ရှမ်းပြည်နယ်အတွင်း လုပ်ငန်းများလုပ်ကိုင်ရန် ကုမ္ပဏီများက မြေ လွတ်၊ မြေရိုင်းများ ရယူထားပြီး အမှန်တကယ် လုပ်ကိုင်ခြင်း မရှိသည့် မြေ များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြန်လည်စိစစ်မည်ဖြစ်သည်။
ရှမ်းပြည်နယ်အတွင်း မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက် ပျိုးေ ရး၊ မွေးမြူရေး၊ ဓာတ် သတ္တုနှင့် အခြားလုပ်ငန်းများလုပ် ကိုင်ဆောင်ရွက်ရန် ယခင်အစိုးရ အဆက်ဆက်က လျှောက်ထားခဲ့ ပြီး လုပ်ပိုင်ခွင့်ရရှိခဲ့သည့် ဦးရေ ၈၇၂ ဦးအထိရှိသည်ဟု ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ စီမံကိန်းနှင့် စီးပွားရေးဝန် ကြီးဦးစိုးညွန့်လွင်က ပြောသည်။
ရှမ်းပြည်နယ်အတွင်း (ရှမ်း တောင်၊ ရှမ်းမြောက်၊ ရှမ်းအရှေ့) စုစုပေါင်ြးေ မဧကလေးသိန်းကျော်(၄၃၂၉၆၉ ဒသမ ၁၂)ဧကကို ရ ယူထားကြပြီး အမှန်တကယ်လုပ်ငန်းဖော်ဆောင်ခဲ့သည့်ဧကတစ်သိန်းကျော် (၁၂၂,၆၉၆) ဧကသာရှိသည်ဟု ဦးစိုးညွန့်လွင်က ပြောကြားသည်။
‘‘အမှန်တကယ်က ဥပဒေအ ရလုပ်ပိုင်ခွင့်ရမြေကို စတင်ခွင့်ပြု တဲ့နေ့က စတင်ပြီး လေးနှစ်အ တွင်း သတ်မှတ်ချက်အတိုင်းလုပ် ငန်းပြီးစီးသည် အထိ ဖော်ထုတ် လုပ်ကိုင်ရမှာဖြစ်တယ်။ မူလခွင့် ပြုကာလ ထက် ကျော် လွန်တဲ့ အ ထိ ဖော်ထုတ်လုပ်ကိုင်အသုံးပြု ခြင်းမရှိသေးဘဲ မြေလွတ်၊ မြေ လပ်နဲ့ မြေရိုင်းများကို နည်းဥပဒေ ပုဒ်မ ၂၂(ဂ)အရ နိုင်ငံတော် က ပြန် လည် သိမ်းယူပြီးဖြစ်တယ်’’ဟု ၎င်းက ပြောသည်။
ရှမ်းပြည်နယ်အစိုးရသည် အမှန်တကယ်လုပ်ငန်းအကောင် အထည်ေ ဖ်ာဆောင်ခြင်းမပြုသည့်ဧကသုံးသိန်းကျော်ကို ဥပဒေပုဒ်မ ၂၂(ဂ)အ ရ ဆောင်ရွက်မည်ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံးက ထုတ်ပြန်ထားသည်။
ပြန်လည်စိစစ်သိမ်းဆည်း ဆောင်ရွက်မည့် မြေဧကသုံးသိန်း ကျော်ကို ဗဟို လယ်ယာမြေအသုံးချမှု စီမံခန့်ခွဲမှုကော်မတီသို့ ပြန်လည်တင်ပြမည်ဟု ဦး စိုးညွန့်လွင်က ပြောသည်။
Credit: 7DayDaily