ရန်ကုန် မြို့တွင်း - မင်္ဂလာဒုံလေဆိပ် - ဟံသာဝတီလေဆိပ်တို့ကို ဆက်သွယ်မည့် မိုးပျံရထားလမ်းကြောင်းအတွက် ဂျပန်နှင့်ကိုရီးယားတို့ လေ့လာမည်

ရန်ကုန် မြို့တွင်း - မင်္ဂလာဒုံလေဆိပ် - ဟံသာဝတီလေဆိပ်တို့ကို ဆက်သွယ်မည့် မိုးပျံရထားလမ်းကြောင်းအတွက် ဂျပန်နှင့်ကိုရီးယားတို့ လေ့လာမည် - Property News in Myanmar from iMyanmarHouse.com
22 Feb 2017 10:39 am တွင် တင်ခဲ့သည်
4424 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန် မြို့တွင်း-မင်္ဂလာဒုံလေ ဆိပ်-ဟံသာဝတီလေဆိပ်တို့ကို ဆက်သွယ်မည့်မိုးပျံရထားလမ်းကြောင်းအတွက် ဂျပန်နိုင်ငံနှင့်ကိုရီးယားနိုင်ငံတို့က လေ့လာမှုများစတင်နေပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (မြန်မာ့မီးရထား) တာဝန်ရှိသူက ပြည်မြန် မာသတင်းဂျာနယ်သို့ပြောသည်။

အဆိုပါ လမ်းအတွက် လတ်တလော စိတ်ဝင်စားနေသောနိုင်ငံများအနေဖြင့် လမ်းကြောင်း သုတေသနလုပ်ငန်းများကို စတင်ရန် ဆွေးနွေးလျက်ရှိပြီး စီမံကိန်း တစ်ခုလုံးအတွက် ငွေကြေးကုန်ကျမှုကိုမူ အသေးစိတ် ထပ်မံတွက်ချက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ဆောင်ရန်အတွက် လုပ်ဆောင်မည့် ကုမ္ပဏီများကို တင်ဒါခေါ် မည်ဖြစ်ကြောင်း သိရသည်။

' ဟံသာဝတီလေဆိပ်ကတော့တင် ဒါအောင်ပြီးတော့လေဆိပ်အတွက် စပြီးတော့ လုပ်နေပြီပေါ့နော်၊ နိုင်ငံတကာလေဆိပ်က ဟံသာဝတီမှာ ဖြစ်မှာဆိုတော့ ရန် ကုန်နဲ့ဆက်သွယ်ဖို့အတွက်ကို ကားလမ်း ရော ရထားလမ်းရော စဉ်းစားနေတာပေါ့၊ကားလမ်းလည်းလိုမယ်၊ ရထားလမ်းကတော့မင်္ဂလာဒုံလေဆိပ်က ကျတော့ပြည် တွင်း ဖြစ်သွားမှာပေါ့နော်၊ ဖြစ်မယ်ဆိုတော့ ရန်ကုန် မြို့တွင်းရယ် မင်္ဂလာဒုံလေဆိပ်ရယ် ဟံသာဝတီလေဆိပ်ရယ် ဆက်သွယ်မယ့်လမ်းကြောင်းကို လုပ်ဖို့စဉ်းစားထားတယ်၊ MRT လို့ခေါ်တဲ့ ရထားတွေက ဟံသာဝတီလေဆိပ်က ထွက်တဲ့ခါမှာ လမ်းကြောင်းက မိုးပျံရထား ဖြစ်ဖို့များ တာပေါ့၊ အဲဒါကိုလုပ်ဖို့အတွက်စတာပါ' ဟု ယင်းတာဝန်ရှိသူကပြောသည်။

မိုးပျံရထားစီမံကိန်း တည်ဆောက် ရန် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ် ဆောင်ရှိနေသေးသည့်အပြင် ရင်းနှီး မြှုပ်နှံမှုလည်း များပြားသောကြောင့် လာ မည့် ငါးနှစ်ခန့်မှသာ စတင်နိုင်မည်ဟု ခန့် မှန်းထားကြောင်း၊ အဆိုပါလမ်းတည် ဆောက်ဖြစ်ပါက ယာဉ်ကြောပိတ်ဆို့ခြင်း၊ နိုင်ငံတကာလေကြောင်းလိုင်းများ၊ ပြည် တွင်းလေကြောင်းလိုင်းများအချိတ်အဆက်လည်း ပိုမိုလွယ်ကူလျင်မြန်ချောမွေ့ လာမည် ဖြစ်ကြောင်း သိရသည်။

' ဟံသာဝတီလေဆိပ်ဆောက်မှာမို့ ဆောက်လို့ရှိရင် ရန်ကုန်မြို့တွင်းနဲ့လျင်လျင် မြန်မြန်နဲ့သွားနိုင်တဲ့ကားလမ်း ရထားလမ်း ရှိမှပဲ အဲဒီလေဆိပ်ကြီးက လာတဲ့ခရီး သည်အတွက်က အဆင်ပြေမှာလေ၊ အဲတော့ Public Transportation ကိုနိုင်ငံတကာမှာလည်း ဒီလိုပဲ လုပ်ပေးရတာပေါ့၊ ကျွန်တော်တို့ကလည်း အဲဒီလေဆိပ်ကြီးရဲ့ efficien ဖြစ်မှုအတွက် လိုအပ်တာ ဖြစ်လို့ မိုးပျံရထားလမ်းလိုမျိုး ပြုလုပ်ဖို့စီစဉ်တာပါ'ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးအောင်ရဲထွန်းက ပြည်မြန်မာသတင်းဂျာနယ်ကို ပြောသည်။

Credit: PYI Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service