ထိုင်ဝမ်တွင် ကာဗွန်စုပ်ယူသည့် ထူးဆန်းသော အဆောက်အအုံကြီး ဆောက်လုပ်လျက်ရှိ

ထိုင်ဝမ်တွင် ကာဗွန်စုပ်ယူသည့် ထူးဆန်းသော အဆောက်အအုံကြီး ဆောက်လုပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
6 Mar 2017 11:50 am တွင် တင်ခဲ့သည်
1416 ကြိမ် ကြည့်ရှု့ပြီး
ပဲရစ်အခြေစိုက် ဗိသုကာပညာရှင် ဗင်းဆင့် ကာလီဘောက်ထ်က
သူ၏ အဆောက်အအုံများကို အများသူငါ ပုံမှန်တွေ့မြင်နေကြမျိုးထက် ပိုမိုထူးခြားစေရန် လိုလားသူတစ်ဦးဖြစ်သည်။

သူ၏အမြင်ကား ရည်မှန်းချက်ကြီးလှသည်ဟု ဆိုနိုင်၏။
သူ၏မျှော်မှန်းချက်မှာ ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ရန်အတွက် စွမ်းအင်ခြွေတာပြီး ကာဗွန်စုပ်ယူသည့် ယဉ်ကျေးမှုတစ်ရပ်ကို ထူထောင်ရန် ဖြစ်လေသည်။

“ပိုမိုကောင်းမွန်တဲ့ အနာဂတ်ပေါ်ပေါက်လာစေဖို့အတွက် ကျွန်တော်မျှော်လင့်ချက်ပေးချင်ပါတယ်” ဟု ကာလီဘောက်ထ်က ပြောကြားသည်။

ထိုင်ဝမ်၏ မြို့ တော်တိုင်ပေတွင် လက်ရှိဆောက်လုပ်လျက်ရှိသော အဆောက်အအုံကြီးမှာ ဂေဟဗေဒနှင့် သဟဇာတဖြစ်မည့် စိတ်ကူးပုံဖော်မှုများအနက် တစ်ခုအပါအဝင် ဖြစ်လေသည်။
အဆောက်အအုံ၏အမည်မှာ တောက်ကျုယင်ယွမ်ဖြစ်ပြီး
တောက်ကျုရိပ်ငြိမ်ဟု အဓိပ္ပာယ်ရသည်။

တောက်ကျုရိပ်ငြိမ်ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် အပြီးသတ်ဆောက်လုပ်ရန် ရည်မှန်းထားပြီး သစ်ပင်ပေါင်း
၂၃၀၀၀ ခန့်အပြင် ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းလျက် တည်ဆောက်သွားမည် ဖြစ်သည်။
ကာလီဘောက်ထ်က မြို့ ပေါ်တောအုပ်အသွင် တည်ဆောက်ရန် ရည်မှန်းထားပြီး ခရုပတ်သဏ္ဍာန်အောက်ခြေမှ ထိပ်ဖျားအထိ ပတ်လိမ်ကာ တည်ဆောက်မည် ဖြစ်သည်။

ရည်မှန်းချက်အတိုင်း အပြည့်အဝအကောင်အထည်ပေါ်မည်ဆိုပါက တောက်ကျုရိပ်ငြိမ်ရှိ သစ်ပင်များသည် နှစ်စဉ် ကာဗွန်ဒိုင် အောက်ဆိုက် CO2 တန်ချိန် ၁၃၀ ခန့်အထိ စုပ်ယူနိုင်မည်ဖြစ်ပြီး ယင်းပမာဏမှာ ကား ၂၇ စင်းမှ တစ်နှစ်တာ ကာဗွန်ထုတ်လွှတ်မှု ပမာဏနှင့် တူညီလေသည်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရ ထိုင်ဝမ်သည် ၂၀၁၄ ခုနှစ်အတွင်း CO2 တန်ချိန် သန်း ၂၅၀ ထုတ်လွှတ်ခဲ့သည်ဟု
ဆိုသည်။ကမ္ဘာကြီးပူနွေးမှုကို ရင်ဆိုင်ရန်အတွက် ယခုစီမံကိန်းမှာ သေးငယ်သည့်ခြေလှမ်းတစ်ရပ်သာဖြစ်သော်လည်း ကြီးမားသည့် စိတ်ကူးစိတ်သန်းတစ်ရပ် ဖြစ်သည်ဟု
ကာလီဘောက်ထ်က အခိုင်အမာပြောကြားသည်။

အဆောက်အအုံမှာ ၂၁ ထပ်အမြင့်ရှိပြီး နေထိုင်မည့်သူများ
အနေဖြင့် စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်မည့် နည်းလမ်းများကို အခြေခံကာ ဆောက်လုပ်လျက်ရှိသည်။

သဘာဝအလင်းရောင်ကို အသုံးပြုမှုနှင့် လေဝင်လေထွက်ကောင်းမွန်မှု
တို့ကို အဓိကဦးတည်ကာ ဒီဇိုင်းရေးဆွဲထားသည်ဟု ဆိုသည်။ မိုးရေကို အသုံးပြုသည့်စနစ်နှင့် ဆိုလာပြားများတပ်ဆင်ကာ နေစွမ်းအင်အသုံးပြုမှုစနစ်တို့လည်း ထည့်သွင်းထားသည်။

နာမည်ကျော် ဂေဟသဟဇာတ အဆောက်အအုံစီမံကိန်းများစွာ၏ နောက်ကွယ်တွင် ကာလီဘောက်ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ
ကြာခဲ့ပြီဖြစ်သည်။ဥရောပရှိ မြစ်ကြီးများကို သန့်ရှင်းစေရန် ရည်ရွယ်သည့် ရေပေါ်ဥယျာဉ်များမှသည် သမုဒ္ဒရာအတွင်းရှိ
အမှိုက်များဖြင့် ဖန်တီးပြုလုပ်ထားသည့် ရေအောက်မိုးမျှော်တိုက်များအထိ ပါဝင်သည်။

ထို့အပြင် ကာလီဘောက်သည် နယူးယောက်မြို့ တော်တွင် ၁၃၂ ထပ်အမြင့်ရှိ မြို့ ပြယာခင်းတည်ဆောက်ရန်လည်း စီစဉ်လျက်ရှိသည်။
ပဲရစ်မြို့ ကြီးကိုလည်း အလင်းမြို့ တော်အဖြစ်မှ စိမ်းလန်းစမတ်မြို့ တော်
အဖြစ် ၂၀၅၀ ပြည့်နှစ်အရောက်တွင် အသွင်ပြောင်းနိုင်ရန် ကာလီဘောက်က စီမံကိန်းများ ရေးဆွဲထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထိုင်ဝမ်တွင် ကာဗွန်စုပ်ယူသည့် ထူးဆန်းသော အဆောက်အအုံကြီး ဆောက်လုပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service