အိမ်တွင်း စိုက်ပျိုး၍ အကောင်းဆုံးအပင်များ

အိမ်တွင်း စိုက်ပျိုး၍ အကောင်းဆုံးအပင်များ - Property Knowledge in Myanmar from iMyanmarHouse.com
7 Mar 2017 11:18 am တွင် တင်ခဲ့သည်
3503 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

တစ်ချို့ကတော့ အပင်လေးတွေကို အိမ်တွင်းအလှဆင်ရုံ သက်သက်စိုက်ကြပါတယ်။ ဒါပေမဲ့ ဒီအပင်လေးတွေဟာ အိမ်ခန်းများကို စိမ်းစိမ်းစိုစိုနဲ့ လှပရုံတင်မကဘူး၊ လေကိုပါသန့်စင်စေပါတယ်။ အပင်လေးတွေကိုဂရုစိုက်ရင်းနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။

၂၀၀၈ ခုနှစ်က ဒတ်ခ်ျသုတေသနသမားတွေရဲ့ လေ့လာချက်အရ
အခန်းတွင်း အပင်ရှိတဲ့ ဆေးရုံက လူနာတွေဟာ မရှိတဲ့လူနာတွေ
ထက် စိတ်ဖိစီးမှုလျော့နည်းကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အိမ်တွင်းစိုက်ပျိုးလို့ကောင်းတဲ့ ပန်းပင် အချို့ကို
တင်ပြလိုက်ပါတယ်။ လွယ်လွယ်ကူကူစိုက်ပျိုးလို့ရပြီး လေထုထဲမှာ အောက်ဆီဂျင်ဓာတ်ကို
မြင့်မားစေတဲ့ အပင်မျိုးတွေ ဖြစ်ပါတယ်။

"ရှားစောင်းလက်ပတ်"

ရှားစောင်းရဲ့အနှစ်ဟာ ဆေးဖက်ဝင်တာကို အားလုံးသိပြီးသားပါ။ အခန်းတွင်း ဓာတုပစ္စည်းတွေကထွက်တဲ့ မသန့်ရှင်းတဲ့လေကို သူက ဖယ်ရှားပေးနိုင်ပါတယ်။ အန္တာရယ်ရှိတဲ့ ဓာတုပစ္စည်းထဲက
လေတွေဟာ အလွန်အကျွံဖြစ်လာပြီဆိုရင်တော့ သူရဲ့အရွက်တွေဟာ
အညိုကွက်ပျောက်လေးတွေ ဖြစ်လာပါတယ်။

"ဝါးပင်"

ဝါးပင်လေးတွေဟာ အိမ်တွင်းမှာ အလွန်ဆွဲဆောင်မှုရှိပါတယ်။ လေသန့်စင်မှု 8.4 ရှိတဲ့ အပင်လေးတွေအဖြစ် နာဆာက သတ်မှတ်ထားပါတယ်။ Benzene နဲ့ Trichloroethylene လို ဓာတုပစ္စည်းတွေကို ဆုပ်ယူပေးပါတယ်။ ရေကောင်းကောင်းလောင်းဖို့လိုပြီး နေရိပ်ထဲမှာ ထားရပါတယ်။ ဒါမှမဟုတ် နေကို တိုက်ရိုက်မရတဲ့ နေရာမှာ ထားရပါတယ်။

"ရာဘာပင်"

ရာဘာပင်ဟာ လေကိုသန့်စင်စေပါတယ်။ စိုက်ပျိုးလို့ အလွယ်ဆုံးအပင်လည်း ဖြစ်ပါတယ်။ အလင်းမှိန်မှိန်ထဲမှာတောင် ရှင်သန်ပါတယ်။ အကြမ်းပတမ်းခံပြီး လေထဲက အဆိပ်အတောက်ကို ဖယ်ရှားရာမှာ အားကောင်းပါတယ်။

"နဂါးစက်ဂမုန်း"

စိုက်ပျိုးဖို့ အလင်းရောင်များများ၊ ရေများများမလိုပါဘူး။ အိမ်ထောင့် ဘယ်နားချ ထားထားပါ။ ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ပြီး ညဘက်မှာ အောက်စီဂျင်ထုတ်ပေးတဲ့ အပင်ပါ။ အိပ်ခန်းထဲ ထားသင့်တဲ့အပင်မျိုးပါ။

"English Ivy''

လေထုသန့်စင်မှုအပေးဆုံး နံပါတ်တစ်အပင်အဖြစ် နာဆာက သတ်မှတ်ထားပါတယ်။ ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့ကို စုပ်ယူရာမှာ အထိရောက်ဆုံးဖြစ်ပါတယ်။ ကြမ်းပြင်တွေ၊နံရံတွေမှာ တွယ်ကပ်ပေါက်တတ်တဲ့အပင်မျိုး ဖြစ်ပါတယ်။
အိမ်ရဲ့ဆင်ဝင်တို့၊ မျက်နှာစာတို့မှာ အလှဆင်တတ်ကြပါတယ်။ လွယ်လွယ်ကူကူပဲ ရှင်သန်ပါတယ်။

ဒီထဲမှာပါတဲ့ တစ်ချို့အပင်တွေကို နာဆာ သိပ္ပံပညာရှင်တွေက လေထုအသန့်စင်ဆုံး အိမ်တွင်းစိုက်ပျိုးပင်တွေအဖြစ် သတ်မှတ်ထားပါတယ်။

Credit : Feng Shui 101
အိမ်တွင်း စိုက်ပျိုး၍ အကောင်းဆုံးအပင်များ - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်တွင်း စိုက်ပျိုး၍ အကောင်းဆုံးအပင်များ - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်တွင်း စိုက်ပျိုး၍ အကောင်းဆုံးအပင်များ - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်တွင်း စိုက်ပျိုး၍ အကောင်းဆုံးအပင်များ - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်တွင်း စိုက်ပျိုး၍ အကောင်းဆုံးအပင်များ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...

စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service