ရန်ကုန်တွင် မြေအောက်ရထားစနစ် လုပ်ဆောင်ရန် ဂျပန်နှင့် တိုင်ပင်နေကြောင်း ပို့ဆောင်ရေးဝန်ကြီးပြော

ရန်ကုန်တွင် မြေအောက်ရထားစနစ် လုပ်ဆောင်ရန် ဂျပန်နှင့် တိုင်ပင်နေကြောင်း ပို့ဆောင်ရေးဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
17 Feb 2017 9:49 am တွင် တင်ခဲ့သည်
2904 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် မြေအောက်ရထားစနစ် လုပ်ဆောင်ရန် ဂျပန်နှင့် တိုင်ပင် ထားကြောင်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က သတင်းထောက်များအား ပြောသည်။

အဆိုပါ မြေအောက်ရထား စနစ်သည် ရန်ကုန်ဘူတာကြီးမှ မင်္ဂလာဒုံလေ ဆိပ်သို့ တောင်မှ မြောက်သို့ ပြေးဆွဲမည့် Urban Mass Rapid Transit (MRT) စနစ်ဖြစ်ကြောင်း၊ ၀န်ကြီးက ဖေ ဖော်ဝါရီ ၁၆ ရက်တွင် ကျင်း ပ သော ပြည်သူ့လွှတ်တော်အစည်း အဝေးအပြီး၌ သတင်းထောက် များအား ပြောသည်။

‘‘ရန်ကုန်မြို့က တချို့လမ်း တွေကျဉ်းတယ်။ မြေအောက်က သွားမယ်။ တချို့နေရာမြေမရှိရင် မော်တော်ကားလမ်းအောက်က သွားမယ်။ အဲဒါက အလွယ်ဆုံးပဲ။ တိုက်တွေအောက်မှာဆို အုတ် မြစ်တွေရှိမယ်။ အဲဒါ မျိုးတွေပေါ့။ ဘယ်ဟာဖြစ်သင့်လဲဆိုတာပေါ့။ နောက်တစ်ခါမြေပေါ်က သွား မယ့်ဟာရှိတယ်။ လေထဲက သွား မယ့်ဟာလည်းရှိမယ်။ မက်ထရို (မြေအောက်ရထား)တော်တော် များများဟာ သူရဲ့ ပထ၀ီဝင် အ နေအ ထားအရ မြေပေါ်က သွားရ တာလည်းရှိတယ်။ မြေအောက် က သွားရ တာလည်း ရှိတယ်။ အဲ ဒါတွေ မတ်လမှာ ထပ်လုပ်ဖို့ရှိ တယ်’’ဟု ၀န်ကြီးက ပြောသည်။

မြေအောက်ရထားစနစ် သည် ချက်ချင်းဖြစ်နိုင်မည် မဟုတ်သော်လည်း အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

ထို့အပြင် မိုးပျံရထားစနစ်ကို ပါ ရန်ကုန်တွင် တည်ဆောက်နိုင် ရန် စဉ်းစားသင့်ကြောင်း ၀န်ကြီး က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် စတင်အ ကောင်အထည်ဖော်နေပြီဖြစ်သော ဟံ သာဝတီ အပြည်ပြည်ဆိုင်ရာ လေ ဆိပ်စီမံကိန်းနှင့် အချိန်ကိုက်ဖြစ် စေရန် ယင်းရ ထား စနစ်များအ တွက် ဂျပန်နှင့် တိုင်ပင်နေကြောင်း ၀န်ကြီးက ပြောသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြော ကျပ်တည်းမှုများ နေ့စဉ်ဆိုးရွား လာနေပြီး ယင်းကိုဖြေရှင်းရန် အ စီအစဉ်တစ်ရပ်အဖြစ် တိုင်းအစိုး ရက ပြီးခဲ့သည့်လ တွင် ရန်ကုန် ဘတ်စ်ကားဝန်ဆောင်မှုစနစ်ကို စတင်ခဲ့သော်လည်း လက်ရှိအ ချိန်ထိ အောင်မြင်အဆင်ပြေခြင်း မရှိသေးပေ။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service