နှစ်ရှည်စီမံကိန်းများ ပြန်လည်စိစစ်ရေး လွှတ်တော်တွင်း ဆွေးနွေးမည်

နှစ်ရှည်စီမံကိန်းများ ပြန်လည်စိစစ်ရေး လွှတ်တော်တွင်း ဆွေးနွေးမည် - Property News in Myanmar from iMyanmarHouse.com
23 Feb 2017 10:38 am တွင် တင်ခဲ့သည်
961 ကြိမ် ကြည့်ရှု့ပြီး
ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာပြီး ပြည်သူအများ လက်မခံသည့် နှစ်ရှည်စီမံကိန်းများနှင့် ခေတ်အဆက်ဆက်အစိုးရက ခွင့်ပြု ထားသော လုပ်ငန်းများကို ပြန်လည်စိစစ်မည့် အဆိုကို ပြည်သူ့လွှတ်တော် က လက်ခံဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။

ထိုအဆိုကို ယနေ့ကျင်းပသည့် လွှတ်တော်၌ တင်သွင်းခဲ့သူ မွန်ပြည် နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက “လူထုမသိဘဲ ခွင့်ပြုပေးပြီး နောင်တချိန် လုပ်ငန်းလည်ပတ်တော့မှ သဘော မတူ ကန့်ကွက်ခဲ့မယ်ဆိုရင် ရင်းနှီးမြှုပ်နှံခဲ့တဲ့ လုပ်ငန်းရှင်တွေဘက်က နစ်နာသလို ခွင့်ပြုပေးခဲ့တဲ့ အစိုးရအနေနဲ့လည်း မျက်နှာပျက်ရတယ်” ဟု ပြောသည်။

နှစ်ရှည်စီမံကိန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပါဝင်ပြီး၊ အစိုးရနှင့် နိုင်ငံသား ပုဂ္ဂလိက လုပ်ငန်းရှင်များ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများ ကို နှစ် ၃၀၊ နှစ် ၆၀ အထိ လုပ်ကိုင်ခွင့်ပြုထားသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကုလားမတောင်တန်းပေါ်တွင် နိုင်ငံတော် က ကျောက်မိုင်းလုပ်ငန်း ၂၂ ခုကို ခွင့်ပြုထားပြီး ကျိုက်ထိုမြို့နယ် တွင် ကျောက်မိုင်း ၄၈ ခုအထိ ရှိကြောင်းနှင့် နှစ် ၃၀ လုပ်ပိုင်ခွင့် ပေး ထားသည့် စီမံကိန်း ၃ ခု ရှိကြောင်းလည်း ဒေါ်မိကွန်ချမ်းက ဆိုသည်။

ယခင်အစိုးရလက်ထက်၌ ခွင့်ပြုထားခဲ့ပြီး အကောင်အထည်ဖော် လုပ်ေ ဆာင် နိုင်ခြင်း မရှိသည့် စီမံကိန်းများစွာ ရှိနေကြောင်း၊ ၎င်းတို့ထဲ တွင် ပြည် တွင်းပြည်ပ ပုဂ္ဂလိက ကုမ္ဗဏီများနှင့် လက်မှတ်ရေးထိုး ဆောင်ရွက်လျက် ရှိသည့် ရေအားလျှပ်စစ် စီမံကိန်း ၄၁ ခု ရှိကြောင်း၊ ထိုစီမံကိန်းများသည် တိုင်းရင်းသား ဒေသများတွင် အများဆုံးတည်ရှိကြောင်း ဒေါ်မိကွန်ချမ်းက ယနေ့လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

ထိုအဆိုကို ရခိုင်ပြည်နယ် တောင်ကုတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က ထောက်ခံခဲ့ပြီး၊ ဆွေးနွေးလိုသူများကို ယခုလ၂၃ ရက် နောက်ဆုံးထား စားရင်းပေးသွင်းရန် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောသည်။

ပုဂ္ဂလိက နှစ်ရှည်စီမံကိန်းများ မဆိုထားနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံများပင် စိန်ခေါ်မှုများစွာဖြင့် အရှုံးပေါ်နေပြီး နိုင် ငံတော် ဘတ်ဂျက်မှ ကျပ်သိန်းပေါင်း သန်းနှင့်ချီ စိုက်ထုတ် သုံးစွဲနေရသဖြင့် ထိုလုပ်ငန်းများကိုပါ ပြန်လည်စိစစ်သင့်ကြောင်း လှိုင်မြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ဆိုသည်။

နှစ်ရှည် စီမံကိန်းကြီးများတွင် ကျွန်းသစ်၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ၊ ကျောက်မီးသွေး၊ ဘိလပ်မြေစက်ရုံ၊ ပုလဲ၊ ကျောက်မျက်ရတနာနှင့် တွင်း ထွက်ပစ္စည်း ရှာဖွေသည့် လုပ်ငန်းများ၊ ကျောက်မိုင်းများ၊ ရေနက် ဆိပ်ကမ်း များ၊ မြို့ပြဖွံဖြိုးရေး လုပ်ငန်းများ၊ သတ္တုရှာဖွေခြင်း၊ ဆောက်လုပ်ရေး၊ စက်ရုံ၊ အလုပ်ရုံများ၊ လျှပ်စစ်စီမံကိန်းများနှင့် ဆည်မြောင်းတာတမံ စသည့် စီမံကိန်း များ ပါဝင်ကြောင်းနှင့် တချို့ဆိုလျှင် လုပ်ငန်းအကောင်အထည် မဖော် ရသေးသည့် စီမံကိန်းကြီးများပါ ရှိနေကြောင်း ဒေါ်မိကွန်ချမ်းက ပြောသည်။

Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service