တရားထိုင်စတူဒီယို လုပ်ငန်းတွေ ဟာ ဈေးကွက်ထဲ မှာ ဒေါ်လာ ၁ ဘီလီယံထိ ကျယ်ပြန့်လာနေပြီး လုပ်ငန်းရှင် ပေါင်းများစွာက တရားထိုင် studio တွေ ဖွင့်လှစ်လာ

တရားထိုင်စတူဒီယို လုပ်ငန်းတွေ ဟာ ဈေးကွက်ထဲ မှာ ဒေါ်လာ ၁ ဘီလီယံထိ ကျယ်ပြန့်လာနေပြီး လုပ်ငန်းရှင် ပေါင်းများစွာက တရားထိုင် studio တွေ ဖွင့်လှစ်လာ - Property News in Myanmar from iMyanmarHouse.com
21 Feb 2017 11:04 am တွင် တင်ခဲ့သည်
1973 ကြိမ် ကြည့်ရှု့ပြီး
အမျိုးသမီး ဖက်ရှင်အ၀တ်အထည်စတိုးဆိုင် လုပ်ငန်းတစ်ခုဖြစ်တဲ့
Intermix ရဲ့ ပိုင်ရှင်ဟောင်းဖြစ်တဲ့ Khajak Keledjian ဟာ
၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ သူ့ရဲ့ တရားထိုင်ခြင်း အလေ့အထက
နေအကျိုးအမြတ်ကောင်းကျိုးတွေ များစွာ ရရှိနေပြီ ဖြစ်ပါတယ်။

သူဟာ ယခုအခါ နယူးယောက်အခြေစိုက် Inscape လို့ခေါ်တဲ့
တရားထိုင်စတူဒီယို တစ်ခုကို ဖွင့်လှစ်ထားပြီးတော့ ယင်းကနေ
တဆင့် ကမ္ဘာကြီးကို စိတ်အေးချမ်းတည်ငြိမ်စေတဲ့ အလေ့အထကို
ပြန့်ပွားမိတ်ဆက်စေဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

တရားထိုင် စတူဒီယို ဈေးကွက်ဟာလည်း ယခုဆိုရင် ဒေါ်လာ
၁ ဘီလီယံထိ ကြီးမားကျယ်ပြန့်လာနေကာ အများအကြား
ပေါ်ပြူလာဖြစ်လာနေတဲ့အပြင် ယနေ့နည်းပညာခေတ်ထဲမှာလည်း
ခေတ်မီဆန်းပြားတဲ့အထောက်အကူပြု နည်းပညာ
အက်ပလီကေးရှင်းတွေကပါ ယင်းလုပ်ငန်းကို များစွာ
ထောက်ပံ့ပေးထားနိုင်ပြီ ဖြစ်ပါတယ်။

Khajak Keledjian ရဲ့ Inscape ကတော့ တရားထိုင် ခြင်း
အလေ့အထကို လုပ်ဆောင်လိုသူတွေအတွက် ကျွမ်းကျင်
နားလည်သူတွေက လမ်းညွန်ပြသမှုတွေနဲ့ အတူ အုပ်စုလိုက်
သင်တန်းအစုအဖွဲ့တွေနဲ့ပါ လုပ်ဆောင်နိုင်မယ့် နေရာကောင်း
တစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ်။

Inscape ရဲ့ ဧည့်ခန်းကိုတော့ ယောဂစတူဒီယို တစ်ခုအတိုင်း
ဖွဲ့စည်းပြင်ဆင်ထားပါတယ်။ စာအုပ်တွေ၊ ဖယောင်းတိုင်တွေ
ကိုလည်း ၀ယ်ယူရရှိနိုင်မှာဖြစ်သလို လော့ကာတွေ၊ နားနေခန်း
တွေလည်း အနောက်ဘက်မှာ ရှိနေပါတယ်။

လမ်းညွန်ပြသပေးမယ့်ဆရာဆရာမတွေကလည်း ဒီကို ရောက်လာ
သူတိုင်းကို တိတ်ဆိတ်တည်ငြိမ်စွာနဲ့ပဲ ကြိုဆိုပေးလာမှာ ဖြစ်ပါတယ်။
စိတ်ကို တည်ငြိမ်ပြေလျော့သက်သာစေဖို့အတွက် ယောဂ
ဘောင်းဘီနဲ့ ချောင်ချိတဲ့ အကျီတို့ကိုပါ ၀တ်ဆင်နိုင်ပါတယ်။

ယင်းမှာ တက်ရောက်နိုင်တဲ့ အတန်းတွေ အမျိုးမျိုး ရှိနေပြီး
နှစ်သက်ရာ ရွေးချယ်တက်ရောက်နိုင်ပါတယ်။ "Focus" ဆိုတဲ့
အတန်းမှာဆိုရင် တက်ရောက်သူတွေကို တစ်ခုတည်းအပေါ်မှာပဲ
စိတ်ကို နှစ်ထားစေတဲ့အလေ့အကျင့်ကို ပြသပေးမှာဖြစ်တယ်လို့
သိရပါတယ်။

Inscape ဟာ တရားထိုင်ခြင်းနဲ့ပတ်သက်တဲ့ အခြားသော
လေ့ကျင့်မှုအပိုင်းတွေကိုပါ သင်ကြားပြသပေးမှာဖြစ်ပြီး
ယင်းတို့ထဲမှာတော့ သတိတရားကို ထိန်းကပ်မှု၊ စိတ်မှာ
ရုပ်လုံးဖော်မြင်ယောင်မှု စတာတွေ ပါဝင်မှာဖြစ်ပါတယ်။

ဒီထဲကို ရောက်လာသူတွေရဲ့ စိတ်တွေကို တည်ငြိမ်စေဖို့အတွက်
သင်ကြားပြသသူ က နည်းလမ်းပြသပေးမှာဖြစ်ပါတယ်။ အသက်ကို
တည်တည်ငြိမ်ငြိမ် မှတ်ပြီး ရှုရှိုက်ဖို့၊ ၀င်သက်ထွက်သက်
တစ်ခုပေါ်မှာပဲ မှတ်သားဖို့ ပြသပေးမှာဖြစ်ပါတယ်။
Inscape ကနေ ပြန်သွားမယ်ဆိုရင် ယခင်ကထက် ပိုမိုစိတ်
တွေ ပြေလျော့သက်သာနေတာကို တွေ့ရနိုင်မှာဖြစ်ပြီးတော့
နယူးယောက်မှာ တွေ့ရဖို့ခက်တဲ့ တကယ်ပဲဆိတ်ငြိမ်
အေးဆေးတဲ့နေရာကနေ အကျိုးကျေးဇူးတွေ များစွာ ရရှိဖို့ရှိနေပါတယ်။

Credit: Business Insider
တရားထိုင်စတူဒီယို လုပ်ငန်းတွေ ဟာ ဈေးကွက်ထဲ မှာ ဒေါ်လာ ၁ ဘီလီယံထိ ကျယ်ပြန့်လာနေပြီး လုပ်ငန်းရှင် ပေါင်းများစွာက တရားထိုင် studio တွေ ဖွင့်လှစ်လာ - Property News in Myanmar from iMyanmarHouse.com
တရားထိုင်စတူဒီယို လုပ်ငန်းတွေ ဟာ ဈေးကွက်ထဲ မှာ ဒေါ်လာ ၁ ဘီလီယံထိ ကျယ်ပြန့်လာနေပြီး လုပ်ငန်းရှင် ပေါင်းများစွာက တရားထိုင် studio တွေ ဖွင့်လှစ်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service