့်
လုပ်ငန်းဆိုရင်တော့ထုတ်လုပ်မှုစရိတွေရှိမှာမဟုတ်ဘဲ
အချိန်ကိုပဲရင်းနှီးမြှုပ်နှံ ပြီး ကိုယ့်ဝန်ဆောင်မှု ကို
အကောင်းဆုံးဖြစ်လာအောင်လုပ်လို့ ရပါတယ်။

စလုပ်ဖို့ သင့်တဲ့ စီးပွားရေးလုပ်ငန်းအမျိုးအစားတွေ

ကောင်းပြီ၊ ဒါဆိုရင် အထက်မှာ ပြောပြထားတဲ့အတိုင်း
ငွေကြေးအမြောက်အမြား စိုက်ထုတ်စရာမလိုပဲ စလုပ်လို့ရတဲ့
လုပ်ငန်းတွေက ဘာတွေလဲ?

၁. ကိုယ်တိုင်ဖန်တီးမှုများ
ပထမဆုံးအနေနဲ့ တစ်ကိုယ်တည်း ဖန်တီးထားတဲ့အရာတွေ
ရှိတဲ့သူတွေ၊ အနုပညာလက်ရာတွေ၊handicraft
ပစ္စည်းတွေလိုမျိုးပေါ့၊ ဥပမာအနေနဲ့ သင့်ဟာ ပန်းချီ
ဆရာတစ်ဦးဖြစ်နေမယ်ဆိုရင် သင့် ငွေကြေးအများကြီး
စိုက်မထားဘဲ အချိန်နဲ့ ပညာကိုပဲ စိုက်ထုတ်ထားတဲ့သင့်ရဲ့
လက်ရာတွေကို ရောင်းလို့ ရနိုင်ပါတယ်၊ Etsy ၊ eBay နဲ့
Amazon တို့လို ပလက်ဖောင်းတွေဟာ သင့်တို့လို
ဖန်တီးနိုင်သူတွေကို လက်ခံပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့်
သင့်လုပ်နေတဲ့အလုပ်ကနေ အကျိုးအမြတ်ရလာအောင်
ဖန်တီးယူရပါမယ်။ဒါမျိုးက ကုမ္ပဏီတောင်တည်ထောင်စရာမလိုပါဘူး။

၂. အိမ်တွင်း ၀န်ဆောင်မှုလုပ်ငန်းများ
ဝန်ဆောင်မှုလုပ်ငန်းဆိုတာကလည်း သင့်ကို ငွေတွေ
အများကြီးကုန်စေနိုင်မှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့
ဒါတွေက ကိုင်တွယ်လို့မရနိုင်တဲ့ ကုန်ပစ္စည်းတွေမို့ပါ၊
သင်ဟာ လူတွေရဲ့ ကိုယ်ပိုင်အိမ်တွေ ဒါမှမဟုတ်
နေအိမ်ဝန်းကျင်တွေမှာ အလုပ်လုပ်ကိုင်နေသူဆိုရင်
သင့်အတွက် သင့်လုပ်ငန်းလုပ်ဖို့ ရုံးတွေ ဘာတွေတောင်လိုမှာ
မဟုတ်ပါဘူး။ ဥပမာအနေနဲ့ သင်ဟာ ကလေးထိန်းတဲ့
ဝန်ဆောင်မှုမျိုး၊ ခွေးကျောင်းပေးတဲ့အလုပ်မျိုး၊ အိမ်မွေး
တိရိစ္ဆာန်တွေကို ထိန်းပေးတဲ့အလုပ်မျိုး ၊အခုနောက်ပိုင်းခေတ်စား
လာတာဆိုရင် အိမ်တွေ နဲ့ ကုမ္ပဏီတွေကို သန့်ရှင်းရေး
ဝန်ဆောင်မှု မျိုးဖြစ်ပါတယ်။ဒါမျိုးကိုစလုပ်နိုင်ပါတယ်။သင်က
ဒီလိုဝန်ဆောင်မှုမျိုးကို ၀န်ဆောင်မှုကုမ္ပဏီအနေနဲ့
လုပ်ဆောင်မယ်ဆိုရင်တော့ ၀န်ဆောင်မှုပေးနိုင်မယ့်
လူတွေကိုရှာဖွေပြီး စီမံခန့်ခွဲတတ်ဖို့တော့လိုပါမယ်။


၃.Skill based လုပ်ငန်းများ

သင့်မှာ အထူးကျွမ်းကျင်တတ်မြောက်ထားတဲ့
အရည်အချင်းပညာတစ်ခုခု ရှိနေပြီဆိုရင် သင့်ရဲ့
အရည်အချင်းတွေကို အရင်းပြုပြီး ကိုယ်ပိုင်စီးပွားရေး
သဖွယ်အသုံးချလုပ်ကိုင်နိုင်ပါတယ်၊ ဥပမာအနေနဲ့ သင်ဟာ
programmer ၊ဓာတ်ပုံဆရာ၊ဗီဒီယိုရိုက်ကူးမှုကျွမ်းကျင်သူ၊
မဂ္ဂဇင်း၊ဂျာနယ် အယ်ဒီတာ စတာမျိုးအရည်အချင်းတွေ
ရှိနေမယ်ဆိုရင် Freelance အနေနဲ့ဖြစ်ဖြစ် ကိုယ်နဲ့
အရည်အချင်းတူညီရာ သူတွေနဲ့ဖြစ်ဖြစ်စုပေါင်းပြီးတော့
ဝန်ဆောင်မှုလုပ်ငန်းတွေစတင်နိုင်ပါတယ်။ဒါဟာ
လည်းဝန်ဆောင်မှုဖြစ်တဲ့အတွက် ကနဦး မ တည်ငွေ
အနည်းငယ်သာလိုအပ်မှာဖြစ်ပါတယ်။


၎. Consulting အတိုင်ပင်ခံလုပ်ငန်း
အများစု ထင်ကြတာကတော့ စွန့်ဦးလုပ်ငန်းရှင်တွေ
ဖြစ်လာဖို့အတွက်ကတော့ နှစ်ပေါင်းများစွာ သူတို့နဲ့
သက်ဆိုင်ရာ နယ်ပယ်အတွင်းက ကျွမ်းကျင်ရာအလုပ်
အတွေ့အကြုံတွေအများကြီး ယူပြီးမှ ဖြစ်လာနိုင်မယ်လို့ပေါ့၊
ဒီလိုဆို အဲဒီနေရာမှာ သင့်ကိုယ်တိုင်ဝင်ကြည့်ပါ၊ သင်ကော
ဘယ်လောက်အချိန်ယူမှာလဲ၊ အလားအလာရှိတဲ့ ကျွမ်းကျင်သူတွေ ၊လုပ်ငန်းတည်ထောင်သူတွေဟာ၊သင်သာ နယ်ပယ်တစ်ခုမှာကျွမ်းကျင်သူတစ်ယောက်ဆိုရင် သင့်ရဲ့ ကျွမ်းကျင်မှုတွေအတွက် ငွေတွေပေးဖို့အသင့်ရှိနေပါလိမ့်မယ်၊ အတိုင်ပင်ခံလုပ်ငန်းဆိုတာက သင့်အတွက်အချိန်လောက်ပဲ ပေးရတဲ့ဝန်ဆောင်မှုတစ်မျိုးပါ၊ သင့်အတွက်တော့ အလုပ်အကိုင်အခွင့်အလမ်းတစ်ခုအဖြစ်တောင် တန်ုဖိုးကြီးသွားနိုင်ပါတယ်။

၅. ပစ္စည်းဝယ်ရောင်းလုပ်ခြင်း

ထုတ်ကုန် ပစ္စည်း ၀ယ်ရောင်းလုပ်တာကတော့ရိုးရှင်းပါတယ်၊
သင့်အနေနဲ့ ထုတ်ကုန်တွေ ၀ယ်မယ်၊ ပြီးတော့
တစ်ခြားသူတွေဆီ ပြန်ရောင်းမယ်၊ dropshipping
ဒါမှမဟုတ် လက်ကားယူရောင်းခြင်းစနစ်တွေနဲ့ ပစ္စည်းတွေကို
ဝယ်ယူလို့ရပါတယ်၊ dropshipping နည်းလမ်းမှာတော့
သင်ဟာ ၀ယ်လက်ဆီကို ကုန်ထုတ်လုပ်သူဆီက တိုက်ရိုက်
ပစ္စည်းပေးပို့ခိုင်းတာဖြစ်ပြီးတော့ အကျိုးအမြတ်ပိုင်းကတော့
အနည်းငယ် နည်းနိုင်ပေမယ့် သင့်ဆီမှာ ကုန်ပစ္စည်း
ဝယ်ထားစရာမလိုတဲ့အတွက် ကုန်ကျစရိတ်နည်းပါတယ်။
လက်ကားရောင်းချမှုမှာတော့ သင့်အနေနဲ့ ငွေအများ
အပြားလိုအပ်မှာဖြစ်ပေမယ့် အကျိုးအမြတ်လည်း
များများ ပြန်ဝင်လာနိုင်ပါတယ်။

၆.အသေးစားလုပ်ငန်းရှင်ဖြစ်ခြင်း

အမှန်တကယ်တမ်းဆို သင်ဟာ သင့်ရဲ့ကိုယ်ပိုင်လုပ်ငန်းငယ်
တစ်ခုကို အခြေတည်ပြီးတော့ အသေးစားလုပ်ငန်းတစ်ခု
အဖြစ်နဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ဝေမျှနိုင်ပါတယ်၊
ဥပမာအနေနဲ ကားအဌားဝန်ဆောင်မှုကုမ္ပဏီတွေမှာ
ကားရင်းနှီးမြှုပ်နှံတာလိုမျိုး၊ သင့်အိမ်ကို BnB
ဝန်ဆောင်မှုတွေနဲ့ချိန်ဆက်ပြီး ငှားရမ်းတာမျိုးဖြစ်ဖြစ်
ဒါမှမဟုတ် အခြားအလားတူ ၀န်ဆောင်မှုကို
ရှာတာမျိုးပဲဖြစ်ဖြစ်လုပ်နိုင်ပါတယ်။

သင့်လုပ်ငန်းကို စလုပ်ပြီး အကျိုးအမြတ်တွေစရလာတဲ့
အချိန်မှာ သင့်လုပ်ငန်းအတွက် အရင်းအနှီးမရှိခဲ့တာက
သင့်အတွက် ပြဿနာမဟုတ်တော့ပါဘူး။ သင့်လုပ်ငန်းက
ရလာမယ့် ငွေတွေကို အခြားနေရာတွေမှာ ပြန်မြှုပ်နှံပြီး
နောက်ထပ်ပိုကြီးတဲ့အလုပ်ကို ပြောင်းလဲလုပ်ကိုင်နိုင်ပါလိမ့်မယ်။

အထက်ပါအချက်တွေကို ဖတ်ရင်းနဲ့ သင်ဟာ ငွေကြေး
အမြောက်အမြားမလိုဘဲနဲ့ လုပ်ငန်းတစ်ခုကို စလုပ်နိုင်မယ်
ဆိုတာ သဘောပေါက်မိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service