ဆောက်လုပ်ရေးတင်ဒါခေါ်ယူရာတွင် လိုက်နာရမည့် လုပ်ငန်းလမ်းညွှန်ကို လိုက်နာကျင့်သုံးရန် လွှတ်တော်တိုက်တွန်း

ဆောက်လုပ်ရေးတင်ဒါခေါ်ယူရာတွင် လိုက်နာရမည့် လုပ်ငန်းလမ်းညွှန်ကို လိုက်နာကျင့်သုံးရန် လွှတ်တော်တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
24 Feb 2017 11:25 am တွင် တင်ခဲ့သည်
1037 ကြိမ် ကြည့်ရှု့ပြီး
ကန်ထရိုက်စနစ် ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာ တွင် လိုက်နာဆောင် ရွက်ရမည့် လုပ်ငန်း လမ်းညွှန်ကို ပြည်ထောင်စုဝန်ကြီးဌာန အားလုံးအပါ အဝင် တိုင်းနှင့်ပြည်နယ်အလိုက် အစိုးရ အဖွဲ့အားလုံး လိုက်နာကျင့်သုံးကြ ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသန်းစိုးအောင်က ဖေဖော်ဝါရီ ၂၃ ရက်၌ လွှတ်တော်သို့ တင် သွင်းခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီး ဌာနက ရေးဆွဲထုတ်ပြန်သော လုပ်ငန်းလမ်းညွှန် ကို လိုက်နာ ကျင့်သုံးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ယင်းသို့ အဆိုတင်သွင်းခြင်းဖြစ်သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၁၆ က ထုတ်ပြန်လိုက်သည့် လုပ် ငန်းလမ်းညွှန်၌ တစ်နိုင်ငံလုံးမှ အဆောက်အအုံ၊ လမ်း၊တံတား များ တည်ဆောက်ရာတွင် တင်ဒါခေါ်ခြင်းတို့၌ အဓိက အ သုံးပြုရန် ရေးဆွဲထုတ်ပြန်ထားသည်။

အစိုးရ၏ ဆောက်လုပ်ရေး ဆိုင်ရာ ပစ္စည်းဝယ်ယူခြင်းနှင့် တည်ဆောက်ေ ရး တင်ဒါပေးရာ တွင် စည်းမျဉ်းစည်းကမ်းများ သည် ပွင့်လင်းမြင်သာမှုအား နည်းလျက်ရှိကြောင်း ဦးသန်းစိုးအောင်က အဆို၌ ထည့်သွင်းပြောကြားခဲ့ သည်။

တင်ဒါစနစ် ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲနေစဉ် ကန်ထ ရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက် ရမည့် လုပ်ငန်းလ မ်းညွှန်ကို ဆောက်လုပ်ရေးဝန်ကြီး ဌာနက ၂၀၁၄ ဇန်နဝါရီကတည်း က ဖြန့် ဝေထားပြီးဖြစ်သည်။

ထို့နောက် ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင်ပညာရှင်များ၊ ဆောက် လုပ်ရေး ဝန်ကြီး ဌာန အပါအဝင် အခြားဝန်ကြီးဌာနများပါဝင်သော အလုပ်ရုံဆွေးနွေးပွဲ များ ပြုလုပ် ကာ ယင်းလုပ်ငန်းလမ်းညွှန်ကို ပြင်ဆင်၍ ၂၀၁၆ သြဂုတ် တွင် ပြန်လည်ဖြန့်ဝေခဲ့သည်။

ယင်းလုပ်ငန်းလမ်းညွှန်၏ ရည်မှန်းချက်သည် တင်ဒါခေါ်ယူ ရာတွင် မှန် ကန်သော ကုန်ကျစရိတ်ဖြစ်စေရန်၊ အရည်အသွေးပြည့်ဝစေရန်နှင့် မလို လားအပ် သော မသမာမှုများကို ကာကွယ် ရန်ဖြစ်သည်။

ယင်းလုပ်ငန်းလမ်းညွှန်သည် ပြီးပြည့်စုံမှုမရှိသေးဘဲ ဥပဒေတစ်ရပ်မထွက်မီ ထိန်းပေးထားရုံသာဖြစ်ကြောင်း ဦးသန်းစိုး အောင် က ဖြည့်စွက်ပြောကြား သည်။ ယင်းလုပ်ငန်းလမ်းညွှန် ကို လိုက်နာဆောင်ရွက်မှု အား နည်းနေေ သးကြောင်း၊ လုပ် ငန်းလမ်းညွှန်ကို တိတိကျကျ လိုက်နာဆောင်ရွက်မှသာ တိုင်းပြည်အမှန်တကယ် တိုးတက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနကလည်း ကော်မတီ အစည်းအဝေးတစ်ခု တွင် ပြောကြား ထားကြောင်း ဦးသန်းစိုး အောင်ကပြောသည်။

၎င်းသည် ပြည်သူ့လွှတ် တော် ပို့ဆောင်ရေး၊ ဆက်သွယ် ရေးနှင့် ဆောက် လုပ်ရေး ဆိုင်ရာ ကော်မတီဝင်လည်းဖြစ်သည်။

အစိုးရမှ ခေါ်ယူသည့် မည် သည့်တင်ဒါလုပ်ငန်းမဆို ကုမ္ပဏီ များမှ ဝင်ရောက် ယှဉ်ပြိုင်ခွင့်အတွက် ကန်ထရိုက် မှတ်ပုံတင်ခြင်း ကို ဆောက် လုပ်ရေး ဝန်ကြီးဌာနကစတင်ပြီး လက်ခံနေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်ဦးအောင်ဝင်းက ပြောကြားသည်။

‘‘အရင်လို တင်ဒါတွေက ဝင်ပြိုင်ချင်တိုင်းပြိုင်လို့ မရတော့ ဘူး။ နယ်တွေ မှာတော့ မသိဘူး။ ရန်ကုန်မှာ စနစ်ပြောင်းနေပြီ။ တင်ဒါအတွက် ကန် ထရိုက်မှတ်ပုံ တင် အရင်လုပ်ရတယ်။ အဲဒီလိုင် စင်ရှိမှ ဝင်ပြိုင်လို့ရတာ’’ဟု ဦးအောင်ဝင်းက ပြောသည်။

သို့သော် ယခု လွှတ်တော် တွင် တင်သွင်းသည့် လမ်းညွှန် စာအုပ်ကို ၎င်းတို့ အနေဖြင့်ဖတ် ရှုလေ့လာထားခြင်း မရှိသေး ကြောင်း ဦးအောင်ဝင်းက ဆို သည်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service