သိမ်းဆည်းလယ်ယာမြေ ဧက ၁,၉ဝဝ ကျော်ကို မူလတောင်သူများထံ ပြန်ပေးမည်

သိမ်းဆည်းလယ်ယာမြေ ဧက ၁,၉ဝဝ ကျော်ကို မူလတောင်သူများထံ ပြန်ပေးမည် - Property News in Myanmar from iMyanmarHouse.com
9 Mar 2017 11:49 am တွင် တင်ခဲ့သည်
1642 ကြိမ် ကြည့်ရှု့ပြီး
တပ်မတော်အစိုးရလက်ထက်တွင် အစိုးရဌာနအသီးသီးက မန္တလေးတိုင်းဒေ သကြီးအတွင်း သိမ်းဆည်းထားသော လယ်ယာမြေများအနက် ဧက ၁,၉ဝဝ ကျော်ကို မူလလုပ်ကိုင်ခဲ့သည့် တောင်သူများထံ ပြန်လည် ပေးအပ် သွားမည်ဟု တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန် ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။

တိုင်းအတွင်းရှိ သိမ်းဆည်းလယ်ယာမြေ ဧက ၁,၉ဝဝ ကျော်ကို သက်ဆိုင် ရာဌာန အသီးသီးက မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ရန် အကြော င်းပြန် ထားပြီးဖြစ်ကြောင်း၊ လာမည့်ဧပြီလ အတွင်း၌ အခမ်းအနားဖြင့် ပြန် လည် ပေးအပ်သွားမည်ဖြစ်ကာ ဆက်လက်၍ သိမ်းဆည်းလယ်
ယာမြေများနှင့် ပတ်သက်ပြီး စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း ၄င်းက ယခုလ ၆ ရက်တွင် ပြောသည်။

''ကျွန်တော်တို့ သိမ်းဆည်းလယ်ယာမြေတွေနဲ့ ပတ်သက်ပြီးတော့ ပြည်ေ ထာင်စု အစိုးရကကော တိုင်းဒေသကြီး အစိုးရကပါ မူလတောင်သူတွေ ကို ပြန်လည်ပေးအပ်ဖို့ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ အခုလောလော ဆယ် မန္တလေးတစ်တိုင်းလုံးက ဧက ၁,၉ဝဝ ကျော်ကို မူလတောင်သူတွေ ကို ပြန်လည်စွန့်လွှတ်ပေးပါမယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေကလည်း ဒီမြေတွေကိုပြန်လည်စွန့်လွှတ်ပေးဖို့ အကြောင်းပြန်ထားပါတယ်။ ဒါပေမဲ့ တချို့လယ်ယာတွေမှာ တောင်သူအချင်းချင်း မပြေလည်တာလေးတွေ ရှိပါ တယ်။ အဲဒါလေးတွေ ဖြေရှင်းပြီးရင်တော့ အကုန်စွန့်လွှတ်ပေးနိုင်ပြီ'' ဟု ဒေါက်တာစိုးသန်းက ပြောသည်။

လယ်ယာမြေဧက ၁,၉ဝဝ ကျော်ကို မူလတောင်သူများထံ လယ်ယာမြေ လုပ်ကိုင်ခွင့် လက်မှတ် ဖြစ်သော ပုံစံ (၇) ၊ ပုံစံ (၃) များ တစ်ခါတည်း ထု တ်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းအတွင်းရှိ အခြား သိမ်းဆည်းခံထားရ သည့် လယ်ယာမြေများကိုလည်း စစ်ဆေးမှုများဆောင်ရွက်လျက်ရှိပြီး
မြေယာသိမ်းဆည်းထားသည့်ဌာနများကို ပြန်လည်စွန့်လွှတ်ပေးရန် မေးမြန်းထားပြီးဖြစ်ကာ မူလတောင်သူများကို ပြန်လည် စွန့်လွှတ်ပေးနိုင်ရန်ေ ဆာင်ရွက်သွားမည်ဟု ၄င်းက ပြောသည်။

''ကျွန်တော်တို့တိုင်းအစိုးရက လယ်ယာမြေပြဿ နာတွေနဲ့ပတ်သက်ပြီး တ ကယ်မြေပြင်ကိုကွင်း ဆင်းစစ်ဆေးတာ အားနည်းနေသေးတယ်။ အဲဒီတော့ တကယ်တောင်သူတွေ ဘာအခက်အခဲ တွေနဲ့ကြုံတွေ့နေရတယ်ဆို မသိ ဘူး။ အခုအချိန်အထိ တောင်သူတွေမှာ သိမ်းဆည်းလယ်ယာမြေတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနအသီးသီးက တရားစွဲဆိုတာ ခံနေရသေး တယ်။ မန္တလေးတိုင်းမှာ သိမ်းဆည်းလယ်ယာ မြေဧကပေါင်း အများကြီး ရှိ ပါတယ်''ဟု တောင်သူအရေးလိုက်ပါ ဆောင်ရွက်ပေးနေသည့် ကိုအေးသိန်း က ဆိုသည်။

လက်ရှိတွင် တိုင်းဒေသကြီးအတွင်း သိမ်းဆည်း လယ်ယာမြေများနှင့် ပတ် သက်ပြီး ပုဒ်မ ၅ဝ၅၊ ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇ တို့ဖြင့် တောင်သူများကို ဖမ်း ဆီးခြင်းများရှိနေပြီး ယင်းတရားစွဲဆိုခံထားရ သည့်တောင်သူများ ပြန်လည် လွတ်မြောက်ရန်အတွက် တောင်သူများစုပေါင်းပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့အား ဆန္ဒဖော်ထုတ်တောင်းဆိုခြင်းများကိုလည်း လွန်ခဲ့သော လက ပြု လုပ်ခဲ့သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service