စီမံကိန်း စီးပွားရေး နှင့် အသွင်းပြောင်းဈေးကွက် အစပျိုးတော့မလား

စီမံကိန်း စီးပွားရေး နှင့် အသွင်းပြောင်းဈေးကွက် အစပျိုးတော့မလား - Property News in Myanmar from iMyanmarHouse.com
15 Mar 2017 9:48 am တွင် တင်ခဲ့သည်
2466 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၄ ကတည်းက တိုက်တာအိမ်ခြံမြေ ဈေးတွေ စပြီး အရောင်းအ၀ယ် အေးလာခဲ့တာ အခုဆို နှစ်နှစ်ကျော် သုံးနှစ်တောင်ပြည့်တော့မှာ
ဖြစ်ပါတယ် ၊ မြန်မာဈေးကွက်မှာ ဈေးနှုန်းအပြောင်းအလဲ ဆိုတာကလည်း မူဝါဒတွေ နဲ့ သက်ဆိုင်သလို စီမံကိန်းတွေနဲ့ လည်း သက်ဆိုင်ပါတယ် ။ အထူးသဖြင့် အိမ်ခြံမြေဈေးကွက်က တစ်ခြားဈေးကွက်တွေထက် ပိုလို့ အပြောင်းအလဲ မြန်သလို မြတ်ရင်လည်း အဆပေါင်းများစွာမြတ်ပြီး ရှုံးရင်လည်း နောက်တောင်ပြည့်မလှည့်ကြည့်ချင်တဲ့ အထိ
ထိခိုက်မှု ပြင်းထန်ပါတယ် ။

ခံနိုင်ရည်ရှိတယ့်လူတွေ ရှိသလို ပေးရမယ့် အကြွေးအခက်အခဲတွေကြောင့် ရသလောက် ငွေပေါ်ပြီးရောဆိုပြီးချရောင်းသွားတဲ့ လူတွေလည်းအများကြီးရှိပါတယ် ၊ ဒီကြားထဲမှာ အောက်ဈေးနှိုက်ပြီး အမြတ်ထုတ်တဲ့ ၀ယ်ရောင်းတစ်ချို့လည်းရှိကြပါတယ် ၊ ဈေးကွက်စီးပွားရေး သဘာဝအရင် ကြိုက်ရောင်းကြိုက်ဝယ်သဘောဖြစ်လို့ အပြစ်တော့ မဆိုသာပါဘူး ၊ ကြိုက်ရင်ဝယ်မယ် ကြိုက်ရင်ရောင်းလိုက်မှာဖြစ်ပါတယ်။

အရင်ခေတ်တွေ တုံးကတော့စီမံကိန်းရှိတယ်ဆိုတဲ့ နေရာလေး ကြားရင် အနီးအနားက မြေတွေ အိမ်တွေသွားဝယ်ထားလိုက်ကြပါတယ် ၊ လူတွေ အနောက်က လိုက်ဝယ်လာရင် အမြတ်တစ်ခုယူပြန်ရောင်းလိုက်ကြပါတယ်၊ ကြားသတင်း ကို အခြေခံ စီးပွားရေး လုပ်ငန်းအဖြစ် မြေတွေကို ကစားခဲ့တာ ခေတ်တစ် ခေတ်မှာ တော်တော်လေး
ခရီးရောက်ပြီး လူနပ်ချမ်းသာတွေ ပွပေါက်တိုးခဲ့တာ အားလုံး အသိဘဲဖြစ်ပါတယ်။

မအူမလည်မြတ်မလားလို့ ဖျာအောက်ထဲက ငွေလေးထုတ်ပြီး သူများတွေ ဈေးကွက်ကနေ ငွေထုတ်ပိုက်ထွတ်သွားတဲ့ အချိန်ကျမှ မြတ်မလားလို့ ၀င်ရင်းလိုက်တဲ့ လူတွေဘဲ အထိနာခဲ့ပါတယ် ၊ အခုချိန်ထိလည်း လမ်းမရှိ ၊မီးမရှိ ကွင်းခေါင်ခေါင်ထဲက မြေကွက် အချို့ သိန်းထောင်နဲ့ ချီပြီး ဈေးခေါ်နေကြဆဲဖြစ်ပါတယ် ၊ အကွက်အကွင်းကောင်းတဲ့ နေရာ ၊ လူနေတဲ့ နေရာ အချို့ကလွဲလို့ အိမ်ခြံမြေ ဈေးကွက်က အေးနေပါတယ် ၊ အကျိုးဆောင်တစ်ချို့ကတောင် ရေခဲတုံးဖင်ခုထိုင်ထားရတဲ့ အချိန်တွေလို့ ပြောစမှတ်ပြုလာကြပြီဖြစ်ပါတယ်။ အခုတော့ ရေခဲတုံးပျော်တာအချိန်ကြာလို့ ဖင်ခုထိုင်စရာတောင် မရှိတော့တာ ကြာလှပါပြီ။

အကျိုးဆောင်တွေ အတွက်အရောင်းအ၀ယ်မဖြစ်ရင် တစ်ခြား အလုပ်ပြောင်းလုပ်နိုင်တဲ့ အခွင့်အရေး ရှိပေမယ့် မရှိမဲ့ရှိမယ့် ငွေနဲ့ အလုပ်မဖြစ်တဲ့ ကွင်းခေါင်ခေါင်က မြေတွေကို ၀ယ်ထားမိတဲ့ မိဘ ပြည်သူတွေ အတွက်ကတော့ ငွေလည်းပြန်ဖော်မရ ၊ အ၀ယ်ကလည်း မရှိ ၊ အပြင်က မြတ်မယ်ထင်ပြီးအတိုးနဲ့ ယူထားတဲ့ ငွေနဲ့ ၀ယ်ထားမိရင် ပိုပြီး ဒုက္ခနဲ့လှလှ တွေ့ကြတဲ့ လူတွေ မနည်းလှပါဘူး ၊ ဒီလိုအပူတွေ ကို ဘယ်လိုဖြေရှင်းရမလဲလို့စဉ်းစားရင်း ကိုယ်ဝယ်ထားတဲ့ မြေလေး ဈေးပြန်တက်မလား ၊ နဂိုမူလ ဈေးရင်းပြန်ရမလားဆိုပြီး စီမံကိန်း သတင်းတွေ ၊ ဟိုသတင်း ဒီသတင်းတွေကို နားစွင့်နေရင်းနဲ့ စိတ်မော လူမော သုံးနှစ်တာ ကာလကို ကျော်ဖြတ်ခဲ့ပြီးပါပြီ။ ဒါတောင် ကွင်းခေါင်ခေါင်က မြေကွက် ငွေပြန်မပေါ်လို့ ဒီအတိုင်းပစ်ထားလိုက်မယ် ၊ စိတ်မောလူမော မဖြစ်ရင် ပြီးရော ၊ မြေဆိုတာ အစားကျွေးစရာ မလိုဘူးလို့ ထင်ပြီး ဒီအတိုင်းပစ်ထားလိုက်မယ် ဆိုရင်လည်း မှာသွားမှာဖြစ်ပါတယ် ၊ ကျုးကျော်ဆရာတွေနဲ့ပါ တွေ့သွားရင် နဂိုက အရင်းမရလို့ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ လူတွေ အတွက် ရေနစ်ရာ ၀ါးကူထိုးသလို အဖြစ်ဆိုးနဲ့ ကြူံရမှာဖြစ်ပါတယ် ။

ကျုးကို ကိုယ့်မြေကွက်ထဲက ဖယ်ခိုင်းမယ် ဆိုရင်တောင် အနည်းဆုံး ကျပ်သိန်းဆယ်ဂဏာန်း အနည်းဆုံး ဂရုဏာကြေးပေးရပါတယ် ။ အဲဒိအရေးကို ကြောက်လို့ အခုဆိုရင် မြေကွက်ဝယ်ရောင်းတွေ ၊ ပိုင်ရှင်တွေက ကွင်းခေါင်ခေါင်က သူတို့မြေကွက်တွေကို မြေတိုင်းခေါ် ငုတ်စိုက်ပြီး ခြံစည်းရိုးခတ်တဲ့ အလုပ်ကို မဖြစ်မနေလုပ်လာကြတာတွေ့ရပါတယ် ၊ ခြံစည်းရိုးခတ်လို့ ကုန်မယ့် နှစ်သိန်းခွဲ
နဲ့ ကျုးဝင်လို့ ရှင်းရမယ့် ရှည်လျားတဲ့ နောက်ဆက်တွဲ ပြသနာတွေက ပိုပြီ များလို့ မရှိရှိတာ ရှာကြံပြီး ခြံစည်းရိုးခတ်ထားကြတာ တွေ့ရမှာဖြစ်ပါတယ်။

ငါးနှစ်တာ ကျော်ဖြတ်ခဲ့ပြီးလို့ ခြောက်နှစ်တာ ကာလ ဒီမိုကရေစီ အစိုးရလက်ထက်မှာတော့ အရင်ခေတ်ဟောင်းကလို မလိုအပ်တဲ့ စီမံကိန်းတွေကို for show အမြင်ကောင်းရုံ လုပ်ပြတာထက် ပြည်သူအတွက်အမှန်တကယ် လိုအပ်တဲ့ နေရာတွေမှာ သာ လိုအပ်တဲ့ စီမံကိန်းတွေကို လုပ်လာကြပါတယ်၊ အရင်က စီမံကိန်းလျာထားတဲ့ လုပ်ငန်းတွေ တော်တော်များများကိုလည်း ပြန်လည်စီစစ်လာလို့ သူ့ကိုမှီပြီ အလုပ်လုပ်ကြတဲ့ စီးပွားရေး လုပ်ငန်းတွေ တော်တော်များများလည်း ရပ်တည်ဖို့ခက်လာပါတယ် ၊ စီမံကိန်းကိုမှီပြီးလုပ်စားခဲ့ တဲ့ မြေဈေးကစားတဲ့ လုပ်ငန်းတွေကလည်း အခုချိန်ဆို နေ၀င်ချိန် တောင်ကျော်လို့ နေထွတ်ချိန် ရောင်နီဖြိုးဖျ တဲ့ အချိန်ကို ရောက်သင့်နေပါပြီ။

အမှန်တကယ် နေထိုင်လိုသူ အချို့ရဲ့ ၀ယ်လိုအားကြောင့် ဈေးကွက်မှာ လူနေထိုင်ဖို့ အဆင်ပြေတဲ့ တိုက်ခန်း ၊ အိမ် ၊ ခြံကွက်အချို့ အရောင်းအ၀ယ် အနည်းငယ် ရှိပါတယ် ၊ ဈေးကွက်စီးပွားရေး သဘောတရားအရ ၀ယ်လိုအား နဲ့ ရောင်းလိုအား ပုံမှန်ရှိပါတယ် ၊ ဒါတောင် ဈေးကွက်မှာ အ၀ယ်အနည်းငယ် ရှိတယ်လို့ ပြောရင်တောင် ဈေးနှုန်းသင့်တင့်တဲ့ မြေ ၊ တိုက်ခန်းတွေ ဘဲ အမှန်တကယ် နေထိုင်ဖို့ ၀ယ်ကြတာဖြစ်ပါတယ် ။

စီမံကိန်းအကြောင်းပြု မြတ်မလားလို့ ၀ယ်ထားတဲ့ မြေကွက်ပိုင်ရှင်တွေလည်း ဈေးတွေလျှော့လို့ ပြန်ထုတ်ရောင်းလာကြတာ အချိန်တော်တော်ကြာပါပြီ ၊ အရင် သိန်း ၄၀၀ လောက်နဲ့ ၀ယ်ထားတဲ့ မြေကွက် အခုချိန်မှာ ကျပ်သိန်း တစ်ရာ နဲ့ ချရောင်းရင်တောင် အ၀ယ်မရှိလို့ ငုတ်တုတ်မေ့နေတယ့် လူတွေ အများကြီးရှိပါတယ် ၊ စီးပွားရေး လုပ်ငန်းလုပ်ရမယ့် ငွေတွေ အခုလို မြေကစားတဲ့ အချိန်မှာ ၀င်ကစားလိုက်ကြလို့ နိုင်ငံတော်အတွက်လည်း နစ်နာသလို ပြည်သူတွေ အလုပ်အကိုင်ရရှိရေးကိုပါ ထိခိုက်ခဲ့ပြီးပါပြီ ၊ နောက်ဆုံး တန်ဖိုးချပြီးရောင်းလို့ မြေကွက်အရောင်းထွတ်တာတောင် ကြားထဲက ခြားနားချက် ဖြစ်တဲ့ သိန်းရာချီတန်တဲ့ ငွေကြေးတွေ မြေမြိုသွားသလို ဖြစ်သွားပြီလို့တောင် ကြားလာနေရပါပြီ။

ဒီမိုကရေစီ အစိုးရလက်ထက်မှာ ပြန်လည်ကြားလာရတယ့် မြို့သစ်စီမံကိန်းသတင်းတွေ ၊ သင်္ဘောဆိပ် ၊ လေဆိပ်သတင်းတွေကလည်း မျှော်လင့်ချက်မဲ့နေတယ့် မြေကွက်ပိုင်ရှင်တွေ အတွက် မျှော်လင့်ချက်ထားစရာ ကောက်ရိုမျှင်တစ်ခုဖြစ်ပါတယ် ၊ ရန်ကုန်မြို့မှာလည်း လူနေထူထပ်လို့ အိုးအိမ်လိုအပ်တဲံ လူတန်းစားကလည်း
ထုနဲ့ထေးရှိနေပါတယ် ၊ မြို့ကွက် အပြန့်လိုက်ချဲ့ထွင်မယ် ၊ လူနေသိပ်သည်းမှု မြို့သစ်တွေကို တစ်ဖြည်းဖြည်း ရောက်လာမယ်ဆိုရင်တော့ မြေကွက်ပိုင်ရှင်တွေ အတွက်လည်း အရင်တုံးက ဈေးအမြင့်တွေကို ပြန်ရချင်မှ ရမှာဖြစ်ပေမယ့် အခုလိုရုပ်ပျက်ဆင်းပျက် ငွေပေါ်လျှော့ဈေး ရောင်းစရာ ၊ဘ၀ပျက်လောက်တဲ့ အထိဖြစ်စရာ အကြောင်းမရှိနိုင်ပါဘူး ၊ အချိန်တစ်ခုတော့ စောင့်ရမှာဖြစ်ပါတယ် ၊ ပုံသဏ္ဍာန် မမှန်တဲ့ စီမံကိန်း စီးပွားရေး စနစ်တစ်ခုကနေ ပုံမှန်စီးပွားရေး စနစ်တစ်ခု ဖြစ်ဖို့ အသွင်းပြောင်းလာနေပြီလို့ စီးပွာရေး ပညာရှင်တွေက ခန့်မှန်းထားကြပါတယ် ၊ စနစ်ပြောင်း အသွင်ပြောင်းတဲ့ကာလမှာ တောင့်ခံနိုင်ဖို့ အရေးကြီးပါတယ် ၊ အခုလို ဘတ်ဂျတ်လိုငွေပြနေတဲ့ အချိန်ကာလမှာ စီမံကိန်းအကြောင်းပြု ဈေးကစားတဲ့ လုပ်ရက်တွေလည်း ထပ်ဖြစ်လာနိုင်စရာ မရှိတော့ပါဘူး ၊ မြေထဲကို မြုပ်နေတဲ့ ဘီလီလျံနဲ့ ချီတဲ့ငွေတွေ ဈေးကွက်လည်ပတ်မှု စနစ်အတွင်းရောက်ဖို့ အတွက် ပေးဆပ်ရမယ့် အရင်းအနှီးကတော့ ကြီးသလို ခါးသီးလှတဲ့ အတွေ့အကြုံတွေလည်း ရခဲ့ပြီးဖြစ်ပါတယ် ။

ပုံမှန်အရောင်းအ၀ယ်ဖြစ်တဲ့ ဈေးကွက်တစ်ခုဖြစ်ဖို့ တည်ငြိမ်တဲ့ အခြေအနေတစ်ခုရောက်ဖို့ အတွက် အချိန်ကာလ ၊ ငွေတွေ ၊ အတွေ့အကြုံတွေကို ထပ်မံပေးဆပ်ရအုံးမှာဖြစ်ပါတယ် ၊ ပညာရှင်တွေခန့်မှန်းချက် အနေနဲ့ ပြောရရင် တော့ အချိန်အနည်းငယ် လိုသေးတယ်လို့ ဆိုရမှာဖြစ်ပြီး ရောင်နီကို မြင်တွေ့နေရတဲ့ အချိန်ကာလတစ်ခု အတွင်း ကျော်ဖြတ်လျက် ရှိပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service