အိမ်ခြံမြေဈေးကွက် ကျဆင်းနေခြင်းသည် တိုင်းပြည်၏စီးပွားရေး ကျဆင်းမှုများနှင့် ဆက်စပ်ပက်သတ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များကပြောသည်။
ရင်းနှီးမြှပ်နှံသူများ လျော့ကျခြင်း ငွေကြေးဖောင်းပွခြင်း ပြည်သူများ၏
ဝင်ငွေ မတိုးလာခြင်းတို့ကြောင့် အိမ်ခြံမြေ အပေါ်ဝယ်ယူနိုင်သူများ မှာ တစ်စထက်တစ်စ လျော့ကျလာခြင်းဖြစ်သည်။
သာမန်လူုတန်းစားတွင် နေထိုင်ရေး အတွက် တစ်လူံးတစ်ခဲထည်း မ၀ယ်ယူနိုင်သောကြောင့် အိမ်ဌားရမ်းနေထိုင်သူ
ပမာဏကသာ များပြားလာသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များ
ကပြောသည်။
ဦးသိန်းစိန် အစိုးရလက်ထပ်က အိမ်ခြံမြေတွင် ရာသီပေါ်မူုတည်ပြီးဈေးကစားသူများနှင့် အရောင်းအ၀ယ်ရှိခဲ့သော်လည်း ယခုအစိုးရလက်ထပ်တွင်မူ ပုံမှန်ဈေးကစားသူများပင် မရှိတော့ဘဲ ဈေးကွက်မှာ ကျဆင်းနေရခြင်းဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များကသုံးသပ်သည်။
ရန်ကုန်တွင် သာမာန်လူလတ်တန်းစားများ နေထိုင်ရန်အတွက် လိုအပ်သည့် အခန်းများမတည်ဆောက်ဘဲ လူတစ်စုစာသာ ၀ယ်ယူနိုင်သည့်ကွန်ဒို တိုက်ခန်းများကိုသာအလုံးအရင်းဖြင့်တည်ဆောက်နေသဖြင့်
ဈေးကွက်မှာပိုမိုကျဆင်းလာခြင်းဖြစ်သည်ဟုစီးပွားရေးပညာရှင်များ
ကဆိုသည်။
"လူတွေရဲ့ဝင်ငွေ တိုးလာမှဖြစ်မှာ အခန်းတန်ဖိုးကတော့ ဒီ့ထက် ချလို့ မရတော့ဘူး " ဟု Three Friend ဆောက်လုပ်ရေးမှ ဦးကိုလေးကပြောသည်။
အိမ်ခြံမြေ၀န်ဆောင်မှုဆိုင်ရာဥပဒေကြမ်း အတည်မပြုရသေးခြင်း ၊ ကွန်ဒိုဥပေဒမှာ နည်းဥပေဒေထွက်ရန် ကျန်ရှိနေခြင်းတို့ကြာင့် အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၇ တွင် အားကောင်းရန် ရုန်းကန်ရဦးမည်ဖြစ်ကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ မှ ဦးစိုင်းခွန်နောင်ကဆိုသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com