တရုတ်အိမ်ခြံမြေ developer ဖြစ်သော R&F Properties က သြစတေးလျတွင် နေအိမ်ပေါင်း ၁၀၀၀၀ ဆောက်လုပ်မည့် စီမံကိန်း လက်မှတ်ရေးထိုး

တရုတ်အိမ်ခြံမြေ developer ဖြစ်သော R&F Properties က သြစတေးလျတွင် နေအိမ်ပေါင်း ၁၀၀၀၀ ဆောက်လုပ်မည့် စီမံကိန်း လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
22 Feb 2017 12:07 pm တွင် တင်ခဲ့သည်
1041 ကြိမ် ကြည့်ရှု့ပြီး
တရုတ်အိမ်ခြံမြေ developer ဖြစ်သော ကွမ်ကျိုး R&F Properties သည် ပြည်ပတွင် ဆောက်လုပ်ရေးစီမံကိန်းပေါင်း ၁၅ ခုခန့် ဆောက်လုပ် သွားဖွယ်ရှိရာ သြစတေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့တွင် နေအိမ်ပေါင်း ၁၀၀၀၀ ဆောက်လုပ်မည့် စီမံကိန်း လက်မှတ်ရေးထိုးလိုက်မှု လည်း အပါအဝင်ဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

သြစတေးလျဆောက်လုပ်ရေးစီမံကိန်းမှာ သြစတေးလျဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ (ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ) ကုန်ကျမည့် စီမံကိန်း ဖြစ်သည်။
လာမည့် ၁၅ နှစ်အတွင်း ဘရစ္စဘိန်းမြို့၏ အနောက်တောင်ဘက်၊ မဟာစပရင်းဖီးလ်ဒ်အရပ်တွင် အလယ်အလတ်နှင့် အထပ်မြင့် တာဝါများ တည်ဆောက်ရန် အတွက် ကွမ်ကျိုး R&F Properties သည် သြစတေးလျသို့ ပြောင်းရွှေ့အခြေစိုက်သည့် ပြည်မကြီးကုမ္ပဏီ Etone Australia Holdings၊ သြစတေးလျ ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သော Springfield Land Corporation တို့နှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

စီမံကိန်း၏ အမည်မှာ Central Gardens ဖြစ်ပြီး ရုံးခန်းနှင့် လက်လီနေရာပေါင်း စတုရန်းမီတာ ၉၀၀၀ အကျယ်အဝန်း ပါဝင်မည် ဖြစ်သည်။ကွမ်ကျိုးကုမ္ပဏီသည် ယခုနောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော် ဆောက်လုပ်ရေးလုပ်ငန်းများ အလုပ်ကိုင်ဆုံး
ကုမ္ပဏီများ၌ တစ်ခုအပါအဝင် ဖြစ်လာလျက်ရှိသည်။

“ကွမ်ကျိုး R&F Properties ၊ Etone ကုမ္ပဏီတွေနဲ့ လက်တွဲပြီး မဟာစပရင်းဖီးလ်ဒ်ရဲ့ ကြီးမားတဲ့စီမံကိန်းကြီးမှာ ပါဝင်ခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ် ” ဟု Springfield Land Corporation ၏
ဥက္ကဌ မဟာ ဆင်နာသမ်ဘီက ပြောကြားသည်။

မဟာစပရင်းဖီးလ်ဒ်သည် Springfield Land Corporation မှ ဆောက်လုပ်ပေးခဲ့သည့် သြစတေးလျ၏ ပထမဆုံးမြို့သစ်ကြီးဖြစ်ပြီး အကျယ်အဝန်းဟက်တာပေါင်း ၂၈၆၀ ရှိသည်။
ဘရစ္စဘိန်းမြို့တွင် လူဦးရေမြင့်တက်လာမှုကို အထောက်အကူဖြစ်စေရန်အတွက် လွန်ခဲ့သော ၂၂ နှစ်က တည်ထောင်ခဲ့သည့် မြို့သစ်လည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service