အစိုးရအကူးအပြောင်းကာလ အများပိုင်မြေယာများပုဂ္ဂလိကသို့ ချထားပေးခဲ့မှုအချို့ကို ပြန်လည်ပယ်ဖျက်ရန် စီစဉ်

အစိုးရအကူးအပြောင်းကာလ အများပိုင်မြေယာများပုဂ္ဂလိကသို့ ချထားပေးခဲ့မှုအချို့ကို ပြန်လည်ပယ်ဖျက်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
27 Feb 2017 11:06 am တွင် တင်ခဲ့သည်
726 ကြိမ် ကြည့်ရှု့ပြီး
အစိုးရအကူးအပြောင်း ကာလအတွင်း အများပြည်သူပိုင် နှင့် စည်ပင်သာ ယာ စီမံခန့်ခွဲခွင့်ရှိ သည့် မြေနေရာများကို ပုဂ္ဂလိက သို့ ချထားပေးခဲ့မှု များ ထဲမှ အချို့ မြေကွက်များကို မြေပေးမိန့်နှင့် ဂရန်များ ပြန်လည်ပယ်ဖျက်ရန် စီစဉ်နေကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော် မတီမှ သ တင်း ရရှိသည်။

အစိုးရ အကူးအပြောင်းကာလအတွင်း ပုဂ္ဂလိကသို့ လွှဲပြောင်း ချထားပေး သည့် မြေကွက်များ နှင့်ပတ်သက်၍ စုံစမ်းစိစစ်ရေးအဖွဲ့၏ စိစစ်တွေ့ရှိချက် အပေါ် အခြေခံကာ ပထမဆုံးအနေဖြင့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ယခင်အစိုးရက ပုဂ္ဂလိက သို့ ချထားပေးသည့် မြေကွက် တစ်ကွက် ကို မြေပေးမိန့်နှင့် ဂရန်ပယ်ဖျက်ရန် စီစဉ်နေသည် ဟု မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီအတွင်းရေးမှူး ဦးအောင်ကျော်ထွန်းက ပြော ကြားသည်။

‘‘အခုလောလောဆယ် တော့ တစ်ကွက်ကိုတော့ မြေပေး မိန့်ဖျက်ဖို့ရော၊ ဂရန်ဖျက်ဖို့ရော၊ ငွေတွေပြန်ပြီးတော့ အမ်းဖို့ရော အစိုးရအဖွဲ့ကို တင်ထား တာရှိ တယ်။ အစိုးရခွင့်ပြုချက်ကျရင် တော့ အဲဒီတစ်ကွက်တော့ စပြီး တော့ လုပ်နေပြီ’’ဟု ၎င်းက ပြော သည်။

ပုဂ္ဂလိကသို့ မြေယာလွှဲ ပြောင်းပေးခဲ့မှုများကို ပြန်လည် စိစစ်ကာ ဂရန်ပယ် ဖျက်ခြင်းကို တိုင်းအစိုးရအဖွဲ့က လုပ်ဆောင် နေပြီး အစိုးရအဖွဲ့ က ပေးပို့ လာ သည့် မြေကွက်များအပေါ် မူတည်ကာ စည်ပင်သာယာမှ မြေ ဂရန် ပယ်ဖျက်ခြင်းနှင့် မြေပေးမိန့် ပြန်လည်ပယ်ဖျက်ခြင်းများ လုပ် ဆောင်ခြင်ြး ဖစ်သည်ဟု ဆို သည်။ မြေဂရန်ပယ်ဖျက်ရာတွင် ပုဂ္ဂလိကက စည်ပင်သာ ယာသို့ ပေးသွင်းထားသည့် မြေဖိုးငွေများ ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး လက်ရှိဘတ်ဂျက်အနေအထား အရ ငွေပြန်အမ်းရန် လျာထား ဘတ်ဂျက် မရှိသေး၍ မြေတစ်ကွက်ကိုသာ စတင်ပယ်ဖျက်ခြင်း ဖြစ်သည်ဟု ဦးအော င်ကျော်ထွန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီး နောက် ၀န်ကြီးချုပ် ဦးရဲမြင့်နှင့် မြို့တော်ဝန်ဦးအောင်မောင်းဦး ဆောင်သည့် မန္တလေးတိုင်းေ ဒသ ကြီးအစိုးရအဖွဲ့သည် ကျောင်း၊ ဆေးရုံ၊ အားကစားကွင်းကဲ့သို့ အမျာြး ပည်သူပိုင်နေရာများအ ဖြစ် အကောင်အထည်ဖော်ရန် လျာထားသည့် စည် ပင်သာယာစီ မံခန့်ခွဲခွင့်ရှိသည့် မြေကွက်များကို ပုဂ္ဂလိကသို့ တစ်ဦးတည်း ပိုင်အ ဖြစ် ချထားပေးခဲ့သည်။

ကျောင်း၊ အားကစားကွင်း၊ ဆေးရုံ၊ ဆေးခန်းဖွင့်လှစ်ရန်၊ စီမံကိန်း၊ တစ်ခုခု လုပ်ဆောင်ရန် လျာထားသည့် မြေကွက်များ၊ မြို့ မြေယာ စီမံခန့်ခွဲရေးေ က်ာမတီ မြေအကွက်ရိုက်ချထားပြီး ကျန်ရှိ နေသည့် မြေကွက်များအပါအ၀င် စည်ပင်သာယာစီမံခန့်ခွဲခွင့်ရှိ သည့် မြေကွက်များကို အစိုးရအ လွှဲအပြောင်း အတွင်း လူပုဂ္ဂိုလ် ၉၉ဦးထံသို့ ပုဂ္ဂလိက တစ်ဦး တည်းပိုင်မြေများအဖြစ် ချထား ခွင့်ပြုပေးခဲ့သည်ကို စိစစ်တွေ့ရှိ ခဲ့သည်ဟု မန္တလေးမြို့တော် ၀န် ဒေါက်တာရဲလွင်က ဇူလိုင် ၁ ရက်၌ ပြုလုပ်သည့် မန္တလေးတိုင်း ဒေသ ကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ပြောကြားသည်။

‘‘အစိုးရ အကူးအပြောင်း ကာလ ရက်တိုတိုအတွင်းမှာပဲ တော်တော်လေး အံ့အားသင့်စရာ ကောင်းလောက်အောင်ကို မန္တလေးမြို့တော် စည်ပင် သာယာ ရေးကော်မတီက စီမံခန့်ခွဲလျက်ရှိ တဲ့ မြို့နယ်တွေအတွင်းမှာ ၉၉ ဦးသော လူပုဂ္ဂိုလ်များကို မြေ ကွက်များ ချထားပေးခဲ့တယ်။ အ လျင် အမြန်ဆောင်ရွက်ပေးခဲ့တာ တွေ့ရပါတယ်။ မြေသုံးဧက ကျော်ချထားပေးခဲ့တာ နှစ်ဦး၊ နှစ် ဧကကျော်ချထားပေးခဲ့တာ လေးဦး၊ တစ်ဧကကျော် ချ ထား ပေးခဲ့တာ ၁၂ ဦးပါဝင်ပါတယ်’’ဟု မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က ပြောသည်။

အစိုးရ အကူးအပြောင်းအ တွင်း အများပြည်သူနှင့် သက် ဆိုင်သည့် ဧရိယာ ကျယ်ဝန်းသော မြေကွက်များ၊ ပလပ်မြေများကို လူပုဂ္ဂိုလ်များ အမည်ြ ဖင့် မြေနေ ရာချထားပေးမှုများ ပြန်လည်စိ စစ်ကာ အများပြည်သူအကျိုးအ တွက် စနစ်တကျစီမံခန့်ခွဲ ဆောင် ရွက်နိုင်ရေးတိုက်တွန်းကြောင်း အဆို တစ်ရပ်ကို ပြီးခဲ့သည့် ဇူလိုင် လဆန်းက ကျင်းပသည့် မန္တလေး တိုင်းဒေ သကြီး လွှတ်တော်အထူး အစည်းအဝေးတွင် အဆိုတင် သွင်းခဲ့သည်။ ယင်း တိုက်တွန်း ကြောင်း အဆိုအရ အစိုးရအကူး အပြောင်းကာ လ မြေယာ လွှဲ ပြောင်းပေးခဲ့မှုများ ပြန်လည်စိစစ် ရေးကော်မတီတစ်ရပ်ကို မန္တလေး တိုင်း အစိုးရအဖွဲ့က ဖွဲ့စည်းပြီး ယင်း စိစစ်ရေးကော်မတီ၏ တွေ့ ရှိချက်များ အရ ယခုကဲ့သို့ မြေဂ ရန်ပယ်ဖျက်ခြင်းများ စတင်လုပ် ဆောင်လာခြင်းဖြစ် သည်။

စိစစ်ရေးကော်မတီဝင်တစ် ဦး၏ အဆိုအရ ရွေးကောက်ပွဲရှုံး နိမ့်ပြီးေ နာက် နိုဝင်ဘာမှ မတ်လ အထိ အစိုးရ အကူးအပြောင်းအ တွင်း မန္တလေး ခရိုင်ရှိ မြေဧက ၅၀၀ ခန့်ကို ပုဂ္ဂလိကသို့ လွှဲ ပြောင်းချထားပေးသည်ကို စိ စစ် တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

မြေကွက်များ လွှဲပြောင်းချ ထားပေးခဲ့မှုအများစုသည် ပွင့်လင်းမြင်သာမှု မရှိ သကဲ့သို့ ဥပဒေနှင့် အညီမဟုတ်ဘဲ လုပ်ဆောင်ခဲ့ခြင်း နှင့် နိုင်ငံအတွက် ထိုက်သင့်သည့် အခွန်အခမရှိဘဲ နစ်နာနေခြင်း များကို စိစစ်တွေ့ ရှိခဲ့ရ သည်ဟု စိစစ်ရေးကော်မတီဝင် မန္တလေး တိုင်း လွှတ်တော်ကိုယ်စားလှယ် များက ပြောသည်။


Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service