ဟောင်းနွမ်းယိုယွင်းနေကာ မြေတူးစက်ဖြင့်ဖြိုချရတော့မည့် နေအိမ်တစ်လုံး လေလံပွဲတွင် ကန်ဒေါ်လာ ၄ သန်းနီးပါးဖြင့် ရောင်းထွက်

ဟောင်းနွမ်းယိုယွင်းနေကာ မြေတူးစက်ဖြင့်ဖြိုချရတော့မည့် နေအိမ်တစ်လုံး လေလံပွဲတွင် ကန်ဒေါ်လာ ၄ သန်းနီးပါးဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
28 Feb 2017 12:16 pm တွင် တင်ခဲ့သည်
1681 ကြိမ် ကြည့်ရှု့ပြီး
သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ မာရစ်ခ်ဗီလီအရပ်၊ ဂျော့ခ်ျ ၅ လမ်းတွင် တည်ရှိသော ဟောင်းနွမ်းယိုယွင်းနေကာ မကြာမီမြေတူးစက်ဖြင့် ဖြိုချရဖွယ်ရှိနေသည့် နေအိမ်တစ်လုံးကို
လေလံတင်ရောင်းချရာ ကန်ဒေါ်လာ ၃၈၁၃၀၀၀ ဖြင့် လေလံဆွဲဝယ်ယူသွားကြောင်း သြစတေးလျအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင်
ဖော်ပြသည်။

ယင်းဈေးနှုန်းမှာ ကြမ်းခင်းဈေးထက် များစွာများပြားလှသော ပမာဏဖြစ်နေပြီး ကြမ်းခင်းဈေးမှာ ကန်ဒေါ်လာ ၂ ဒသမ ၁ သန်း ဖြစ်ရာ ကြမ်းခင်းဈေးထက် ဒေါ်လာ ၁ ဒသမ ၇ သန်းကျော် ပိုမိုများပြားသည့်ဈေးနှုန်းဖြင့် ဝယ်ယူသွားခြင်း ဖြစ်သည်။

နေအိမ်ကိုဆောက်လုပ်ထားသည့် ဗိသုကာဟန်မှာ ဝိတိုရိယခေတ်ဟန် ဖြစ်ပြီး ဝင်ရောက်လေလံဆွဲသူ ၆ ဦးရှိခဲ့သည်။
“အိမ်ခြံမြေလောကမှာ ကျွန်တော်လုပ်ခဲ့တဲ့ ၃၇ နှစ်တာကာလအတွင်း ဒီနေ့လေလံဟာ ယှဉ်ပြိုင်မှုအပြင်းထန်ဆုံးတွေထဲက တစ်ခုပါပဲ” ဟု Oxford Real Estate မှ မိုက်ကယ် မာရာနိုက ပြောကြားသည်။

လေလံတင်သည့်ကုမ္ပဏီမှာ NSW Trustee and Guardian ဖြစ်သည်။
နေအိမ်တွင် အိပ်ခန်း ၄ ခန်း၊ စကျင်ကျောက်ဖြင့် ပြုလုပ်ထားသည့် မီးလင်းဖိုများစွာပါဝင်ပြီး မိသားစုတစ်ခုတည်းမှ နှစ်ပေါင်း ၉၀ ကျော် ပိုင်ဆိုင်ခဲ့သည်။

ယခုအခါတွင်မူ ဖြိုချကာ လူနေခန်းများဆောက်လုပ်ဖွယ်ရှိနေသည်။
လေလံပွဲတွင် မှတ်ပုံတင်ဝင်ရောက်ခဲ့သူပေါင်း ၁၉ ဦးရှိပြီး အများစုမှာ အိမ်ခြံမြေ developer များ ဖြစ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောင်းနွမ်းယိုယွင်းနေကာ မြေတူးစက်ဖြင့်ဖြိုချရတော့မည့် နေအိမ်တစ်လုံး လေလံပွဲတွင် ကန်ဒေါ်လာ ၄ သန်းနီးပါးဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
ဟောင်းနွမ်းယိုယွင်းနေကာ မြေတူးစက်ဖြင့်ဖြိုချရတော့မည့် နေအိမ်တစ်လုံး လေလံပွဲတွင် ကန်ဒေါ်လာ ၄ သန်းနီးပါးဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
ဟောင်းနွမ်းယိုယွင်းနေကာ မြေတူးစက်ဖြင့်ဖြိုချရတော့မည့် နေအိမ်တစ်လုံး လေလံပွဲတွင် ကန်ဒေါ်လာ ၄ သန်းနီးပါးဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
ဟောင်းနွမ်းယိုယွင်းနေကာ မြေတူးစက်ဖြင့်ဖြိုချရတော့မည့် နေအိမ်တစ်လုံး လေလံပွဲတွင် ကန်ဒေါ်လာ ၄ သန်းနီးပါးဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service