တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၏ အိမ်သစ်ဈေးကွက်သည် စတင်၍ှပြန်လည်နာလန်ထူလာရန် ခန့်မှန်းထားကြသည့် ရှေ့လ (မတ်) မရောက်ရှိမီ ပြီးခဲ့သည့်သီတင်းပတ်တွင် ရောင်းအား
မြင့်တက်မှုအရှိန် ဆက်လက်ရရှိခဲ့သည်။
အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ အိမ်သစ်ဧရိယာ စတုရန်းမီတာ၉၃,၀၀၀ ကို ပြီးခဲ့သည့် တနင်္ဂနွေ (ဖေဖော်ဝါရီ ၁၉) တွင် ကုန်ဆုံးခဲ့သည့် ပြီးခဲ့သည့်
သီတင်းပတ်အတွင်း ရောင်းချခဲ့ရကြောင်း၊ ယင်းသည် ယင်းမတိုင်မီသီတင်းပတ်ထက်
၂၀ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ
Shanghai Centaline Property Consultants Co က
ယခုသီတင်းပတ် တနင်္လာနေ့(ဖေဖော်ဝါရီ ၂၀) တွင် ထုတ်ပြန်ခဲ့သည်။
ရောင်းချခဲ့ရသည့် ပျမ်းမျှအိမ်သစ်ဈေးနှုန်းသည်လည်း
၁ စတုရန်းမီတာလျှင် ၄၈,၉၀၀ ယွမ် (အမေရိကန်ဒေါ်လာ ၇,၁၁၁)
ရှိခဲ့ပြီး ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
"ဈေးကွက်က ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်းအတာအတွင်း အတော်လေးသင့်တင့်တဲ့နှုန်းနဲ့ မကြာသေးမီက အားကောင်းခဲ့ပါတယ်"
ဟု Centaline ၏ အကြီးတန်း
သုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။
"လက်ရှိပြန်လည်မြင့်တက်နှုန်း ဒီလိုပဲသွားနေမလားဆိုတာကိုတော့ အိမ်သစ်ရောင်းလိုအား(အထူးသဖြင့် အလယ်အလတ်မှ တန်ဖိုးနိမ့်တိုက်ခန်းများ) နဲ့ developer (မြေယာဝယ်ယူ၍အဆောက်အအုံဆောက်လုပ်ရောင်းချသူများ)
တွေရဲ့ ဈေးကွက်ထဲ အိမ်သစ်မိတ်ဆက်မှုနှုန်းတွေက အဓိကအဆုံးအဖြတ်ပေးသွားနိုင်ပါတယ်" ဟုလည်း သူက ပြော
ကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရှန်ဟိုင်း၌ အိမ်သစ် ရောင်းလိုအားသည်
လည်းစတုရန်းမီတာ ၁၁၉,၀၀၀ ခန့် ရှိခဲ့သည်။ သို့သော်လည်း ယင်းမတိုင်မီသီတင်းပတ်ထက်
၉၄ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းလည်း Centaline က ထုတ်ပြန်ခဲ့သည်။
ထိုအိမ်သစ်အများစုသည် နန်ဟွေနှင့် ဆုန်ကျန်းခရိုင်တို့ကဲ့သို့ မြို့စွန့်ကျသော အရပ်များတွင် ဖြစ်ခဲ့ပြီး ပျမ်းမျှဈေးနှုန်းမှာ ၁ စတုရန်းမီတာလျှင်
ယွမ် ၄ သောင်း မကျော်ခဲ့ပေ။
အဆင့်မြင့်နှင့် ဇိမ်ခံအိမ်ရာ စီမံကိန်းများ အားပါးတရရောင်းထွက်ခဲ့ပြီး ယင်းအနက် အရောင်းရဆုံးစီမံကိန်း ၅ ခုတွင် ၂ ခုကို ၁ စတုရန်းမီတာလျှင် ယွမ် ၈ သောင်းအထက်ဖြင့် ရောင်းချခဲ့ရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com