မြို့သစ်စီမံကိန်းအပါအဝင် အိမ်ရာဟောင်းများ အဆင့်မြှင့်တင်ခြင်းနှင့် အိမ်ရာသစ်များ ဆောက်လုပ်ရန် တိုင်းဒေသကြီးအစိုးရ စီစဉ်

မြို့သစ်စီမံကိန်းအပါအဝင် အိမ်ရာဟောင်းများ အဆင့်မြှင့်တင်ခြင်းနှင့် အိမ်ရာသစ်များ ဆောက်လုပ်ရန် တိုင်းဒေသကြီးအစိုးရ စီစဉ် - Property News in Myanmar from iMyanmarHouse.com
23 Feb 2017 10:07 am တွင် တင်ခဲ့သည်
1725 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့သစ် စီမံကိန်းကို ယခုလကုန်တွင် ကြည့်မြင်တိုင်တစ်ဖက်ကမ်း တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောက် လုပ်ရေးအိမ်ရာ အဟောင်းများ အဆင့်မြှင့်တင်ခြင်း များကိုပါ ပြည်ပနိုင် ငံများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်မြို့တွင်းရှိ အိမ်ရာစီမံကိန်း အဟောင်းများကို အဆင့်မြှင့်တင် ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုအိမ်ရာ စီမံကိန်းများကို အဆင့်မြှင့်တင် ရန် ဂျပန်နိုင်ငံကအဆိုပြု ကမ်းလှမ်းထားကြောင်း ဖေဖော်ဝါရီ၁၈ ရက် က ပြည်ထောင်စု မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များ အသင်းတွင် ကျင်းပခဲ့သော ဒုသမ္မတအပါအဝင် အစိုးရ တာဝန် ရှိသူများနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ဦးဖြိုးမင်းသိန်းက ပြောသည်။

''ရန်ကုန်မြို့ထဲမှာရှိနေတဲ့ အိမ်ရာစီမံကိန်းအဟောင်းတွေကို အဆင့်မြှင့်တင် ဖို့ လက်ရှိမှာ စီစဉ်ဆောင်ရွက်နေပါတယ်။ အိမ်ရာအဆင့်မြှင့်တင်တဲ့ စီမံ ကိန်းတွေကို ဆောင်ရွက်ဖို့အတွက် ဂျပန်နိုင်ငံဘက်က အဆိုပြု ကမ်းလှမ်း ထားတာတွေရှိပါတယ်။ ဂျပန်နိုင်ငံအပြင် တခြားနိုင်ငံတွေကလည်း
ကမ်းလှမ်းထားပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့ပတ်ချာလည်တွင် အကောင်အထည်ဖော်ရန် လျာထားပြီး အကောင်အထည် မဖော်ရသေးသော အိမ်ရာစီမံကိန်း အဟောင်းများ ကို ပြန်လည်အကောင်အထည်ဖော်ရန် လာမည့်မတ်လအတွင်း စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ဦးဖြိုးမင်းသိန်းက ပြောသည်။

''ရန်ကုန်မြို့ပတ်ချာလည်မှာ အိမ်ရာစီမံကိန်းအဖြစ် အကောင်အထည်ဖော်ဖို့ လျာထားပြီးတော့ လက်ရှိအချိန်ထိ စီမံကိန်း စတင်အကောင်အထည် မဖော်နိုင်သေးတဲ့ မြေကွက်လပ်တွေကို ပြန်လည် အကောင်အထည်ဖော်နိုင် ဖို့ ကျွန်တော်တို့ စတင်ဆွေးနွေးနေပါတယ်။ အဲဒီစီမံကိန်းတွေကို မတ်လ မှာ စတင်အကောင်အထည်ဖော်သွားဖို့ စတင်ဆွေးနွေးနေပြီး ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

ကျူးကျော်နှင့် ဝန်ထမ်းများနေထိုင်ရန်အတွက်လည်း အိမ်ရာစီမံကိန်း အသစ် များကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာေ ကျာ်ဝင်းကလည်း နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများအတွက် ဝန်ထမ်း အိမ်ရာ ရရှိစေရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

''နိုင်ငံ့တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းတွေရဲ့ နေထိုင်ရေးအတွက် ကျောချစရာ နေရာတစ်နေရာတောင် မရရှိခဲ့ရတဲ့ ဝန်ထမ်းတွေအများကြီးပါ။ ပင်စင်ယူပြီးနောက်ပိုင်းမှာ ဝန်ထမ်းတွေရဲ့ဘဝကို လုံခြုံစိတ်ချစွာ ရပ်တည်နိုင်ဖို့ သူတို့မှာ အာမခံချက်မရှိပါဘူး။ အဲဒီအ တွက်ကြောင့် ဝန်ထမ်းတွေအတွက် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အချိန်ကစလို့ ပင်စင်ယူသွားတဲ့အချိန်အထိ သူတို့အတွက် အာမခံ ချက် ရှိတဲ့ အိမ်ရာရရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်''ဟု ၄င်းက ပြောသည်။

ဝန်ထမ်းအိမ်ရာစီမံကိန်းများ စတင်ဆောက်လုပ်ရန် မြန်မာ့စီးပွားရေး ဘဏ်ကဆောက်လုပ်ရေးဘဏ်သို့ ချေးငွေထုတ်ပေးမည်ဖြစ်ကာ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်၍ ဝန်ထမ်းအိမ်ရာ များ ဆောက်လုပ်ရန် ယခုအချိန်တွင် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း
ဦးကျော်ဝင်းက ပြောသည်။

''ဝန်ထမ်းအိမ်ရာတွေကို နိုင်ငံအနှံ့အပြားမှာတည်ဆောက်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ဖို့ လုပ်ငန်းရှင်တွေအနေနဲ့ ပါဝင်ဆောက်လုပ်စေလိုပါတယ်။ တန်ဖိုးနည်းအိမ်ရာဖြစ်တဲ့အ တွက် ဝန်ထမ်းတွေ ပေးချေနိုင်တဲ့ ပမာဏနဲ့ပဲ အဆင့်မြင့်မြင့် ဆောက် လုပ်ရောင်းချစေ လိုပါတယ်။ အိမ်ရာဝယ်ယူဖို့ကိုဝန်ထမ်းတစ်ယောက်အနေနဲ့
ပေးနိုင်တဲ့ လစာထဲကနေပဲ လုပ်ငန်းလုပ်ဆောင်နေတဲ့ သက်တမ်း တစ်လျှောက် ပေးချေနိုင်ဖို့ စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၄င်း က ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဝန်ထမ်းများနှင့် ကျူးကျော်နေထိုင်နေသူများအတွက် အိမ်ရာစီမံကိန်းများဆောက်လုပ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေပြီး ထိုအိမ်ရာများ ဆောက်လုပ်ရန် လိုအပ်သောမြေများအတွက်
စီမံခန့်ခွဲ မှုများ ဆောင်ရွက်နေကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

''ရန်ကုန်တိုင်း နယ်နိမိတ်အတွင်းမှာ ဝန်ထမ်းအိမ်ရာတွေ တိုးချဲ့ဆောက် လုပ်ဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အဆိုပြုမှုနဲ့ ကြိုးပမ်းဆောင် ရွက်နေပါတယ်။ ရန်ကုန်မှာ အိမ်ရာနေထိုင်ဖို့ အခက်အခဲဖြစ်နေတဲ့ ကျူးကျော်နေထိုင်သူတွေ အတွက်ပါ အိမ်ရာတွေ ဆောက်လုပ်သွားဖို့ ရှိပါ တယ်။ အဲဒီလိုအိမ်ရာတွေ တိုးချဲ့ဆောက်လုပ်ဖို့ မြေနေရာတွေကို
စီမံခန့်ခွဲမှုတွေ ဆောင်ရွက်နေတဲ့အပြင် မြေဈေးတွေ တဖြည်းဖြည်း ကျသွားဖို့လည်း ဆောင်ရွက်နေပါတယ်''ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

အိမ်ရာစီမံကိန်းများ ပိုမိုအကောင်အထည်ဖော်လာစေရန် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ကိုရီးယားနိုင်ငံအပါအဝင် အခြားနိုင်ငံများမှ အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန် တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

''အခု ကျွန်တော်တို့က ကြီးမားတဲ့ စီမံကိန်းတွေကို အစိုးရအချင်း ချင်း ဆောင်ရွက်တဲ့စီမံကိန်းတွေအဖြစ်နဲ့သာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေဟာ ပုဂ္ဂလိကကဏ္ဍက Public Private Partnerships မော်ဒယ် အဖြစ်နဲ့ ပါလာမှာပဲဖြစ်ပါတယ်။အဲဒီစီမံကိန်းတွေကို
အစိုးရဘတ်ဂျက် ပြင်ပကနေပဲ ဆောင်ရွက်မှာဖြစ်ပါတယ်။အစိုးရဘတ်ဂျက်ထဲ မှာ ဒီလုပ်ငန်းတွေသာ ထည့်လုပ်မယ်ဆိုရင် ဆောင်ရွက်နိုင်မှု အရမ်းနောက်ကျသွားနိုင်ပါတယ်။ ဒါကြောင့်မို့ အစိုးရဘတ်ဂျက်ရဲ့ ပြင်ပ ကနေ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီးတော့ ပုဂ္ဂလိက ကဏ္ဍ ရဲ့ပူးပေါင်းပါဝင်မှုတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ၄င်းက ပြော သည်။

မြန်မာနိုင်ငံတွင် ဆောင်ရွက်ရန် လျာထားသော အချို့နိုင်ငံတော်စီမံကိန်းများ ကို အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍမှ ပုဂ္ဂလိကကဏ္ဍအထိ ပါဝင်လာနိုင်သော ပုံသဏ္ဌာန်မျိုးအထိ ဆောင်ရွက်သွားရန် ပြင်ဆင်နေပြီး ထိုစီမံကိန်းများကို လာမည့် ဘဏ္ဍာနှစ်၊ ဧပြီလမှ စတင်သွားရန် အစီအ စဉ်များ ရှိကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

''အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်းတွေကိုစတင်အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ ဘက်ပေါင်း စုံကနေ ဆောင်ရွက်နေပါတယ်။ အဲဒီလို အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံက စီမံကိန်းတွေကို ဆောင်ရွက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကလည်း
ပါဝင် လာ မှာဖြစ်တဲ့အပြင် ပြည်တွင်းကုမ္ပဏီတွေကလည်း ပါဝင်နိုင်မှာ ဖြစ် ပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာစီမံကိန်းအသစ်များကို ပိုမို အကောင်အထည်ဖော်လာနိုင်စေရန် အကောင်အထည်ဖော်မည့် မြို့သစ် စီမံကိန်းများ၊ အထူးစီးပွားရေးဇုန် စီမံကိန်းအသစ်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရက လာမည့်အမျိုးသားစီမံကိန်းတွင် တင်ပြရန် စီစဉ်ထားပြီး ရန်ကုန်တိုင်းဒေသကြီးတွင် လာမည့်မတ်လတွင် ကျင်းပ မည့် ဒေသန္တရစီမံကိန်းတွင် တင်ပြဆွေးနွေးရန် စီစဉ်ထားကြောင်း ၄င်း က ပြောသည်။

ရန်ကုန်မြို့တွင် အိမ်ရာစီမံကိန်းများ ပိုမိုအကောင်အထည်ဖော်နိုင်စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အထူးကုမ္ပဏီအက်ဥပဒေဖြင့် အများပိုင်ကုမ္ပဏီတစ်ခုကို ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်းဖွဲ့စည်းရန် ဆောင်ရွက်နေကြောင်း ဦးဖြိုးမင်းသိန်း က ပြောသည်။

ရန်ကုန်တိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်ပေါင်း ၂,ဝဝဝ ကျော်ရှိပြီး ထိုဆောက်လုပ်ရေး လုပ် ငန်း ရှင်များကို တိုင်းဒေသကြီး အစိုးရက Developer အဖြစ် ဦးစီး ဆောင် ရွက်မည့် စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်သွားမည်ဟု လည်းဦးဖြိုးမင်းသိန်းက ပြောသည်။

''စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးတစ်ယောက်တည်းကိုပဲ စီမံကိန်းတွေ အကောင်အ ထည် ဖော် ခွင့်ပေးလိုက်တာမျိုးမဟုတ်ဘဲ အစိုးရဘက်ကတာဝန်ယူပြီး
တစ် နည်းပြောရရင် အစိုးရပါဝင်တဲ့ အစုရှယ်ယာကုမ္ပဏီကြီးက တာဝန်ယူပြီး ကန်ထရိုက်တာအဖြစ်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင် အားလုံးနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

အစိုးရသစ်တာဝန်ယူပြီး ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ-၂၁ ဘဏ္ဍာနှစ် အတွင်း အိမ်ရာဖွံ့ဖြိုးမှုငါးနှစ်တာ စီမံကိန်းအဖြစ် အိမ်ရာအခန်းပေါင်း ၁ ဒသမ ၈ သိန်းခန့် တည်ဆောက်သွားမည်ဖြစ်ပြီး မကြာမီ အချိန်အတွင်း တန်ဖိုးနည်း တိုက်ခန်း ၂,၂ဝဝ ကို ရောင်းချပေးရန် စီစဉ်နေကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြီးခဲ့သည့် ဇန်နဝါရီလ၌ပြောခဲ့သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service