ကျပ်သိန်း ၁၅၀ ဝန်းကျင် တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ရန် ကုမ္ပဏီတစ်ခုစီစဉ်

ကျပ်သိန်း ၁၅၀ ဝန်းကျင် တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ရန် ကုမ္ပဏီတစ်ခုစီစဉ် - Property News in Myanmar from iMyanmarHouse.com
27 Feb 2017 11:21 am တွင် တင်ခဲ့သည်
1951 ကြိမ် ကြည့်ရှု့ပြီး
ကျပ်သိန်း ၁၅၀ ခန့်ဖြင့် တန်ဖိုးနည်းတိုက်ခန်းများကို အရစ်ကျ စနစ်ဖြင့် တည်ဆောက် ရောင်းချနိုင်ရန် IGreen ဆောက်လုပ်ရေးကုမ္ပဏီက အစိုးရ အဖွဲ့ သို့ တင်ပြရန် စီစဉ်နေသည်။

‘‘စီမံကိန်း Proposal ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို သင်္ကြန်မတိုင်ခင် တင် ပါ့မယ်။ ကျွန်တော်တို့ ကုမ္ပဏီပိုင်မြေမှာ တည်ဆောက်မှာပါ’’ဟု iGreen Development & Engineering ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုကျော်ေ ကျာ်နိုင်က ပြောသည်။

ပထမ ၂ နှစ်အတွင်း ၇၅ သိန်း ကနဦးပေးချေရမည်ဖြစ်ပြီး အခန်းသော့ အပ်ပြီးပါက ကျန်လ ပေါင်း ၁၀၀ (ရှစ်နှစ်ကျော်) ကို အရစ်ကျစနစ်ဖြင့် တစ်လလျှင် ကျပ် ၇၅,၀၀၀ ပေးသွင်းရမည်ဖြစ် ကြောင်း ကိုကျော်ေ ကျာ်နိုင်က ဆို သည်။

ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချလိုသော်လည်း ဆောက် လုပ်မှု ကုန်ကျစရိတ်သည် ခေတ် စနစ် အခြေအနေအရ သိန်း ၈၀ ရှိသောေ ကြာင့် မြေဖိုးအတိုးနှုန်းများပင် ထည့်မတွက်ရသေးကြောင်း ၎င်းကဆိုသည်။

စတုရန်းပေ ၄၀၀ အကျယ် အဝန်း ခြောက်ထပ် တိုက်ခန်းပေါင်း ၃,၀၀၀ကျော် တည်ဆောက်နိုင်ရန် ကနဦး iGreen က ရည်ရွယ်ထားသည်။

စီမံကိန်း တည်နေရာကို မကြာမီရက်ပိုင်းအတွင်း ကြေညာပေးမည်ဖြစ်ကာ ရန်ကုန်မြို့တွင်းနှင့် ၁၀ မိုင်ခန့် အကွာ၌ တည်ဆောက်မည်ဖြစ်ကြောင်း ကိုကျော်ကျော်နိုင်ကဆိုသည်။

စီမံကိန်းတွင် ကားပါကင် နေရာကို အနည်းငယ်ထည့်သွင်း မည်ဖြစ်ပြီး တန်ဖိုးနည်းတိုက်ခန်း နေသူများ အဆင်ပြေစေရန် သယ်ယူပို့ဆောင်ရေး အတွက် ကြိုပို့ဘတ်စ်ကားများပင် စီစဉ်ပေးရန် ရည်ရွယ်ထားသည်။

တန်ဖိုးကြီး ကွန်ဒိုတိုက်ခန်း များကို အရစ်ကျစနစ်ဖြင့် ရောင်း ချရာ တွင် ဆောက်လုပ်ရေး လော က၌ နာမည်ကြီးသည့် iGreen ကုမ္ပဏီသည် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မှုသည် ၎င်းတို့ ကုမ္ပဏီအတွက် ပွဲဦးထွက် စီမံ ကိန်းဖြစ်သည်။ စီမံကိန်းကိုဘဏ် များနှင့်ချိတ်ဆက်၍ ရပါက ယခု ထက်ပိုမိုပြီး တိုက်ခန်းတန်ဖိုးကို လျှော့ချရန် စီစဉ်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရ လက်ထက်၌ တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီက အစိုး ရထံ မြေတောင်းပြီး ကျပ်သိန်း ၆၀ ခန့်ဖြင့် တန်ဖိုးနည်းအိမ် ရာ စီမံကိန်းများ တည်ဆောက်မည် ဟု ကြေညာခဲ့သော်လည်း အ ကောင် အထည်မပေါ်ခဲ့ပေ။

လက်ရှိတွင် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများကို ရန်ကုန် အပါအဝင် မြို့ကြီးများ၌ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန အပါအဝင် အစိုးရ အဖွဲ့ အစည်းများကသာ အများဆုံး တည်ဆောက်နေပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များ ဝင်ရောက် တည်ဆောက်မှုမှာ နည်းပါးသည်။

‘‘ကျွန်တော်တို့ အစိုးရကို ကူညီမယ်ဆိုရင်တော့ ကြိုဆိုပါ တယ်။ တကယ်ေ ဆာက်ပေးမယ် ဆိုရင် နေချင်စဖွယ် အိမ်ရာတွေ အရည်အသွေးပြည့်တဲ့ အိမ်ရာ တွေဖြစ်ဖို့တော့ လိုမှာပါ’’ဟု မြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်လွင်က ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်း ရှင်အများစုသည် တန်ဖိုးကြီးအိမ် ခန်းများ တည်ေ ဆာက်မှုတွင် ဝယ်လိုအား ကျဆင်းလာသော ကြောင့် လုပ်ငန်းရှင်အချို့ တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ ဘက်သို့ ပြောင်းရွှေ့လာခြင်း ဖြစ်နို င်ကြောင်း ဦးမောင်မောင်လွင်က ဆက်လက်ပြောကြားသည်။

Credit: 7DayDaily
ကျပ်သိန်း ၁၅၀ ဝန်းကျင် တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ရန် ကုမ္ပဏီတစ်ခုစီစဉ် - Property News in Myanmar from iMyanmarHouse.com
ကျပ်သိန်း ၁၅၀ ဝန်းကျင် တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ရန် ကုမ္ပဏီတစ်ခုစီစဉ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service