တန်ဖိုးနည်း တိုက်ခန်းများကို အိမ်ရာချေးငွေ စနစ်ဖြင့် ၀ယ်ယူနိုင် ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD) ဘဏ်၏ အိမ်ရာ စုဆောင်းငွေ စာရင်းတွင် ကနဦး ပေးသွင်းငွေ ရာခိုင်နှုန်း ၃၀ ပြည့်မီအောင် စုဆောင်းထားရှိပြီး ချေးငွေရယူရန် ၀င်ငွေပြည့်မီသူများ စာရင်းကို CHD ဘဏ်က ထုတ်ပြန်ထားသည်။
အဆိုပါ အိမ်ရာစုဆောင်းငွေစာရင်းတွင် ကနဦး ပေးသွင်းငွေ ရာခိုင်နှုန်း ၃၀ ပြည့်မီသူများသည် CHD ဘဏ်တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင် ဘာလအတွင်း အိမ်ရာစုဆောင်းငွေစာရင်း (Housing Savings Account) ဖွင့်လှစ်ခဲ့သူများအနက် တိုက်ခန်းတန်ဖိုး၏ သိန်း ၃၀ အထိ ပြည့်မီအောင် စုဆောင်းထားရှိသူများဖြစ်ကြောင်း သိရသည်။
အဆိုပါ စာရင်းတွင် ပါဝင်သူများ အနေဖြင့် ၀င်ငွေ အထောက်အထားကို ဘဏ်သို့ တင်ပြရာတွင် အစိုးရ/ကုမ္ပဏီဝန်ထမ်း ဖြစ်ပါက သက်ဆိုင်ရာ ဌာနမှ ၀န်ထမ်းဖြစ်ကြောင်း ထောက်ခံချက်နှင့် ရရှိသည့် လစာကို ဖော်ပြ ရမည်ဖြစ်ကြောင်း၊ အငြိမ်းစားဝန်ထမ်းများ ဖြစ်ပါက နောက်ဆုံးထုတ် ပင်စင်လစာငွေ ဖော်ပြပါရှိသော ပင်စင်စာအုပ် မိတ္တူ၊ အများပြည်သူ များ ဖြစ်ပါက ၀င်ငွေရရှိသည့် လုပ်ငန်းအမျိုး အစားအလိုက် လိုအပ်သည့် လိုင်စင် သို့မဟုတ် အခြား အထောက်အထားများ၊ အလုပ်အကိုင် လုပ် ကိုင်ကြောင်း ဖော်ပြပါရှိသည့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၏ ထောက်ခံချက် ပါရှိရမည်။
လျှောက်ထားသူ၏ ၀င်ငွေအပြင် မိသားစုဝင်များ၏ ၀င်ငွေများကို ဖော်ပြရာ တွင်လည်း လိုအပ်သည့် အထောက်အထားများကို ပူးတွဲ တင်ပြရ မည်ဖြစ်ကြောင်း၊ အဆိုပါ မူရင်းအထောက်အထားများကို ဘဏ်မှ ကြိုတင် စစ်ဆေးမှု ပြုလုပ်နိုင်ရန် ဘဏ်သို့ ကြိုတင်ပေးအပ်ရန်နှင့် မိတ္တူပေါ်တွင် ဘဏ်မှ မူရင်းရယူထားကြောင်း၊ မိတ္တူမှန်ဖြစ်ကြောင်း ဘဏ်အရာထမ်းမှ အတည်ပြုလက်မှတ်ထိုး၍ ပြန်လည် ပေးအပ်မည်ဟု သိရသည်။
ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တိုက် ခန်းလျှောက်လွှာများ ခေါ်ယူသည့်အခါ အဆိုပါ မိတ္တူမှန်ကို ပူးတွဲ တင်ပြရ မည်ဟု သိရသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရောင်းချမည့် တန်ဖိုးနည်း၊ တန်ဖိုး သင့်နှင့် တန်ဖိုးမျှတ အိမ်ရာများကို နှစ်ရှည်အရစ်ကျ စနစ်ဖြင့် ၀ယ်ယူနိုင်ရန် အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ မည်သည့် ဘဏ်ခွဲ တွင်မဆို အိမ်ရာစုဆောင်းငွေစာရင်း (Housing Savings Account) ကို ကျပ်ငွေ ၁၀,၀၀၀ နှင့် စတင်ဖွင့်လှစ်ပြီး မိမိဝယ်ယူလိုသော တိုက်ခန်းတန်ဖိုး ၏ ရာခိုင်နှုန်း ၃၀ ကို ပြည့်မီအောင် CHD ဘဏ်တွင် စုဆောင်းထားရ မည်ဖြစ်သည်။
လစဉ် စုဆောင်းရမည့် ငွေပမာဏကို သတ်မှတ်ထားခြင်း မရှိဘဲ မိမိ ၀င်ငွေပေါ် မူတည်၍ လစဉ်ပုံမှန် စုဆောင်းရမှာဖြစ်ကြောင်း၊ စုဆောင်းထား စဉ်တွင်လည်း မိမိစုဆောင်းငွေအပေါ် တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးရရှိမည်ဖြစ်သည်။
အိမ်ရာစုဆောင်းငွေ အခြေအနေနှင့် တိုက်ခန်းတန်ဖိုး၏ အနည်းဆုံး ရာ ခိုင်နှုန်း ၃၀ ပြည့်မီအောင် စုဆောင်းထားပြီးသူများ စာရင်းအား မြို့ပြနှင့်အိမ် ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ အပတ်စဉ် ပေးပို့လျက်ရှိပြီး နိုင်ငံတော် အစိုးရမှ အိမ်ရာများ ရောင်းချပေးရန် လျှောက်လွှာများ ခေါ်ယူသည့်အခါ နိုင်ငံတော်အစိုးရက လိပ်မူသည့်နေရာတွင် မိမိကိုယ်တိုင် လျှောက်လွှာ တင်၍ လျှောက် ထားရမည်ဖြစ်သည်။
Credit: Eleven Media Group