အောင်မြင်မှု အတွက် ကြိုးပမ်းရာမှာ လိုက်နာသင့်သည့် အချက် (၅) ချက်

အောင်မြင်မှု အတွက် ကြိုးပမ်းရာမှာ လိုက်နာသင့်သည့် အချက် (၅) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
6 Mar 2017 11:29 am တွင် တင်ခဲ့သည်
1304 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ဘဝ ပန်းတိုင်သို့ လျှောက်လှမ်းရာမှာ ပိုမို မြန်ဆန်စွာ တိုးတက်ချင်သူများအတွက် ပေါင်းသင်းဆက်ဆံရေး နည်းလမ်းများနှင့် လိုက်နာထားရှိသင့်သော စိတ်ဓာတ်များဖြစ်ပါသည်။

ပူးပေါင်းဆောင်ရွက်မှု

အလုပ်လုပ်ရာတွင် တစ်ဖက်လူအပေါ် ယုံကြည်သင့်သလောက် ယုံကြည်တတ်ဖို့ လိုပါသည်။ အလုပ်ကိစ္စတင် မဟုတ်ဘဲ အခြား လူမှုရေးကိစ္စများတွင် အခြားလူများနှင့် တွဲဖက်လုပ်ဆောင်တတ်ရပါမယ်။ တစ်ယောက်နဲ့ တစ်ယောက်အကြား ရှိသင့်သည့် အပြန်အလှန် လေးစားမှုနှင့် ယုံကြည်မှု ရှိလျှင် အလုပ်အတွက် အားစိုက်ထုတ်ပြီး ညီညွှတ်မှု ရှိသည့်အတွက် အလုပ်မြန်မြန်ပြီး၍ မိမိ ကြံစည်ထားသမျှလည်း အောင်မြင်နိုင်ပါသည်။

ကိုယ်နှုတ် အမူအရာစောင့်စည်းမှု

မိမိပြောချင်ရာ စကားကို လက်လွှတ်စပယ်ပြောခြင်းမျိုး မပြုသင့်ဘဲ တစ်ဖက်လူ စိတ်ဝင်စားမှုကို အရင် လေ့လာသင့်ပါသည်။ ပြီးမှ မိမိပြောချင်သည့် အကြောင်းအရာကို ဆက်စပ် ပြောဆိုသင့်ပါသည်။ လူတစ်ယောက်အကြောင်းကို ဂဃနဏသိအောင် သေချာ မလေ့လာဘဲနှင့် ထိုလူနှင့် တရင်းတနှီး ပြောဆိုဆက်ဆံခြင်း မပြုသင့်သလို မိမိအကြောင်း မသိသူအား မိမိအလုပ် နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္ဂ္စများကို ဖွင့်ဟပြောဆိုတိုင်ပင်ခြင်းမျိုး မပြုသင့်ပါဘူး။ ထို့ပြင် လူတစ်ယောက်အကြောင်း မည်မျှပင် သိထားသည်ဖြစ်စေ မိမိအား ထိုလူအကြောင်း မမေးမြန်းဘဲနှင့် ပြောခြင်း၊ အပြုသဘောဆောင်သော စကားဖြစ်ဖြစ်၊ အပျက်သဘောဆောင်သော စကားဖြစ်ဖြစ် ပြောသင့်၊ မပြောသင့် မစဉ်းစားဘဲ ပြောဆိုခြင်းမျိုးကို မပြုသင့်ပါဘူး။ အနေအထိုင် သိုသိုသိပ်သိပ်ဖြင့် အမြဲတမ်း နိုးနိုးကြားကြားရှိပြီး ဆင်ဆင်ခြင်ခြင် နေသင့်ပါသည်။

မိမိရည်မှန်းချက်ခိုင်မာမှု

ဘဝတစ်လျှောက် အခြားလူတွေရဲ့ အားပေးမှု၊ လူကြိုက်များမှု၊ မြောက်ပင့် ပြောဆိုမှုတွေ နောက် မလိုက်ဘဲ မိမိလုပ်သင့် လုပ်ထိုက်သည်များကို အမှန်အတိုင်း လုပ်ဆောင်တတ်ရပါမည်။ မိမိ အောင်မြင်မှုပန်းတိုင်ကို ပြတ်ပြတ်သားသားသိပြီး လမ်းတစ်ဝက်မှာ စိတ်မယိမ်းယိုင်ဘဲ ပန်းတိုင်ကို တန်းတန်းမတ်မတ် ရောက်အောင် သွားတတ်ရပါမည်။ မိမိ ကိုယ်စွမ်း ကိုယ်စနှင့် ကျွမ်းကျင်မှု တို့ကို မိမိ ကိုယ်တိုင်က အကြွင်းမဲ့ယုံကြည်မှု ရှိနေအောင် အမြဲတမ်း ကြိုးစားနေရပါမည်။

အကူအညီ

သူတစ်ပါးက ပေးသည့် အကူအညီကို မလိုအပ်ဘဲ လက်မခံသင့်သလို သူတစ်ပါးက အကူအညီမတောင်းဘဲ မိမိဆန္ဒဖြင့် အတင်း ဝင်ကူညီတာမျိုးကိုလည်း မပြုသင့်ပါဘူး။ နောက်ပြီး တစ်ဖက်လူ မိမိကို နှစ်သက်စေချင်၊ မိမိကို ပိုခင်မင်စေချင်သည့် စိတ်ဖြင့် မဆောင်ရွက်ဘဲ မိမိ စိတ်ထဲက တကယ်ပါမှ စေတနာသန့်သန့်ဖြင့် ကူညီဆောင်ရွက်ပေးပါ။ မိမိ၏ ဖြူစင်သည့် စေတနာကို အလွဲသုံးစား လုပ်တတ်တဲ့သူတွေကို ရှောင်ကြဉ်တတ်ဖို့လည်း လိုအပ်ပါတယ်။ အခြားသူတွေရဲ့ မှန်ကန်သည့် စေတနာကို အလွဲသုံးစားလုပ်ခြင်းမျိုး မပြုသင့်ပါဘူး။ မိမိဆန္ဒ မပါရင်တောင် တန်ဖိုးထားပြီး အထိုက်အလျောက် လေးစားသမှု ရှိရပါမည်။

ဂုဏ်သိက္ခာ

မိမိ တန်ဖိုးထား၊ မြတ်နိုးသည့် အရာများကို အခြားသူတစ်ယောက်က စော်ကားခြင်း၊ ဂုဏ်သိက္ခာတွေကို ထိပါးလာခြင်းကို လက်မခံသင့်၊ စကားဖြင့် ပြောဆိုခွင့်ကိုတောင် မပေးထားသင့်ပါဘူး။ မိမိကိုယ်ကို၊ မိမိ ပြုသမျှအလုပ် နှင့် အဆင့်အတန်းကို ကိုယ်တိုင် တန်ဖိုးထားတတ်ဖို့ အရေးကြီးပါတယ်။

Source : Entrepreneur

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service