လာမယ့်ဘဏ္ဍာနှစ်မှာ အခွန်ငွေ ကျပ် ဘီလီယံ ၂၇၀ ကျော် တိုးမြှင့်ကောက်ခံရန် လျာထား

လာမယ့်ဘဏ္ဍာနှစ်မှာ အခွန်ငွေ ကျပ် ဘီလီယံ ၂၇၀ ကျော် တိုးမြှင့်ကောက်ခံရန် လျာထား - Property News in Myanmar from iMyanmarHouse.com
10 Mar 2017 10:42 am တွင် တင်ခဲ့သည်
826 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင် အခွန်အကောက် ကျပ် ဘီလီယံ ၆,၅၀၀ ခန့် ကောက်ခံသွားရန် ၂၀၁၇ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ ထည့်သွင်းရေးဆွဲထားတယ်လို့ ဆိုပါတယ်။

ထိုပမာဏမှာ ယခင် ဘဏ္ဍာနှစ်ကထက် ကျပ် ဘီလီယံ ၂၇၀ ကျော် တိုးမြှင့်ကောက်ခံရန် လျာထားခြင်းဖြစ်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ အခွန်ငွေပမာဏ ကျပ် ဘီလီယံ ၆,၂၀၀ ကျော် လျာထားခဲ့ကြောင်း 7Day Daily သတင်းမှာ ဖော်ပြပါတယ်။

ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်မှ အခွန်အများဆုံးရရှိရန် လျာထားပြီး ဝင်ငွေခွန်မှ ကျပ် ဘီလီယံ ၂,၄၀၀ ခန့်နဲ့ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ဘီလီယံ ၁,၇၀၀ ကျော် ရရှိရန် လျာထားပါတယ်။

နိုင်ငံပိုင် သယံဇာတများ ထုတ်ယူသုံးစွဲမှုမှ အခွန်အကောက် ကျပ် ဘီလီယံ ၉၀၀ ခန့်နဲ့ အကောက်ခွန်မှ ကျပ် ဘီလီယံ ၄၉၀ ရရှိရန် လျားထားတယ်လို့ ဆိုပါတယ်။ အစိုးရက အခွန်တိုးမြှင့်ကောက်ခံခြင်းမှာ ကြုံတွေ့နေရတဲ့ ငွေကြေးဖောင်းပွမှု လျှော့ချရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း စီးပွားရေးပညာရှင်အချို့က သုံးသပ်ထားပါတယ်။

အခွန်ပိုမိုကောက်ခံနိုင်ပါက လက်ရှိတွေ့ကြုံနေရတဲ့ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကို လျှော့ချနိုင်မယ်လို့ စီးပွားရေးပညာရှင် ဦးလှမောင်က ဆိုပါတယ်။ ‘
‘အရင်အစိုးရအဆက်ဆက်က အခွန်ကောက်ခံဖို့ အားနည်းခဲ့တဲ့အတွက် ငွေကြေးဖောင်းပွမှု တွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ကြုံခဲ့ရတယ်။ ဖွံ့ဖြိုးတဲ့နိုင်ငံတွေက ငွေဖောင်းပွမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကို အခွန်စနစ်နဲ့ ထိန်းဖို့ကြိုးစားလေ့ရှိတယ်’’ လို့ စီး ပွားရေးပညာရှင် ဦးလှမောင်က ပြောကြားမှုကို 7Day Daily သတင်းမှာ ဖော်ပြထားပါတယ်။

အခွန်ကောက်ခံရရှိငွေများကို ပညာရေး၊ ကျန်းမာရေး၊ တည်ဆောက်ရေး အပါအဝင် ဝန်ထမ်းလစာ၊ စရိတ်များ ထောက်ပံ့မှုတို့အတွက် ပြန်လည် ကုန်ကျခံခြင်းဖြင့် ပြည်သူထံမှ ငွေကိုရယူပြီး ပြည်သူ့အတွက် ပြန်လည်သုံးစွဲပေးတဲ့ ပုံစံမျိုးဖြစ်တာကြောင့် ငွေကြေးလည်ပတ်မှု ပိုမိုအားကောင်းလာကြောင်း ဦးလှမောင်က သုံးသပ်ပါတယ်။

အခွန်မဆောင်တဲ့ လုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ကုန်နေမှုများကို စနစ်တကျ ထိန်းသိမ်းအရေးယူမှုများ ပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

အစိုးရသစ်ရဲ့ ပထမနှစ်ဝက်ကာလဖြစ်တဲ့ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ အခွန်ကောက်ခံရရှိမှုဟာ မူလ လျာထားချက်ထက် ကျပ် ဘီလီယံ ၄၀၀ ကျော် ပိုမိုကောက်ခံရရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောထားပါတယ်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service