ထိုင်ချွန်း သို့မဟုတ် ထိုင်ဝမ်၏ တတိယမြို့တော်

ထိုင်ချွန်း သို့မဟုတ် ထိုင်ဝမ်၏ တတိယမြို့တော် - Property News in Myanmar from iMyanmarHouse.com
10 Mar 2017 11:15 am တွင် တင်ခဲ့သည်
1744 ကြိမ် ကြည့်ရှု့ပြီး
မကြာမီက ထိုင်ဝမ်ကျွန်း၊ တိုင်ပေမြို့တွင် ကျင်းပသည့် ၂၅ ကြိမ်မြောက် ထိုင်ဝမ် ၏ အရည်အသွေးသစ်အကောင်းဆုံးကုန်ပစ္စည်းသစ်များ ဆုချီးမြှင့်ပွဲ (2017 Taiwan Excellence Award)အခမ်းအနားကို တက်ရောက်ရင်း ဆုရပစ္စည်းသစ်များထုတ်လုပ် ရာ ကုမ္ပဏီ၊ စက်ရုံအချို့သို့ သွားရောက်လေ့လာရန် ထိုင်ဝမ်၏တတိယမြို့တော်ဖြစ်သည့် ထိုင်ချွန်းမြို့(Taichung)သို့ စာရေးသူရောက်ခဲ့ပါသည်။

ထိုင်ဝမ်၏ အသေးစားနှင့်အလတ်စား စက်မှုပစ္စည်းများအဓိကထုတ်လုပ်သည့် စက်မှုမြို့တော်ဖြစ်သည့် ထိုင်ချွန်းမြို့သည် ထိုင်ဝမ်ကျွန်း၏ အလယ်ပိုင်းအနောက် ဘက် ကမ်းခြေအနီးတွင်တည်ရှိပြီး
တိုင်ပေမြို့နှင့် ကောင်းရှုံမြို့(Kaohsiung)မြို့တို့ ပြီးလျှင် ထိုင်ဝမ်၏အကြီးဆုံးမြို့တစ်မြို့ဖြစ်သည်။

ကောင်းရှုံမြို့ကမူ အကြီးစားစက်မှု ပစ္စည်းများထုတ်လုပ်ရာဖြစ်သည်။ Made in Taiwan ဟု အမည်တွင်သည့် လျှပ်စစ်ပစ္စည်း၊ စက်ဘီး၊ ဆိုင်ကယ်၊ တူရိယာပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဖိနပ်၊ ကလေးကစားစရာ စသော အသေးစားနှင့်အလတ်စားစက်မှုထုတ်ကုန်ပစ္စည်းအများအပြားမှာ ထိုင်ချွန်းမြို့ တစ်ဝိုက်မှ အဓိကထုတ်လုပ်ခြင်းဖြစ်သည်။

တိုင်ပေမြို့မှ ၈၄ မိုင်အကွာတွင်ရှိသော ထိုင်ချွန်းမြို့သို့ မြန်နှုန်းမြင့်ရထားဖြင့်သွားခဲ့ရာ ၄၇ မိနစ်သာကြာမြင့်ပါသည်။ ယင်းမှ ကောင်းရှုံမြို့ သို့ဆက်သွားလျှင် ၄၅ မိနစ်ခန့်အကြာတွင်ရောက်နိုင်ကြောင်း သိရသည်။ ခေတ်မီအဆောက်အအုံအများအပြားရှိ၍ လူဦးရေ ၂ ဒသမ ၈ သန်းခန့်နေထိုင် လျက်ရှိသည့် ထိုင်ချွန်းမြို့တွင် အပြည် ပြည်ဆိုင်ရာလေဆိပ်ရှိ၍ ထိုင်ဝမ်၏ဒုတိယအကြီး ဆုံးပင်လယ်ဆိပ်ကမ်းလည်းရှိသည်။

Qing မင်းဆက်မှ ရှေးဟောင်းဘုရားကျောင်းများ၊ လူသိများသည့် ရေပူစမ်းများ၊ သာယာလှပသည့် အပန်းဖြေဥယျာဉ်များ၊ သဘာဝအမျိုး သားဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ်စသည်တို့ရှိ၍ ယင်းမြို့မှ ၅၆ မိုင်ခန့် အကွာတွင်ရှိသော ထိုင်ဝမ်၏ကျော်ကြားထင်ရှားလှသည့် နေလရေကန်ကြီး(Sun Moon Lake)သို့ ကား၊ ရထားဖြင့် အလွယ်တကူသွားရောက်လေ့လာနိုင်ပါသည်။

မြို့တွင်း၌ သမိုင်းဝင်မြို့တော်ခန်းမ၊ ထိုင်ဝမ်၏အာဇာနည်ဗိမာန်၊ ထူးခြားလှသည့် သဘာဝသိပ္ပံဆိုင်ရာအမျိုးသားပြတိုက်၊ ပန်းချီကားအများအပြားရှိသော အနုပညာဆိုင် ရာ အမျိုးသားပြတိုက်၊ ကမ္ဘာ့ကုန်သွယ်မှုဗဟိုဌာနအဆောက်အအုံ၊ ဂျပန်ဗိသုကာလက် ရာဖြင့်တည်ဆောက်ထားသော ခေတ်မီဆန်းသစ်လှပသည့် မြို့မကဇာတ်ရုံကြီး၊ နိုင်ငံ တကာပြိုင်ပွဲများကျင်းပလေ့ရှိသော ဘေ့စ်ဘောအားကစားပြိုင်ကွင်း၊ Hayu Pier ငါးဈေးကြီးတို့သည် ထင်ရှားသော အဆောက်အအုံများဖြစ်ကြ၍ ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးကိုအဓိကထားသည့်အနေဖြင့် သစ်ပင်နွယ်ပင်များဖြင့် စနစ်တကျစိုက်ပျိုးကာအလှဆင်ထားသည့် ကုန်တိုက်များကိုလည်း မြင်တွေ့ခဲ့ရသည်။

ထို့ပြင် စိတ်ဝင်စား စရာကောင်းလှသည့် ငလျင်ပြတိုက်လည်းရှိ၍ ၁၉၉၉ ခုနှစ်က ထိုင်ဝမ်ကျွန်းအလယ် ပိုင်းတွင်လှုပ်ခဲ့၍ လူ ၃၀၀၀ ခန့်အထိသေဆုံးစေခဲ့သည့်ငလျင်ဒဏ်ကြောင့် ပျက်စီးသွား ခဲ့သည့် စာသင်ကျောင်းနေရာတွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

သန်းခေါင်ကျော်အထိဖွင့်သည့် Zhong Xiao, Donghai, Zhong Hua နှင့် Fengjia ညဈေးတန်းအမည်ရှိ(Nitht Market)များလည်းရှိပြီး လာရောက်ကြည့် ရှုဝယ်ယူသူများဖြင့်လည်း စည်ကားလျက်ရှိသည်။ အထူးသဖြင့် Fengjia ညဈေးတန်း တွင် လမ်းတစ်လျှောက်ချိတ်ဆွဲထားသည့်မီးပုံများကြောင့် တမူထူးခြားလှပနေသည်ကို လည်း မြင်တွေ့ခဲ့ရပါသည်။

သာယာလှပသည့် သဘာဝရှုခင်းများနှင့်ဝန်းရံထား၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အဆောက်အအုံများနှင့်အတူ စက်မှုစီးပွားလုပ်ငန်းများဖြင့်စည်ကားနေပြီး လေ့လာစရာနေရာများလည်းရှိ
ကာ ထိုင်ဝမ်မြို့မှခဏအတွင်းရောက်ရှိနိုင်သဖြင့် ထိုင်ချွန်းမြို့မှာ ထိုင်ဝမ်သို့ရောက်သူတိုင်းသွားရောက်လေ့လာသင့်သည့် မြို့ကြီးတစ်မြို့
ဟုပင် ညွှန်းဆို လိုက်ရပါတော့သည်။

Credit: PYI Myanmar
ထိုင်ချွန်း သို့မဟုတ် ထိုင်ဝမ်၏ တတိယမြို့တော် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service