အငှားအိမ်ရာဆောက်ဖို့ လာမယ့်နှစ်အတွက် ဘတ်ဂျက်ချပေးတာ မရှိသေးဟုဆို

အငှားအိမ်ရာဆောက်ဖို့ လာမယ့်နှစ်အတွက် ဘတ်ဂျက်ချပေးတာ မရှိသေးဟုဆို - Property News in Myanmar from iMyanmarHouse.com
3 Mar 2017 11:13 am တွင် တင်ခဲ့သည်
850 ကြိမ် ကြည့်ရှု့ပြီး
လာမယ့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်မှာ အငှားအိမ်ရာ တည်ဆောက်ဖို့အတွက် ဘတ်ဂျက်သီးသန့် ချပေးတာမျိုး မရှိသေးဘူး လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရပါတယ် ။

ဆောက်လုပ်ရေး ဝန်းကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တန် ဖိုးမြင့် ၊ တန်ဖိုးသင့် ၊ တန်ဖိုးနည်း စတဲ့ အိမ်ရာတွေ တည်ဆောက်ြ ပီး ရောင်းချပေးနေသလို အငှားအိမ်ရာတွေ တည်ဆောက်ပြီး နှစ်ရှည် ငှား ရမ်းတာတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။

၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်ကစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုး ရတွေကို ပြည်ထောင်စုဘတ်ဂျက်ကျပ် ၄၆ ဘီလျံနဲ့ အငှားအိမ်ရာတွေ တည်ဆောက်ဖို့အတွက် ဘတ်ဂျက်ချပေးခဲ့ပြီး စုစုပေါင်း အိပ်ခန်းပေါင်း ၄၀၀၀ ကျော် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူး ချုပ် ဒေါ်အေးအေးမြင့် က ‘၂၀၁၅ - ၂၀၁၆ က ၄၆ ဘီလျံက တစ်တိုင်းပြည်လုံးအတွက် ချပေးခဲ့ တာပါ ၊ အကြမ်းဖျင်းပြောရရင် အခန်း ၄၀၀၀ ကျော် သိန်း ၁၀၀ ဝန်းကျင်မျိုး လုပ်ခဲ့တာ ၊ ဒီနှစ်အတွက်က အငှားအိမ်ရာ အတွက် သီးခြားချပေး တာ လောလောဆယ်တော့ မရှိသေးပါဘူး’ လို့ ပြောပါတယ် ။

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က အငှားအိမ် ရာ အဖြစ် ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဗန္ဓုလအငှားအိမ်ရာကို တည်ဆောက်ခဲ့ ပါတယ် ။ သည်အငှားအိမ်ရာက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် (၂) လမ်းမကြီးနဲ့ မဟာဗန္ဓုလလမ်းထောင့်က မြေ ၁၂ ဧကပေါ်မှာ တည်ေ ဆာက်ထားတာ ဖြစ်ပါတယ် ။ ဗန္ဓုလအိမ်ရာကို တစ်လ ကျပ် ၃၀,၀၀၀ နဲ့ ငှားရမ်းဖို့ စီစဉ်ထားတာဖြစ်ပါတယ် ။

မန္တလေးမြို့မှာ အောင်မြေသာစံမြို့နယ် ၁၂ လမ်းနဲ့ ၂၁ လမ်းကြားမှာလည်း အိမ်ခန်းပေါင်း ၁၅၀၀ ကျော်ပါဝင်တဲ့ အငှားအိမ်ရာကို တည်ဆောက်ခဲ့ပြီး အခန်းငှားခတွေကို ကျပ် ၃၅,၀၀၀ ကနေကျပ် ၁၅,၀၀၀ နဲ့ ငှားရမ်းဖို့ စီစဉ် ထားတာဖြစ်ပါတယ် ။

လက်ရှိအစိုးရလက်ထက် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငါးနှစ်စီမံကိန်းနဲ့ အငှားအိမ်ရာ စုစုပေါင်း ရန် ကုန်တိုင်းဒေသကြီးမှာ အိမ်ခန်းပေါင်း ၄၆၀၀ ခန့် ၊ မန္တလေးတိုင်းဒေသကြီး မှာ အိမ်ခန်းပေါင်း ၂၆၀၀ ခန့်တည်ဆောက်ဖို့ကိုလည်း လျာထားတယ်လို့ သိ ရပါတယ် ။ ငါးနှစ်အတွင်း အငှားချအိမ်ရာစုစုပေါင်း ၇၀၀၀ ခန့်တည်ေ ဆာက်ဖို့ လျာထားတာဖြစ်ပါတယ် ။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service