တန်ဖိုးနည်း တိုက်ခန်းများ အရောင်းအဝယ်ဖြစ်လာ

တန်ဖိုးနည်း တိုက်ခန်းများ အရောင်းအဝယ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
17 Feb 2017 10:38 am တွင် တင်ခဲ့သည်
1566 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေ ဈေးကွက်အတွင်း ယခင်က တိုက်ခန်းအငှားဈေးကွက်သာ ပိုမိုများ ပြားသော်လည်း ယခုအခါ တန်ဖိုးအသင့်အတင့်နှင့် တန်ဖိုးနည်းအခန်းများ အငှားထက် အရောင်းအဝယ် ပိုမိုဖြစ်ထွန်းလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

''တိုက်ခန်းတွေကတော့ မရမ်းကုန်းမြို့ နယ်ဘက်က သုံးလွှာ၊ လေးလွှာလောက်တွေဆို ကျပ်သိန်း ၃၅ဝလောက်ကစတဲ့ အခန်း တွေရှိတော့ အဲဒီဘက်တွေ အဝယ်လိုက်လာတယ်။ ငှားရမ်းခက တစ်လကို တစ်သိန်းခွဲ အနည်းဆုံးဆိုတော့ ရေရှည်အတွက်အဆင် မပြေကြဘူး။ လက်ထပ်ပြီး တကယ်နေထိုင်ဖို့ လာဝယ်တဲ့သူတွေများပါတယ်''ဟု ဝါရင့်အိမ် ခြံမြေအကျိုးဆောင် ဦးချစ်က ပြောသည်။

တိုက်ခန်းဈေးကွက်တွင် ကျပ်သိန်း ၃၅ဝ မှ ၅ဝဝ ဝန်းကျင်တိုက်ခန်းများ အ ရောင်းအဝယ်ရှိလာပြီး ယခုကာလတွင် အသင့်နေထိုင်နိုင်သည့် အခန်းများကိုပါအရစ်ကျ ရောင်းချပေးခြင်းများလည်းရှိလာကြောင်း သိရသည်။

ထို့အပြင် အချို့မြေပိုင်ရှင်များသည်လည်း ကန်ထရိုက်နှင့် အကျိုးတူဆောက်လုပ်ထားသည့် တိုက်ခန်းများကိုပါ ကနဦးရာခိုင် ၃ဝနှုန်း ပေးသွင်းစေပြီး ညှိနှိုင်းမှုဖြင့် လစဉ်အရစ်ကျပေးချေစနစ်ဖြင့် ရောင်းချလာ ကြောင်း သိရသည်။ အရစ်ကျရောင်းတဲ့ တိုက်ခန်းတွေက တော့ အပြင်ပေါက်ဈေးထက် ၁ဝ သိန်း၊ ၁၅ သိန်းလောက် ပိုများတာပေါ့။

အချို့ကျတော့ ပွဲစားမပါဘဲ ကိုယ့်အသိထဲကတို့၊ ဆွေနီးမျိုး စပ်တွေကိုမှ ရောင်းတယ်။ တစ်လငါးသိန်း လောက်နဲ့ သုံးနှစ်ပေးသွင်းကြတာမျိုးပေါ့''ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ တန်ဖိုးသင့်နှင့် တန်ဖိုးနည်းတိုက်ခန်းများတွင် မရမ်းကုန်း၊ တောင်ဥက္ကလာ၊ ကြည့် မြင်တိုင် စသည့်မြို့နယ်များ၌ အရောင်းအဝယ်ပိုမိုဖြစ်ထွန်းကြောင်း သိရသည်။

Credit: Yangon Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service