ကွန်ဒိုဥပဒေဆိုင်ရာ နည်းဥပဒေ မထွက်သေးသဖြင့် ကွန်ဒိုတိုက်ခန်းများ ရောင်းအားကျဆင်းနေဟုဆို

ကွန်ဒိုဥပဒေဆိုင်ရာ နည်းဥပဒေ မထွက်သေးသဖြင့် ကွန်ဒိုတိုက်ခန်းများ ရောင်းအားကျဆင်းနေဟုဆို - Property News in Myanmar from iMyanmarHouse.com
2 Mar 2017 12:35 pm တွင် တင်ခဲ့သည်
1076 ကြိမ် ကြည့်ရှု့ပြီး
ကွန်ဒိုဥပဒေတွင် နည်းဥပဒေထွက်ရှိရန် ကျန်ရှိနေသောကြောင့် ကွန်ဒိုတိုက် ခန်းတည်ဆောက်သူများ ရောင်းအားကျဆင်းနေရခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ က အတည်ပြုပြဋ္ဌာန်းသည့် စုပေါင်းပိုင် အဆောက်အအုံ ကွန်ဒိုဥပဒေတွင် နည်းဥပဒေထွက်ရှိရန် ကျန်ရှိနေသောကြောင့် ကွန်ဒို တည်ဆောက်သူလုပ်ငန်းရှင်များ အကျပ်တွေ့နေသည်။

‘‘ဈေးကွက်မှာ ရောင်းဖို့ စောင့်နေရတာတွေများတော့ နည်းဥပဒေထွက်ဖို့ ကျန်နေတော့အကုန်အကျပ်ရိုက်ကုန်တာ’’ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကွန်ဒိုဥပဒေတွင်ပါဝင်သည့် စတုရန်းပေ နှစ်သောင်းကျော် အကျယ်အဝန်းနှ င့် ရာခိုင်နှုန်း ၄၀ ကျော်ပါက နိုင်ငံခြားသားများ ကို ရောင်းချနိုင်သည် ဆို သည့် အချက်ကြောင့် အမြန်ဆုံးနည်း ဥပဒေ ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း IGreen ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုကျော်ကျော်နိုင်က ဆိုသည်။

စုပေါင်းပိုင်ဥပဒေ Condo Law ကို ၂၀၁၆ ဇန်နဝါရီ ၂၉ ရက် က နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ကြေညာသော်လည်း နည်းဥပဒေ ပြဋ္ဌာန်း ရန် လိုအပ်နေသည်။

၂၀၁၅ ဇန်နဝါရီ ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် စုပေါင်းအဆောက်အအုံဥပဒေ (ကွန်ဒိုဥပဒေ)အပေါ် အပိုဒ်လိုက် ဆွေးနွေးကာ ဥပဒေတစ်ခုလုံးကို အတည်ပြုပြီး ပြည်တွင်းရှိ ကွန်ဒိုအဆောက်အအုံတစ်ခု၏ အခန်းများအနက် ၄၀ ရာခိုင်နှုန်း ကို နိုင် ငံခြားသားများအား ရောင်းချခွင့်ရှိသည်ဟူသော အချက်အပါ အဝင် အတည်ြ ပုခဲ့သည်။

ရန်ကုန်မြို့တွင် ကွန်ဒိုအထပ်မြင့် တိုက်ခန်းများဆောက်လုပ်မှု များပြား လာသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက နောက်ဆုံးကောက်ယူ ထားသည့် စာရင်းများ အရ ကွန်ဒိုဝယ်ယူနိုင်သည့် အိမ်ထောင်စု သည် လေးသောင်းခန့်သာရှိပြီး ၎င်းတို့က ကွန်ဒိုများ ဝယ်ယူမှုမရှိ၍ ကွန်ဒိုတိုက်ခန်း ဈေးကွက်မှာ ယနေ့အထိ အေးစက်နေဆဲဖြစ်သည်။

လက်ရှိရန်ကုန်မြို့တွင် တည်ဆောက်ပြီး ကွန်ဒိုအများစု သည် နိုင်ငံခြား သားများ အနေဖြင့် ဝယ်ယူနေထိုင်နိုင်ခြင်းမရှိသည့် အပြင် ငှားရမ်းလို မှုနှုန်းပင် မရှိကြောင်း တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးကိုကိုထွေး က ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသားအများစုမှာ ကုမ္ပဏီဝန် ထမ်းနှင့် သာမန်အလယ်အလတ်လူတန်းစားများသာများပြီး ငွေကြေး သုံးစွဲနိုင်သည့် နိုင်ငံခြားသားမှာ နည်းပါးကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ၎င်းတို့သည် ဈေးသက်သာသော ရပ်ကွက်များရှိ တိုက်ခန်းများ တွင် သာ ငှားရမ်းနေထိုင်ခြင်းဖြစ်ကြောင်း ဦးကိုကိုထွေးက ဆက်လက်ပြော ကားသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service