လယ်ယာကဏ္ဍချေးငွေ ပုဂ္ဂလိကဘဏ်တွေကို ဗဟိုဘဏ် ခွင့်ပြုမှာလား

လယ်ယာကဏ္ဍချေးငွေ ပုဂ္ဂလိကဘဏ်တွေကို ဗဟိုဘဏ် ခွင့်ပြုမှာလား - Property News in Myanmar from iMyanmarHouse.com
22 Feb 2017 10:01 am တွင် တင်ခဲ့သည်
731 ကြိမ် ကြည့်ရှု့ပြီး
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက ပြောကြားသည်။

”စိုက်ပျိုးတဲ့ သီးနှံအပေါ်မှာ မူတည်ပြီးတော့ ပဲ ချေးငွေ ထုတ်ပေးနိုင်သေး တယ်။ ဒါကြောင့် လယ်ယာကဏ္ဍပိုပြီး ဖွံ့ဖြိုးတိုးတက်စေဖို့ ပုဂ္ဂလိက ဘဏ်တွေကို ပါဝင်ခွင့်ပေးမှာ ဖြစ်ပါတယ်။ Private Bank တွေအနေနဲ့ နိုင်ငံတကာကို ပါဝင်ဆောင်ရွက်ခွင့်ပေးမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်မြို့ ရှိ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဖေဖော်ဝါရီ ၁၈ ရက်၌ ဝန်ကြီးက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရန် လုပ်ဆောင်ရာတွင် စိုက်ပျိုးသီးနှံ အ တွက် ချေးငွေထုတ်ပေးသော ကဏ္ဍတခုတည်းနှင့် လုံလောက်မှု မရှိနိုင်ဘဲ ဓာတ်မြေသြဇာများ၊ သွင်းအားစုများနှင့် အခြား ကဏ္ဍများပါ လိုအပ်သောေ ကြာင့် ပုဂ္ဂလိကဘဏ်များ ပါဝင်လာနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ပုဂ္ဂလိကဘဏ်များ လယ်ယာကဏ္ဍအ တွက် ချေးငွေချေးခွင့် ကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ခွင့်မပြုသေးပေ။

”ဒီလိုမျိုး ပုဂ္ဂလိက ဘဏ်တွေ ပါလာဖို့က ဗဟိုဘဏ်က စရမှာဖြစ်တယ်။ ပုဂ္ဂလိကဘဏ်တွေက ချေးငွေ ချေးခွင့် မပြုသေးဘူးဆိုတဲ့ သဘောမျိုး ရှိပါ တယ်။ ဒါက ဘဏ္ဍာအခွန်နဲ့ မဆိုင်ဘူး။ ဗဟိုဘဏ်နဲ့ပဲ ဆိုင်ပါတယ်။ ဗဟို ဘဏ်က လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဗဟိုဘဏ်က အဆင်ပြေရင် လုပ်ရ မှာ ဖြစ်ပါတယ်”ဟု ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။

ယင်းသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၏ ပြောကြားချက်နှင့် ဆက်လျဉ်းပြီး မြန်မာနိုင်ငံ ဗဟိုဘဏ်သို့ ဆက်သွယ်မေးမြန်းရာ ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် က ပေါ်လစီချမှတ်ရန် ဆွေးနွေးရန် ရှိကြောင်း ပြောဆိုသည်။

”ဗဟိုဘဏ်အနေနဲ့ ပေါ်လစီတခု ချပေးရမှာပေါ့နော်။ ဒီကိစ္စနဲ့ ပတ်သတ် ပြီး ဆွေးနွေးဖို့တော့ရှိပါတယ်။ အထက်ကိုတော့ မတင်ပြရသေးဘူးပေါ့နော်။ အဲဒါကလည်း နိုင်ငံတကာမှာ ပုဂ္ဂလိကဘဏ်တွေ ရဲ့ ချေးငွေသုံးသပ် တဲ့နေ ရာမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍတို့ ဘာတို့မှာ ရာခိုင်နူန်း အားဖြင့် တော်တော်ကို နည်းပါတယ်။ အခြား ဆောက်လုပ်ဧရိယာတို့ အခြားကဏ္ဍတို့မှာတော့ငွေချေးတာတော့ ရှိတယ်။ စိုက်ပျိုးရေး မှာ ချေးထား တဲ့ ရာခိုင်နူန်းက တော်တော်နည်းတဲ့အတွက် အစိုးရအနေနဲ့က ဒီဘက်က ဏ္ဍတွေကို ပံ့ပိုးပေးမယ်ဆိုလို့ရှိရင် ပုဂ္ဂလိကဘဏ်တွေကို စိုက်ပျိုးရေး ကဏ္ဍမှာတော့ ဘယ်နှစ်ရာခိုင်နူန်းလောက်တော့ ချေးသင့်တယ် စတဲ့ သတ်မှတ်ပေးတာမျိုး လုပ်နိုင်တဲ့ အနေအထား သွားတွေ့ရ တယ်”ဟု မြန်မာ နိုင်ငံ ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောသည်။

ယင်းကဲ့သို့ အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ ပူးပေါင်း လုပ်ဆောင်ရာ တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ လက်ရှိ လယ်သမားများ သို့ ချေးငွေ များ ထုတ်ချေးပေးနေသော အတိုးနူန်းနှင့် ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးေ ပးနိုင်သည့် အတိုးနူန်းမှာ ကွာဟနိုင်သောကြောင့် ဗဟိုဘဏ်အနေဖြင့် ပြန် လည် သုံးသပ်သင့်ကြောင်းလည်း ဦးဝင်းသော်က ဆိုသည်။

တောင်သူများအား ချေးငွေထုတ်ပေးရာတွင် လွယ်ကူစေပြီး ဝန်ကြီးဌာန ကွဲလွဲမှုမရှိစေရန်နှင့် ချေးငွေထုတ်ယူရာ၌လည်း မြန်ဆန်လာနိုင်စေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်သို့ ပြီး ခဲ့သည့် ဒီဇင်ဘာလက ပြောင်းရွှေ့ခဲ့သည်။

ထိုသို့ ရွှေ့ပြောင်းအပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် က တောင်သူများ အား စပါးတဧကလျှင် ကျပ်တသိန်းမှ တသိန်းငါးသောင်းကျပ်အထိ စိုက် ပျိုးရေးစရိတ်ချေးငွေများ လတ်တလော ထုတ်ချေးပေးလျက်ရှိပြီး အခြားသီးနှံ တဧကလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ထုတ်ချေးပေးရာမှ ကျပ်ငါးသောင်း အထိ တိုးမြှင့်ချေး ပေးနိုင်ရန်နှင့် နှစ်ရှည်ချေးငွေများ ထုတ်ချေးပေးနိုင်ရန် စီ စဉ်နေကြောင်း ကြေညာခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအဆို လယ်ယာ ကဏ္ဍသည် မြန်မာ့ဂျီဒီပီ၏ ၃၅ မှ ၄၀ ရာခိုင်နှုန်းကြား ရှိသည်။ ၂၀၁၆ ခုနှစ်အတွင်း အာဏာရလာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရအနေဖြင့်လည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးကို စီးပွားရေးပြုပြင်ပြောင်းလဲမှု မူဝါဒတွင် အရေးတကြီး ထားရှိခဲ့သည်။

“ဒီလိုမျိုး ပုဂ္ဂလိကဘဏ်တွေနဲ့ စိုက်ဘဏ်တို့ ပူးပေါင်းပြီး လယ်သမားတွေ အတွက် လုပ်ပေးမယ်ဆိုရင် အတိုးနှုန်းတွေ သက်သာလာနိုင်တယ်။ ပြီးတော့ နှစ်ရှည်ပေါ့နော်။ ဥပမာ တနှစ်လောက်အထိ ဈေးသက်သက် သာသာနဲ့ ချေးယူနိုင်မယ်။ ဒါပေမယ့် တခုရှိတာက သမဘဏ်လိုမျိုး ဆိုရင်တော့ ကျနော်တို့ လယ်သမားတွေအတွက် အကျိုးမရှိနိုင်ဘူး။ ဘာလို့ လဲဆိုတော့ ဒါက စာရင်းပဲရှိတယ်။ ချေးငွေက လယ်သမားလက်ထဲ အပြည့် အ၀ မရောက်ဘူး။ စုငွေဆိုပြီး ပြီးသွားတာ။ ဥပမာ ငွေတသိန်း လယ်သမား ကချေးရင် လယ်သမားလက်ထဲ ကျပ်တသိန်း အပြည့်အ၀ မရောက်ဘူး။ စုငွေ ဆိုပြီးတော့ ပိုက်ဆံကိုဖြတ် ယူထားလိုက်တယ်။ နောက်တခါ အတိုးနဲ့ အရင်းပြန်ထည့်၊ စုငွေပြန်ထည့်ဆိုတော့ ချာလည်လည်ပြီး စိတ်ကုန်ပြီး လယ်သမားတွေက ထွက်ကုန်ရော။ အဲဒီတော့ ဒီလိုမျိုး စနစ်ဆို အဆင်မပြေ ဘူး” ဟု ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှ တောင်သူ ဦးကျော်ခိုင်က ပြောသည်။


Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service