ဘုရင့်နောင်တံတားနဲ့ အောင်ဇေယျတံတားကြား မြစ်ကမ်းနံဘေးမှာ အဆင့်ြ မင့် ကွန်ဒို ၁၃ လုံးကို ဆောက်လုပ်ပြီး ၄၁ လနဲ့ အရစ်ကျနဲ့ ရောင်းချမယ်လို့ သိရပါတယ်။ မြေဧက စုစုပေါင်း ၃၁ ဧကပေါ်မှာ ဆောက်လုပ်မှာဖြစ်ပြီး ပ ထမ အဆင့်အနေနဲ့ မြေဧက ၁၀ ပေါ်မှာ အခန်းပေါင်း ၁၈၀ဝ ကို ဧပြီလမှ
ဆောက်လုပ်နိုင်ရန် ရည်ရွယ်ထားပါတယ်။ ကွန်ဒိုတွေရဲ့အမြင့်ကတော့ ၂၁ လွှာ၊ ၂၃ လွှာ၊ ၃၁ လွှာဖြစ်ပြီး အခန်းအကျယ်တွေကတော့ စတုရန်းပေ ၅၅၀ ကနေ စတုရန်းပေ ၁၁၀ဝ အထိရှိပါတယ်။ ကွန်ဒိုဈေးနှုန်းကတော့ တစ်စတုရန်းပေကို ကျပ် ၂၀ဝ,ဝ၀၀ ဖြစ်ပြီး အနိမ့်ဆုံးဈေး နှုန်း ကျပ် ၁၁၀ဝ ကနေ ၂၂၀ဝ အထိ ရှိပါတယ်။
‘ဝယ်ယူသူတွေအနေနဲ့ ပထမဆုံး ဝယ်ယူတာနဲ့ ၁၀ ရာခိုင်နှုန်းပေးသွင်းပြီးေ တာ့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကို ၄၁ လမှာပေးသွင်းရပါမယ်၊ ပထမလနဲ့ ဒုတိ ယလမှာ ၁၀ ရာခိုင်နှုန်းစီ နှစ်လပေးသွင်းရမယ်၊ နောက်ထပ် ၆၀ ရာခိုင်နှုန်း ကို ဝယ်ယူပြီးအခန်းအပ်တဲ့ အချိန်မှာပေးရမယ်၊ နောက်ဆုံး ၂၀ ရာခိုင်နှုန်း ကိုတော့ အခန်း အပ်ပြီး တစ်နှစ်အတွင်းမှာပေးအပ်သွားရမယ်လို့ iMyanmarHouse.com ရဲ့ မန်နေဂျာ က ပြောပါတယ်။
ကွန်ဒိုက ရန်ကုန်မြစ် (လှိုင်မြစ်)ကို မျက်နှာထားပြီးတော့ အနောက်ဘက်မှာ အက်ဖ်အမ်အိုင်စီးတီးနဲ့ ကပ်ပြီး တောင်ဘက်မှာဘုရင့်နောင် တံတား၊ မြော က်ဘက်မှာ အောင်ဇေယျတံတားတို့ရဲ့ အလယ်မှာဖြစ်တယ်။ တံတားနှစ်စင်း အလယ်မှာဖြစ်တဲ့အတွက် ရန်ကုန်မြို့ရဲ့ Down Town Areaကို မိနစ်၂၀ နဲ့ သွားနိုင်၊ လေဆိပ်ကိုလည်း အလွယ်တကူသွားလာနိုင်တယ်။ ဒါ့ပြင် လှိုင် သာယာစက်မှုဇုန်၊ ဘုရင့်နောင် ပွဲရုံတွေနဲ့နီးပြီးတော့လမ်းပန်း ဆက်သွယ်ေ ရးနဲ့ စီးပွားရေးအချက်အချာကျတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
Credit: The Kumudra