ပေကျင်းမှာရှိတဲ့ ရေအောက်ရထားဘူတာရုံလုပ်ငန်းများ
တည်ဆောက်ပြီးစီပြီဖြစ်ကြောင်းသိရပါတယ်။
Yongdingmen Wai ဘူတာဟာ ရထားလမ်းအမှတ် ၈ ရဲ့ တိုးချဲ့လမ်းပိုင်းမှာရှိပြီး ပေကျင်းမြို့ဟောင်းနံရံကို ၀န်းပတ်ထားတဲ့ ကျုံးကိုဖြတ်သန်းသွားတဲ့ မြေအောက် ဘူတာလည်းဖြစ်ပါတယ်။
၎င်းကို လောလောဆယ်မြေအောက် ရထားဘူတာ လမ်းပိုင်းအမှတ် ၁၄ နဲ့ချိတ်ဆက်ပြီးဆောက်လုပ် ထားတယ်လို့သိရပါတယ်။ တရုတ်နိုင်ငံ China Communications Construction Tunnel Engineering Corporation မှ ရန်ကျန်းက အဆိုပါ ရေအောက်ဘူတာတည်ဆောက်ခြင်းဟာ စိန်ခေါ်မှုအမြောက်အများနှင့်ရင်ဆိုင်ခဲ့ရကြောင်းပြောကြားခဲ့ပါတယ်။
ပထမဆုံးလူသွားလမ်းစင်္ကြန်တစ်ခုတည်ဆောက် ၊ ပြီးတော့မှ မြေအောက်ကိုလှိုဏ်ခေါင်းတူးစက်လေးခုနဲ့ ၊ ပြောင်းပြန်လည်ပတ် လှိုဏ်ခေါင်းတူးစက် တစ်လုံးကိုအသုံးပြုခဲ့ရပါတယ်။ တစ်ချိန်တည်းမှာ မြေထိန်းစက်နှစ်လုံးနဲ့ အခြေခံဘူတာအဆင့် ဘေးဘက်ကရေတွေကို ထုတ်ပစ်ရပါတယ်။ ဒါဟာကျနော်တို့ရဲ့တည်ဆောက်ရေးနည်းနာပါ. . လို့ရန်ကျန်းကထပ်လောင်းပြောကြားပါတယ်။
နောက်ပိုင်းအဆင့်တူးဖော်ရေးလုပ်ငန်းတွေမှာ ကျနော်တို့ဟာ ရေစုပ်စက်ကြီးတစ်လုံးကိုအသုံးပြုပြီး ရေငုပ်သမားတွေကိုလည်း အန္တရာယ်ဇုန်တွေဆီကို ဆင်းသက်ခိုင်းရပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ လုပ်ငန်းပြီးမြောက်ဖို့ အရေးပါတဲ့ဖြစ်စဉ်လည်းဖြစ်ပါတယ်။
ယခုကဲ့သို့တည်ဆောက်ပြီးစီးသွားခြင်းဟာ တရုတ်နိုင်ငံမြေအောက်ရထားလမ်းလုပ်ငန်းမှာ ပထမဆုံးအကြိမ်ရေအောက်တူးဖော်ဆောက်လုပ်ရေးနည်းပညာကို
အသုံးချလိုက်ခြင်းလည်းဖြစ်ပါတယ်။
Credit: Pyit Tine Htaung