ရန်ကုန်တွင် မြေဈေးကျအောင်လုပ်နေ၍ တဖြည်းဖြည်း ကျရန်သာရှိကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြော

ရန်ကုန်တွင် မြေဈေးကျအောင်လုပ်နေ၍ တဖြည်းဖြည်း ကျရန်သာရှိကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြော - Property News in Myanmar from iMyanmarHouse.com
20 Feb 2017 10:06 am တွင် တင်ခဲ့သည်
4766 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအတွင်း မြေဈေးကျအောင် ဆောင်ရွက်နေခြင်းကြောင့် လုပ်ငန်း ရှင်များက မြေတန်ဖိုးမြင့် တက်လာနိုင်ခြေရှိသည် ဆိုသော မျှော်လင့်ချက် များမထားရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒုသမ္မတနှင့် စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံပွဲ၌ သတိပေးပြောကြားသည်။

‘‘မြေယာစီမံခန့်ခွဲမှုကို အစိုး ရက စနစ်တကျလုပ်ဆောင်နေပါ တယ်။ မြေတန်ဖိုးတွေကျသွား အောင် တိုင်းအစိုးရ လုပ်ဆောင် နေတယ်။ လုပ်ငန်းရှင်တွေ မြေအ ပေါ်မှာ မျှော်လင့်ချက်တွေရှိနေမှာ စိုးလို့ပြောပြတာ ပါ။ မြေတန်ဖိုးက ရန်ကုန်မှာ တဖြည်းဖြည်းကျဆင်း လာဖို့ပဲရှိတယ်’’ဟု ဦးဖြိုးမင်းသိန်း က ပြောသည်။

ရန်ကုန်မြို့ရှိ အိမ်ရာစီမံကိန်းအဟောင်းများကို အဆင့် မြှင့်တင်ရန် ဂျပန်အ ပါအ၀င် နိုင်ငံ ခြားကုမ္ပဏီများနှင့် ဆွေးနွေးနေ ခြင်း၊ ရန်ကုန်မြို့အနီး ၀န်း ကျင် တွင် အဆောက်အအုံတည် ဆောက်မှုမရှိဘဲ မြေကွက်လွတ် အတိုင်း ထားရှိသည့် အိမ်ရာစီမံ ကိန်းများကို အမြန်ဆုံးလုပ်ဆောင် ရန်ရှိနေသည်ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

အိမ်ခြံမြေ ဈေးကွက်တွင် ၀င်ရောက်ဈေးကစားမှုများကို ထိန်းချုပ်ရန် လွှတ်တော်ကလည်း ပိုင်ဆိုင်မှုအခွန် ကောက်ခံရန် ဥပဒေကို စတင်ရေး ဆွဲနေ ကြောင်း ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ် (၁)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာသန်းဝင်းက ပြောသည်။

‘‘ဒီဥပဒေ ပြဋ္ဌာန်းပြီးရင် ရောင်းသူတွေ အရမ်းများလာ မယ်။ ဈေးနှုန်းတွေလည်း ထပ်ကျ လာနိုင်တယ်’’ဟု မဏ္ဍိုင်အိမ်ခြံ မြေ အကျိုးဆောင်ကုမ္ပဏီမန်နေ ဂျင်းဒါရိုက်တာ ဦးသန်းဦးကပြော ကြားသည်။

ပိုင်ဆိုင်မှုဆိုင်ရာ အခွန် ကောက်ခံမှုသည် ပြည်ပတိုင်း ပြည်များတွင် လူတစ်ဦးက နေ ထိုင်ရန် အိမ်တစ်လုံးထက် ပိုမိုပိုင် ဆိုင်ပါက ကောက်ခံသည့် အခွန် မျိုးဖြစ်ကြောင်း စီးပွားရေးလုပ် ငန်းရှင်အချို့က ပြောသည်။

လက်ရှိတွင် တန်ဖိုးကြီးအိမ် မြေများအပါအ၀င် အိမ်ခြံမြေ၌ ရင်းနှီးမြှုပ်နှံသူများသည် ငွေကြေး အင်အားချမ်းသာသူများက အ များစုဖြစ်နေခြင်းကြောင့် အစိုးရ အနေဖြင့် ဥပဒေကို အတိအကျ အကောင်အထည်ဖော်နိုင်မည့် အခြေအနေကိုလည်း စီးပွားရေး လုပ်ငန်းရှင်အချို့က မျှော်လင့်နေ သည်။

အိမ်ခြံမြေအကျိုးဆောင်အ ချို့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မကြာမီပြဋ္ဌာန်းခဲ့ သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ဥပဒေကြမ်းအဆင့်အထိ ရေးဆွဲပြီးသည့် မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေတို့ကြောင့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူများကို ပြည် တွင်း၌ စီးပွားရေးလုပ်ရန် ရင်းနှီး မြှုပ်နှံမှုများ ဆွဲဆောင်နိုင်ခြေရှိသ ဖြင့် ငြိမ်သက်နေသော အိမ်ခြံမြေ ဈေးကွက် အရှိန်အဟုန်ဖြင့် တိုး တက်လာမည်ဟု မျှော်မှန်းနေ သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service