၂၁ ရာစုအစောပိုင်း စင်္ကာပူလူငယ်များ ဘဏ္ဍာရေးဖူလုံမှုရှိစေရန် အိမ်ခြံမြေကို အာရုံစိုက်လာကြ

၂၁ ရာစုအစောပိုင်း စင်္ကာပူလူငယ်များ ဘဏ္ဍာရေးဖူလုံမှုရှိစေရန် အိမ်ခြံမြေကို အာရုံစိုက်လာကြ - Property News in Myanmar from iMyanmarHouse.com
13 Mar 2017 9:42 am တွင် တင်ခဲ့သည်
1045 ကြိမ် ကြည့်ရှု့ပြီး
အိမ်ငှားခ ဈေးနှုန်းကြီးမြင့်သည့် စင်္ကာပူ၌ ၂၁ ရာစုအစောပိုင်းကာလတွင် လူငယ်ဘ၀ရောက်ရှိခဲ့သူများ (လက်ရှိတွင် အသက် ၂၅ နှစ်မှ ၃၄ နှစ် အကြားရှိသူများ) သည်
ဘဏ္ဍာရေးဖူလုံမှုရှိစေရန် အိမ်ခြံမြေတွင် ပိုမိုရင်းနှီးမြှုပ်နှံလာကြကြောင်း BusinessTimes သတင်းစာက Manulife ISI စစ်တမ်းကို ကိုးကား၍ ဖော်ပြခဲ့သည်။

ထိုစင်္ကာပူနိုင်ငံသားများ၏ ၆၈ ရာခိုင်နှုန်းသည် အိမ်ဝယ်ယူရန် စီစဉ်နေကြကြောင်း၊ငါးဦးတွင် ၂ ဦးက အိမ်ဝယ်၍ ပြန်လည်ငှားခြင်းဖြင့် အိမ်ငှားခ၀င်ငွေရရှိရန် စီစဉ်နေကြ
ကြောင်း ၎င်းစစ်တမ်းက တွေ့ရှိခဲ့သည်။

ယင်းစစ်တမ်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလအကြား အွန်လိုင်းမှမေးမြန်းမှု ငါးရာ ပြုလုပ်၍ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြေဆိုသူများတွင် အလယ်အလတ်တန်းစားများမှ ငွေကြေးချမ်းသာသော ရင်းနှီးမြှုပ်နှံသူများအထိ ပါဝင်သည်။
ငှားရမ်း၍ရနိုင်သော အိမ်များ၏ စာရင်းသွင်းထားသော ငှားရမ်းခနှုန်းထားများကို အခြေခံ
၍ ဗြိတိန်အခြေစိုက် အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုက်ဒ် Nested က ကမ္ဘာ့အိမ်ငှားခဈေးအကြီးဆုံးနေရာများစာရင်းအား ဖေဖော်ဝါရီ ၂၂ က ထုတ်ပြန်ခဲ့ရာ ထိုစာရင်းတွင်
စင်္ကာပူက ကမ္ဘာ့ပဉ္စမမြောက် အိမ်ငှားခဈေးအကြီးဆုံးနေရာအဖြစ် အဆင့် ၅ နေရာတွင်ဖော်ပြခံခဲ့ရသည်။

စင်္ကာပူတွင် ပျမ်းမျှအားဖြင့် ၁ လငှားရမ်းခငှားရမ်းခနှုန်းထားသည် ၁ စတုရန်းပေလျှင်ပေါင် ၂ ဒသမ ၆၈ (စင်္ကာပူဒေါ်လာ ၄ ဒသမ ၇၃) ရှိပြီး တစ်ဦးချင်းစီအတွက် ပေါင်
၁,၁၂၅ (စင်္ကာပူဒေါ်လာ ၁,၉၈၅) ၀န်းကျင်ရှိကာ မိသားစုတစ်ခုအတွက် ပေါင် ၂၁၃၄(စင်္ကာပူဒေါ်လာ ၃၇၆၆) ၀န်းကျင်ရှိသည်။
အဓိပ္ပါယ်မှာ တစ်ဦးချင်းစီအတွက် ထိုငှားရမ်းခကို တတ်နိုင်ရန် တစ်နှစ်လျှင် ၀င်ငွေ ပေါင် ၄၆,၅၄၂ (စင်္ကာပူဒေါ်လာ ၈၂,၁၂၇)ရှိရန်လိုအပ်ပြီး မိသားစုတစ်ခုအတွက် ထိုငှားရမ်းခကို တတ်နိုင်ရန် တစ်နှစ်လျှင် ၀င်ငွေပေါင် ၈၈၃၁၀ (စင်္ကာပူဒေါ်လာ ၁၅၅,၈၃၀) ရှိရန်လိုအပ်သည်။

အထက်ပါ ၁ စတုရန်းပေအတွက် ၁ လပျမ်းမျှအိမ်ငှားခ နှုန်းများမှာ ကမ္ဘာတစ်ဝန်း မြို့ကြီး ၇၂ ခု၏ လက်ရှိဈေးကွက်စာရင်းများကို
အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။

Nested သည် လန်ဒန်အာဏာပိုင်အဖွဲ့က ချမှတ်ထားသော တစ်ဦးချင်းစီအတွက်အနည်းဆုံးလိုအပ်သော နေရာအကျယ်အ၀န်းသတ်မှတ်ချက် (၄၂၀ စတုရန်းပေ) နှင့်
မိသားစုတစ်ခုအတွက် အနည်းဆုံးလိုအပ်သော နေရာအကျယ်အ၀န်းသတ်မှတ်ချက်
(၇၉၇ စတုရန်းပေ) တို့ကိုလည်း အခြေခံ၍ အထက်ပါတို့ကို တွက်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တစ်နှစ် အနိမ့်ဆုံးဝင်ငွေကိုမူ လာ့ဖ်ဘိုရာတက္ကသိုလ်၏ သတ်မှတ်ချက်များကို
ထည့်သွင်းတွက်ချက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service