ပုသိမ်ဟိုတယ်အား သိန်းနှစ်ရာဖြင့် ငှားရမ်းကြောင်း စည်ပင်သာယာရေးဝန်ကြီးပြော

ပုသိမ်ဟိုတယ်အား သိန်းနှစ်ရာဖြင့် ငှားရမ်းကြောင်း စည်ပင်သာယာရေးဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
17 Feb 2017 10:51 am တွင် တင်ခဲ့သည်
2574 ကြိမ် ကြည့်ရှု့ပြီး
ပုသိမ်မြို့၊ ကန်သုံးဆင့်အား တစ်နှစ်၆၅သိန်း၊ ပုသိမ်ဟိုတယ်အား သိန်းနှစ် ရာဖြင့် ငှားရမ်းကြောင်း စည်ပင်သာယာရေးဝန်ကြီးပြောသည်။

"လွှတ်တော်တွေပေါ်လာတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေ တည်း ခိုနေထိုင်စရာ အဆောက်အဦ မရှိတဲ့အတွက် ပြည်နယ် တိုင်းဒေသကြီးတွေ မှာ ဟိုတယ်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုနေ ထိုင်နိုင်အောင် စီမံခန့်ခွဲဖို့လိုအပ်လာတဲ့အတွက် တိုင်းဒေသကြီးတစ်ခုကို ဟိုတယ်တစ်ခု၊ ပြည်နယ်တစ်ခု ဟိုတယ်တစ်ခု ထွေအုပ်ကို စီမံခန့်ခွဲဖို့၊ ငှားရမ်းဖို့ လွှဲပြောင်းပေးထားတာရှိပါတယ်”ဟု စည်ပင်သာ ယာရေး ဝန်ကြီးဦကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။

ပုသိမ်ဟိုတယ်ကို ဟိုတယ်ခရီးဝန်ကြီးဌာနက အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနကို လွှဲပြောင်းပေးထားကြောင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တစ်နှစ်ကို သိန်းနှစ်ရာနဲ့ ငှားရမ်းထားကြောင်း ၀န်ကြီးက ပြော သည်။

"Royal Lake ကို နှစ်ရှည်စာချုပ်တော့ချုပ်ထားတဲ့ ငှားရမ်းခဈေးနှုန်းတွေကို တစ်နှစ်တစ်ကြိမ် သင့်တော်တဲ့ ဈေးနှုန်းနဲ့ ပြောင်းလဲသတ်မှတ်ဖို့ဆိုတဲ့ သတ် မှတ်ချက်ရှိတယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမ သို့ ပြောသည်။

အစိုးရပိုင်မြေနဲ့ အဆောက်အဦ ငှားရမ်းခတွေ၊ စည်ပင်ပိုင်မြေ အဆောက် အဦ ငှားရမ်းခများ အား ခေတ်ကာလနှင့် လျော် ညီသော နှုန်းထား များဖြစ်အောင် စိစစ်ရန် တိုင်းဒေသကြီးအဆင့် အဖွဲ့ ဖွဲ့ ဆောင်ရွက် ရန် ပြည်ထောင်စုမှ နှိုးဆော်စာ ရောက်နေကြောင်း ဝန်ကြီးက ပြောသည်။

Royal Lake ဟိုတယ်အား ၂၀၁၅-၁၆ဘဏ္ဍာနှစ်တွင် သိန်း ၆၀၊ တစ်နှစ်၂၀၁၆-၁၇ ခုနှစ်တွင် ၆၅ သိန်းဖြင့် စည်ပင်သာယာရေးက ငှားရမ်း ထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနပိုင် အဆောက်အဦ ၃၉လုံးရှိကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ငှားရမ်းခ ၅၀၀သိန်းကျော် ရရှိခဲ့ကြောင်း စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြောသည်။

ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာနပိုင် အဆောက်အဦ ၆၉ လုံး ရှိပြီး၊ပုဂ္ဂိုလ်က လုပ်ငန်းရှင်က တစ်နှစ် ငှားရမ်းလုပ်ကိုင်တဲ့ အဆောက်အဦ ၃၉လုံးကို တစ်နှစ်စာချုပ်နဲ့ ငှားရမ်းလုပ်ပိုင်ခွင့်ပြုခဲ့ကြောင်း ဝန်ကြီးက လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ကျပ်၃၈၉သိန်းကျော်၊၂၀၁၅-၁၆ဘဏ္ဍာနှစ်မှာ အဆောက်အဦ ငှားရမ်းခ ၄၇၇သိန်း၊ ကုန်သွယ်ခွန် ၂၂သိန်းကျော်၊ ၂၀၁၆- ၁၇တွင် အဆောက်အဦ ငှားရမ်းခ သိန်း ၅၀၀ကျော်၊ ကုန်သွယ်ခွန်၂၄ သိန်းကျော် ရရှိခဲ့သည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service