ကမ္ဘောဒီးယားတွင် တရုတ်ပိုင်ရွီဖန်သကြားကုမ္ပဏီနှင့် မြေယာအငြင်းပွားမှုအတွက် နတ်များထံတွင် တောင်းပန်အသနားခံလျက်ရှိ

ကမ္ဘောဒီးယားတွင် တရုတ်ပိုင်ရွီဖန်သကြားကုမ္ပဏီနှင့် မြေယာအငြင်းပွားမှုအတွက် နတ်များထံတွင် တောင်းပန်အသနားခံလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
27 Feb 2017 11:39 am တွင် တင်ခဲ့သည်
943 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားနိုင်ငံ၊ ပရီယာ ဗီဟာပြည်နယ်ရှိ ကျေးရွာ ၂ ခုတွင် ရွာသားပေါင်း ၃၀၀ ခန့်သည် ရိုးရာနတ်ပွဲများကျင်းပကာ တရုတ်ပိုင် ရွီဖန်သကြားကုမ္ပဏီနှင့် မြေယာအငြင်းပွားမှု အဆုံးသတ်စေရန် နတ်များထံတွင် တောင်းပန်အသနားခံလျက်ရှိကြကြောင်း ကမ္ဘောဒီးယားအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင်
ဖော်ပြသည်။

ကမ္ဘောဒီးယားအစိုးရက ရွီဖန်ကုမ္ပဏီကို ပရီယာဗီဟာပြည်နယ်အတွင်း
တွင် ကြံစိုက်ပျိုးရန်အတွက် ဟက်တာပေါင်း ၄၀၀၀၀ ခွင့်ပြုချက်ပေးခဲ့ရာ ရွီဖန်ကုမ္ပဏီက မြေယာရှင်းလင်းမှုများ လုပ်ဆောင်ရာ ဒေသခံရွာသားတို့က ၎င်းတို့၏ ဘိုးဘွားပိုင်မြေများ ဖြစ်ကြောင်း ပြောကြားကာ အငြင်းပွားမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ချေဆန်နှင့် တဘန် မီးန်ချေခရိုင်တို့ရှိ ကွေးလူမျိုးရွာသားတို့သည်
နိတအမည်ရှိ နတ်များကို ပူဇော်ကာ မြေယာအငြင်းပွားမှုကို ကူညီမှိုင်းမ
ပါရန် အသနားခံခဲ့ကြသည့်အပြင် ကျိန်စာတိုက်ခြင်းများလည်း ပြုလုပ်ခဲ့သည်။
အဆိုပါ နတ်ပွဲကျင်းပရန်အတွက် နွားခေါင်းတစ်ခု၊ ဝက်ခေါင်း ၂ ခုနှင့် သစ်သီးများ ဝယ်ယူခဲ့ရပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၅ ဒေါ်လာခန့် ကုန်ကျခဲ့သည်ဟု ဆိုသည်။

နတ်ပွဲကျင်းပရာတွင် ရွာသားတစ်ဦးကို နတ်ဝင်ပူးခဲ့သည်ဟု ဆိုသည်။
“နတ်မင်းတွေက ကျွန်တော်တို့ကို ပြောပါတယ်။ ရွာသားတွေအနေနဲ့ မြေယာပြန်ရဖို့တောင်းဆိုတဲ့နေရာမှာ စည်းစည်းလုံးလုံး လက်မတွဲဘူးဆိုရင် သူတို့လည်း မကူညီနိုင်ဘူးလို့ပြောပါတယ်” ဟု
အသက် ၂၉ နှစ်အရွယ် ရွာသူတစ်ဦးဖြစ်သူ ဆောင်ခွန်လောင်က ပြောကြားသည်။
ဆောင်ခွန်လောင်ပိုင်ဆိုင်သော မြေ ၁၀ ဟက်တာမှာလည်း သိမ်းဆည်းခံရမှုတွင် ပါဝင်ခဲ့သည်။

အဆိုပါ နတ်ပူဇော်ပွဲကို ရဲတပ်ဖွဲ့ဝင်များ စောင့်ကြည့်ခဲ့သော်လည်း ဝင်ရောက်စွက်ဖက်ခြင်း၊ နတ်ပွဲရပ်ဆိုင်းစေခြင်းများ မပြုလုပ်ခဲ့ဟု ဆိုသည်။
လွန်ခဲ့သောလအတွင်း ခရိုင် ၃ ခုမှ ကျေးရွာသားများသည်
ရွီဖန်ကုမ္ပဏီကို ကန့်ကွက်သည့်အနေဖြင့် ယာမြေများပေါ်တွင်
စခန်းချခြင်း ၊ မြေယာရှင်းလင်းနေသည့် စက်ယန္တရားများကို ရပ်တန့်စေရန် ကြိုးပမ်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

တဘန်မီးန်ချေးခရိုက် အုပ်ချုပ်ရေးမှူး အွန်ဗူသိုင်က ပြောကြားရာတွင် ရွာသားများအနေဖြင့် နတ်ပူဇော်ပွဲများ လွတ်လပ်စွာ ပြုလုပ်ခွင့် ရှိကြောင်း၊ ကြံစိုက်ခင်းစီမံကိန်းကြောင့် အမှန်တကယ်ထိခိုက်နစ်နာခဲ့သူများကို ကုမ္ပဏီမှ ဖြေရှင်းပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

ရွီဖန်ကုမ္ပဏီမှ စီမံဌာနမန်နေဂျာ ကွိုင်ယိုအန်ကမူ မြေယာသိမ်းဆည်းသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ရွာသားတို့၏ ကျိန်စာတိုက်ပွဲကြောင့် ကုမ္ပဏီတွင် အနှောင့်အယှက်တစ်စုံတစ်ရာမဖြစ်ကြောင်း ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service