တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်ထုတ်လုပ်ရေးစခန်း (မြောက်ဥက္ကလာပအကျယ်အဝန်းခန့်ရှိ) တည်ဆောက်နေပုံကို နာဆာ၏ ဂြိုဟ်တုဓာတ်ပုံများအရတွေ့ရှိ

တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်ထုတ်လုပ်ရေးစခန်း (မြောက်ဥက္ကလာပအကျယ်အဝန်းခန့်ရှိ) တည်ဆောက်နေပုံကို နာဆာ၏ ဂြိုဟ်တုဓာတ်ပုံများအရတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
27 Feb 2017 11:52 am တွင် တင်ခဲ့သည်
2746 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ၊ တိဘက်ကုန်းမြင့်ဒေသတွင် ကမ္ဘာ့အကြီးမားဆုံး နေစွမ်းအင်ထုတ်လုပ်ရေးစခန်း
တည်ဆောက်လျက်ရှိပုံကို မကြာသေးမီရက်ပိုင်းက နာဆာမှ ထုတ်ပြန်လိုက်သော ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရှိခဲ့ရကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါ နေစွမ်းအင်ထုတ်လုပ်ရေးစခန်း၏ အကျယ်အဝန်းမှာ ၂၇ စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်သည်
ဟု ဆိုသည်။

ယင်းအကျယ်အဝန်းမှာ ရန်ကုန်မြို့မှ မြောက်ဥက္ကလာပမြို့နယ်နီးပါး ကျယ်ဝန်းသည့်ပမာဏဖြစ်နေသည်။
မြောက်ဥက္ကလာပမြို့နယ်မှာ ၂၈ ဒသမ ၃ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိသည်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း Qinghai ပြည်နယ်အတွင်းတည်ရှိပြီး Longyangxia Dam Solar Park ဟု အမည်ပေးထားသည်ဟု ဆိုသည်။
အဆိုပါနေစွမ်းအင်စခန်းအတွင်း ဆိုလာပြားပေါင်း ၄ သန်းကျော် တည်ရှိနေသည်ဟု ခန့်မှန်းထားသည်။

နာဆာအဖွဲ့ကြီး၏ Landsat 8 ဂြိုဟ်တုဖြင့် ဓာတ်ပုံရိုက်ယူရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းနေစွမ်းအင်စခန်းမှ ၈၅၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်စွမ်းရှိပြီး နေအိမ်ပေါင်း ၂၀၀၀၀၀ ကို ဓာတ်အားပေးနိုင်စွမ်းရှိသည်ဟု ဆိုသည်။

ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် နာဆာမှ ထုတ်ပြန်ခဲ့သည့်ဓာတ်ပုံများကို ဖေ့စ်ဘုတ်သုံးစွဲသူပေါင်းများစွာက
ပြန်လည်ဝေမျှခဲ့ကြသည်။

ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးက “အရမ်းအံ့သြစရာပါပဲ။ တရုတ်က ဒီလိုနည်းပညာမျိုးသုံးနေတာတွေ့ရတာ ကျွန်တော်ဝမ်းမြောက်မိပါတယ်” ဟု ရေးသားခဲ့သည်။

တွစ်တာတွင် အသုံးပြုသူတစ်ဦးက “တရုတ်အနေနဲ့ အာကာသအခြေစိုက် နေစွမ်းအင်စခန်းတွေတည်ဆောက်ပုံ စဉ်းစားသင့်ပါတယ်” ဟု ရေးသားဖော်ပြသည်။

အခြားတွစ်တာအသုံးပြုသူတစ်ဦးကမူ ဥရောပအာကာသအေဂျင်စီ၏ Sentinel-2 ဂြိုဟ်တုမှ ရိုက်ယူထားသော နေစွမ်းအင်စခန်းဓာတ်ပုံကို ဖော်ပြခဲ့သည်။
ဖေ့စ်ဘုတ်နှင့်တွစ်တာမှာ တရုတ်နိုင်ငံတွင် အသုံးပြုခွင့်ပိတ်ပင်ထားသော လူမှုကွန်ရက်များဖြစ်ကြသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် နေစွမ်းအင်ထုတ်လုပ်မှုအကြီးမားဆုံးနိုင်ငံဖြစ်ပြီး ၂၀၁၆ နှစ်ကုန်အထိ မဂ္ဂါဝပ် ၇၇ ဒသမ ၄ သန်း ထုတ်လုပ်နိုင်မည့် ဆိုလာပြားများ တပ်ဆင်ခဲ့ပြီး ဖြစ်သည်။
၂၀၁၆ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် နေစွမ်းအင်ထုတ်လုပ်ရေးစခန်းများမှ လျှပ်စစ်စွမ်းအင် ၆၆ ဒသမ ၂ ဂီဂါဝပ် ထုတ်လုပ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်ထုတ်လုပ်ရေးစခန်း (မြောက်ဥက္ကလာပအကျယ်အဝန်းခန့်ရှိ) တည်ဆောက်နေပုံကို နာဆာ၏ ဂြိုဟ်တုဓာတ်ပုံများအရတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်ထုတ်လုပ်ရေးစခန်း (မြောက်ဥက္ကလာပအကျယ်အဝန်းခန့်ရှိ) တည်ဆောက်နေပုံကို နာဆာ၏ ဂြိုဟ်တုဓာတ်ပုံများအရတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်ထုတ်လုပ်ရေးစခန်း (မြောက်ဥက္ကလာပအကျယ်အဝန်းခန့်ရှိ) တည်ဆောက်နေပုံကို နာဆာ၏ ဂြိုဟ်တုဓာတ်ပုံများအရတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်ထုတ်လုပ်ရေးစခန်း (မြောက်ဥက္ကလာပအကျယ်အဝန်းခန့်ရှိ) တည်ဆောက်နေပုံကို နာဆာ၏ ဂြိုဟ်တုဓာတ်ပုံများအရတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service