ပြည်တွင်း ခရီးစဉ်နှုန်းထားများ ဒေါ်လာနှင့် မကြော်ငြာရန် ဗဟိုဘဏ် ခေါ်ယူသတိပေးမည်

ပြည်တွင်း ခရီးစဉ်နှုန်းထားများ ဒေါ်လာနှင့် မကြော်ငြာရန် ဗဟိုဘဏ် ခေါ်ယူသတိပေးမည် - Property News in Myanmar from iMyanmarHouse.com
24 Feb 2017 11:48 am တွင် တင်ခဲ့သည်
1085 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းခရီးစဉ်များကို အမေရိကန် ဒေါ်လာနှုန်းထားနှင့်
ရောင်းချရန်ကြော်ငြာ နေသည့် ခရီးသွားကုမ္ပဏီများကို ယင်းသို့မပြုလုပ်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခေါ်ယူသတိပေး ပြောဆိုမည်ဖြစ်ကြောင်း
ဗဟိုဘဏ်ထံမှ သိရသည်။

ပြည်တွင်းခရီးစဉ်များဖြစ်သည့် မြိတ်၊
ငပလီနှင့် အင်းလေးဒေသများကို ကျပ်ငွေဖြင့် မကောက်ခံဘဲ အမေရိကန် ဒေါ်လာနှင့် ကောက်ခံနေသောကြောင့်
ခရီးသွား ကုမ္ပဏီများကို ခေါ်ယူတွေ့ဆုံရန် စီစဉ်ခြင်းဖြစ်ကြောင်း
ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြည်တွင်းရဲ့ ငွေပေးချေမှုတွေကို ကျပ်ငွေနဲ့ အသုံးပြုဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို အသိပေး အကြောင်းကြားထားပြီး
သားပါ။ ဒီပြဿနာကို ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းသွားမယ်”
ဟု ၎င်းက ပြောဆိုသည်။

ခရီးသွားလုပ်ငန်းများက ဒေါ်လာနှင့် ကောက်ခံခြင်းမျိုး
မရှိဘဲ ဟိုတယ်၊ လေကြောင်းလိုင်းနှင့် စားသောက်ဆိုင် အချို့က ဒေါ်လာနှင့် ကောက်ခံခြင်း ဖြစ်သည့်အတွက်
ယင်းလုပ်ငန်းများကို ဗဟိုဘဏ်က တိုက်ရိုက် ကိုင်တွယ်
ရမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများက ဒေါ်လာနှင့်
ကောက်ခံနေခြင်းကြောင့် ခရီးသွား လုပ်ငန်းများကလည်း ဒေါ်လာနှင့်သာ ငွေပေးနေရခြင်းဖြစ်ကြောင်း
Radiant Tour ကုမ္ပဏီပိုင်ရှင် ဦးနောင်းနောင်းဟန်က ရှင်းပြသည်။

“အဓိကက ပြည်တွင်းလုပ်ငန်း အများစုက ဒေါ်လာနဲ့အလုပ်လုပ်တာ
များတယ်။ ကျပ်ငွေက ခိုင်မာမှုမရှိတော့ ငွေအတက်အကျကို ရှောင်နိုင်ဖို့ ခရီးသွားလုပ်ငန်းက ဒေါ်လာနဲ့ ခရီးစဉ်တွေကို ကြေညာနေရတယ်”ဟု ၎င်းကဆိုသည်။

ပြည်တွင်းဟိုတယ်အများစုမှာ နိုင်ငံခြားသားများကိုသာ
ဒေါ်လာဖြင့်ကောက်ခံပြီး မြန်မာနိုင်ငံသားများကိုမူ ဒေါ်လာနှင့်
ငွေပေးချေမှု မပြုဟုဆိုသော်လည်း ပြည်တွင်း၊ ပြည်ပ ခရီးသည်များကို ဒေါ်လာဖြင့်သာ ငွေကောက်ခံနေကြောင်း ခရီးသွား အေဂျင်စီများထံမှ သိရသည်။

ပြည်တွင်း၌ ရောင်းဝယ်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေဖြင့် ရယူ၊ ပေးချေခြင်းများကြောင့်
ပြည်တွင်းတွင် ဒေါ်လာကျယ်ပြန့်စွာ အသုံးပြုမှု ဖြစ်ပေါ်လာပြီး
ဒေါ်လာ လိုအပ်ချက် မြင့်မားကာ နိုင်ငံခြား ငွေလဲလှယ်နှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကျပ်ငွေသာ အသုံးပြုရမည်ဖြစ်ကြောင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service