ဘဏ်တိုးနှုန်း လျှော့ချရန် ယခုနှစ်အတွင်း မဖြစ်နိုင်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဆို

ဘဏ်တိုးနှုန်း လျှော့ချရန် ယခုနှစ်အတွင်း မဖြစ်နိုင်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဆို - Property News in Myanmar from iMyanmarHouse.com
27 Feb 2017 10:17 am တွင် တင်ခဲ့သည်
1193 ကြိမ် ကြည့်ရှု့ပြီး
ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် အတိုးနှုန်း မြင့်မားနေသော
မြန်မာနိုင်ငံ၏ ဘဏ်တိုးနှုန်းကို လတ်တလောတွင် လျှော့ချရန် မည်သို့မျှ မဖြစ်နိုင်သေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို အသုံးပြုနေသူဦးရေမှာ
တစ်နိုင်ငံလုံး လူဦးရေနှင့်နှိုင်းယှဉ်ပါက အလွန်နည်းပါးနေသည့်အပြင် ဘဏ်လုပ်ငန်းမှ ငွေချေးယူသူမှာလည်း ဘဏ်လုပ်ငန်း အသုံးပြုနေသူ ဦးရေထက်ပင် နည်းပါးနေချိန်တွင် ဘဏ်အတိုးနှုန်း
လျှော့ချရန် မဖြစ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရှိ ဘဏ်အတိုးနှုန်းမှာ တခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် မြင့်မားသည်ဆိုသော်လည်း
ငွေဖောင်းပွမှုနှုန်းမှာလည်း မြင့်မားသည့်အတွက် ယခုနှစ်ပိုင်းအတွင်း ဘဏ်အတိုးနှုန်း လျှော့ချရန်မှာ မလွယ်ကူနိုင်ကြောင်း ဗဟိုဘဏ်နှင့်
ဆက်စပ် လုပ်ကိုင်နေသော နိုင်ငံတကာ အဖွဲ့အစည်းမှ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။

ဘဏ်ချေးငွေအပေါ်တွင် သတ်မှတ်ထားသော အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကို ထပ်မံ လျှော့ချရန် စီစဉ်နေကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသောပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးကျော်ဝင်းက ပြောကြားခဲ့သည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ငွေကြေးဖောင်းပွမှုနှုန်းအရ ဘဏ်အတိုးနှုန်း လျှော့ချရန် မဖြစ်နိုင်သေးကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ဆိုသည်။

“ငွေဖောင်းပွမှုနှုန်းနဲ့ အတိုးနှုန်းက ဘယ်လိုရှိသလဲဆိုတာကို ချိန်ကြည့်ရမှာပါ။ တခြားနိုင်ငံတွေမှာလည်း ငွေဖောင်းပွမှုနှုန်းနဲ့ အတိုးနှုန်းက အားလုံး ဆက်စပ်မှုရှိနေတယ်။ ငွေဖောင်းပွမှုနှုန်းကို မကြည့်ဘဲနဲ့ ကျွန်တော်တို့ကတော့ အတိုးနှုန်းကိုတက်ချင်တိုင်းတက်ဖို့၊ လျှော့ချချင်တိုင်း လျှော့ချဖို့တော့ ဖြစ်နိုင်မယ် မထင်ပါဘူး”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ရာခိုင်နှုန်းကျော်တွင်ရှိပြီး လာမည့် ဘဏ္ဍာနှစ်အတွက် ငွေကြေး ဖောင်းပွမှုနှုန်းကို ၇ ဒသမ ၉ရာခိုင်နှုန်းရှိနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။

လက်ရှိ ဗဟိုဘဏ် အတိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်းဖြစ်ပြီး စုငွေအပေါ်တွင် အတိုးနှုန်း အနိမ့်ဆုံး ၈ ရာခိုင်နှုန်းရှိရန်နှင့် ချေးငွေအပေါ်တွင် အတိုးနှုန်း အမြင့်ဆုံး ၁၃ ရာခိုင်နှုန်းရှိရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service