ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၂၄၀၀ အထိ ဆက်လက်မြင့်တက်

ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၂၄၀၀ အထိ ဆက်လက်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
27 Feb 2017 10:24 am တွင် တင်ခဲ့သည်
1356 ကြိမ် ကြည့်ရှု့ပြီး
ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြည်တွင်း ရွှေဈေးနှုန်း ကျပ် ၉၀၂၄၀၀ အထိ ဆက်လက် မြင့်တက်လာပြီး ရွှေဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့ဖူးသော စံချိန် တင်ဈေးနှုန်းကို ကျော်လွန်ရန် ကျပ် ၁၁၀၀ ခန့်သာ လိုတော့ကြောင်း ရွှေ
ေ ရာင်းဝယ်သူများထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ဒေါ်လာဈေး အညွှန်းကိန်း ကျဆင်းခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့် တက်လာခြင်းကြောင့် တစ်ရက်အတွင်း ဒေါ်လာ ၂၀ ကျော် ခုန်တက်ခဲ့သည်။ ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက ၁၂၃၅ ဒေါ် လာ ၀န်းကျင်ရှိသော ရွှေဈေးသည် ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းတွင် ၁၂၅၄ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် ၁၂၅၇ ဒေါ်လာဖြင့် ဈေး ပိတ်ခဲ့သည်။ ပြီးခဲ့သော တနင်္လာနေ့ ဖေဖော်ဝါရီ ၂၀ ရက် တစ်ပတ်တာဈေး ကွက် စချိန်တွင် ၁၂၃၅ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့သော ကမ္ဘာ့ရွှေဈေးနှင့် ယခု တစ်ပတ်တာ ဈေးကွက်ပိတ်ချိန်ဈေးနှင့် နှိုင်းယှဉ်ပါက တစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေး ၂၂ ဒေါ်လာ မြင့်တက်ခဲ့ပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးဈေးမှာ ၁၂၃၃ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တစ်အောင်စ ဒေါ် လာ ၁၁၂၀ ကျော်အထိ ထိုးဆင်းသွားခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်အထိ ၁၁၃၃ ဒေါ်လာ ၀န်းကျင်တွင် ရှိခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၂၇ မှစ ၍ ဈေးပြန်တက်လာပြီး ဒီဇင်ဘာ ၂၇ ရက်တွင် ၁၁၄၅ ဒေါ်လာ၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၁၁၅၉ ဒေါ်လာ၊ ဇန်န၀ါရီ ၉ ရက်တွင် ၁၁၇၆ ဒေါ်လာ၊ ဇန်န၀ါရီ ၁၂ ရက်မှ စတင်ကာ ဒေါ်လာ ၁၂၀၀ အထက် ရောက်ရှိ လာခြင်ြး ဖစ်သည်။

ဖေဖော်ဝါရီ ၂၃ ရက်ကစပြီး ကမ္ဘာ့ရွှေဈေး တက်ရိပ်ပြလာခြင်းကြောင့် ပြည် တွင်းဈေးကွက်တွင် ရွှေဈေး ကျပ် ၈၉၅၁၀၀ အထိ မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ကျပ် ၈၉၈၀၀၀ ကျော်ဖြင့် ဈေးဖွင့်ခဲ့ကာ ညနေပိုင်း တွင် ကျပ် ၉၀၀၅၀၀ အထိ ရောက်ရှိလာခဲ့သည်။ ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ကာ ကမ္ဘာ့ရွှေဈေး တက်ရိပ်ပြခြင်းနှင့် ဒေါ်လာဈေးနှုန်း အမြင့်တန်း တွင် ရောက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးသည် ကျပ် ၈၉၅၀၀၀ အ ထက်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၃ ရက်နှင့် နှိုင်းယှဉ်ပါ က ဒေါ်လာဈေး အနည်းငယ် ကျဆင်းသော်လည်း (ဖေဖော်ဝါရီ ၂၅ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၃၆၄) ကမ္ဘာ့ရွှေဈေး ၁၂၅၇ ဒေါ်လာဖြင့် ဈေး ပိတ်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးသည် ဖေဖော်ဝါရီ ၂၅ ရက် တွင် ဈေးနှုန်းဆက်လက် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးကွက်အတွင်း စံချိန်တင် ရွှေဈေးနှုန်းအဖြစ် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်က ၁၆ ပဲရည် ရွှေတစ်ကျပ်သား ကျပ် ၉၀၃၅၀၀ အထိ မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင်လည်း ကျပ် ၉၀၀၅၀၀ အထိ မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျပ် ၉၀၀၅၀၀ အထိ ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျပ် ၉၀၂၄၀၀ အထိ ဆက်လက်မြင့်တက်လာခြင်းကြောင့် စံချိန်တင်ဈေးနှုန်းကို ကျော်လွန်ရန် ကျပ် ၁၀၀၀ ကျော်သာ လိုတော့ခြင်း ဖြစ်သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service