ဥတ္တရသီရိမြို့နယ်အတွင်း မြေဧက ရှစ်ရာကျော်ကို သစ်တောမြေမှ ပယ်ဖျက်ပေးမည်

ဥတ္တရသီရိမြို့နယ်အတွင်း မြေဧက ရှစ်ရာကျော်ကို သစ်တောမြေမှ ပယ်ဖျက်ပေးမည် - Property News in Myanmar from iMyanmarHouse.com
3 Mar 2017 11:40 am တွင် တင်ခဲ့သည်
1674 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်အတွင်းရှိ မြေဧက ရှစ်ရာေ ကျာ်ကို ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် အမိန့်ကြော်ငြာစာ မူ ကြမ်းကို စိစစ်နေပြီး ပြီးစီးပါက သစ်တောမြေမှ ပယ်ဖျက်ပေးမည်ဟု သယံ ဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးပြည်ထောင်စု ၀န်ကြီး ဦးအုန်း ၀င်းက ဖေဖော်ဝါရီ ၂၈ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြော ကြားသည်။

နေပြည်တော်ကောင်စီအ တွင်း ပယ်ဖျက်ပေးရမည့် သစ် တောနယ်မြေဧ က ခြောက်ထောင့် ရှစ်ရာကျော်ရှိသည့်အနက် အမှန်တကယ် ပယ်ဖျက်ပေး ရမည့် မြေ ဧကများကို ထပ်မံစိစစ်နေပြီး ယင်းအနက်မှ ၈၀၇ ဧကကျော် ကို ကနဦးပယ်ဖျက်ပေးရန် စီစဉ်နေကြောင်း ပြည်ထောင်စု ၀န်ကြီးက ပြော ကြားသည်။

ယခုနှစ်အတွင်း ဥတ္တရသီရိ မြို့နယ်မှ ကနဦးပယ်ဖျက်ပေးရန် လျာထားေ သာ မြေဧကရှစ်ရာကျော်မှာ ရွာမြေ၊ လယ်မြေ၊ သာသနာမြေနှင့် အများ ပိုင်မြေ များဖြစ်သည်။

ကျန်ရှိနေသော မြေများအနက် ယာမြေဧက ၁,၅၀ ကျော်ကို သစ်တောေ ရာနှော စိုက်ပျိုးခြင်း နည်းစနစ်ဖြင့် ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တော တည်ထောင် ခွင့်ပြုပြီး မြေဧက ငါးဆယ်ကျော် ကို ဥယျာဉ်ခြံမြေ အဖြစ် နှစ် ရှည် ငှားရမ်း လုပ်ကိုင်ခွင့်ပြုမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြော ကြား သည်။

ကျန်ရှိနေသည့် မြေဧကသုံး ထောင်ကျော်ကို မည်သို့လုပ် ဆောင်မည် ကို ဖြေကြားခြင်းမရှိခဲ့သော်လည်း ပြည်ထဲရေးအမည်ပေါက်သောကျေးရွာ ၆၁ ရွာကို ပြောင်းရွှေ့ခြင်းမပြုဘဲ သီးနှံရောနှောတော(သို့မဟုတ်)အစု အဖွဲ့ ပိုင်သစ်တောများထူထောင်၍ ထိန်းသိမ်းကာကွယ်သွားမည်ဟု ၀န်ကြီး က ပြောသည်။

ယခင်အစိုးရလက်ထက် တွင် တစ်နိုင်ငံလုံး၏ သစ်တောဖုံး လွှမ်းမြေ ၃၀ ရာခိုင်နှုန်းအားကြိုး ပြင်၊ ကြိုးဝိုင်းကာကွယ်တောနှင့် ဘေးမဲ့တော အဖြစ် သတ်မှတ်ရန် လျာထားခဲ့သော်လည်း ၂၄ရာခိုင် နှုန်းကျော်သာ ဖွဲ့စည်းနိုင်ခဲ့ ကာ ယင်းအနက် ၂ရာခိုင်နှုန်းခန့်ကို သစ်တောမြေမှ ပယ်ဖျက်ပေးခဲ့ သည်။

သစ်တောမြေမှ ပယ်ဖျက် လိုက်သည့် တစ်နိုင်ငံလုံးစာရင်း တွင် ကျေးရွာမြေ အဖြစ် ဧကနှစ် သောင်းကျော်၊ လယ်မြေအဖြစ် ဧက နှစ်သိန်းကျော်၊ ကျေး လက် ကျန်းမာရေးနှင့် ဆေးပေးခန်း စသည့်အများပိုင်မြေနှင့် သာသ နာမြေ များအဖြစ် ဧကနှစ်သောင်း ကျော် စုစုပေါင်းဧက သုံးသိန်းခွဲ ခန့်ရှိသည်။

သစ်တောပြုန်းတီးမှုအများ ဆုံးဖြစ်ပေါ်ခဲ့သည့် ငါးနှစ်တာအတွင်း (၂၀၁၁ ဧပြီမှ ၂၀၁၆ ဧပြီ)အတွင်း ဖျက်သိမ်းခဲ့ရသည့် သစ်တောမြေဧက ရှစ်သိန်း ခန့် ရှိ ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီး ဌာနက သတင်းထုတ်ပြန်ထား သည်။

ငါးနှစ်အတွင်း ကမ္ဘာ့သစ် တောပြုန်းတီးမှု အများဆုံးနိုင်ငံ စာရင်းတွင် မြန် မာနိုင်ငံက ယခင် အဆင့် (၄)နေရာမှ အဆင့် (၃)သို့ တက်လာခဲ့သည်။ ယင်းကာလအ တွင်း သစ်တောမြေမှာ ဧက ၇၈၀,၀၀၀ကျော် ရှိသော် လည်း ပြန်လည်ဖွဲ့စည်းနိုင်သည့် ပမာဏ မှာ ယင်းပမာဏ၏ ထက်ဝက်ခန့် ပင်မရှိကြောင်း ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service