လာမယ့်ဘဏ္ဍာရေးနှစ်ကစပြီး အိမ်ခြံမြေဈေးကွက် ဦးမော့မယ် မျှော်မှန်း

လာမယ့်ဘဏ္ဍာရေးနှစ်ကစပြီး အိမ်ခြံမြေဈေးကွက် ဦးမော့မယ် မျှော်မှန်း - Property News in Myanmar from iMyanmarHouse.com
16 Feb 2017 12:03 pm တွင် တင်ခဲ့သည်
2731 ကြိမ် ကြည့်ရှု့ပြီး
အစိုးရဘတ်ဂျက် ရေးဆွဲမှုပေါ်မူတည်ပြီး လာမယ့် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်အစဖြစ်တဲ့ ဧပြီလလောက်မှာ အိမ်ခြံမြေဈေးကွက် ပြန်လည် ဦးမော့လာနိုင်မယ်လို့ ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ခန့်မှန်း တွက်ချက်နေကြပါတယ်။

မြန်မာရွှေဥဒေါင်းမင်းနဲ့ မဟာနဝရတ်မြေဆောက်လုပ်ရေးလုပ်ငန်း ဥက္ကဋ္ဌ ဦနိုင်ဝင်းက ဧပြီမှာ ဘတ်ဂျက်ရော စည်းမျဉ်းစည်း ကမ်းတွေရော အကုန်လုံးကြေညာပါလိမ့်မယ်၊ ဘတ်ဂျက်ဘယ်အတွက် ဘယ်လောက် ဆိုရင် ကျွန်တော်တို့လုပ်ငန်းတွေ လုပ်ရမှာပဲလေ၊ အဘက်ဘက်က စီးပွားရေး export import စတဲ့မူတွေ အကုန်လုံး ကြေညာပြီး သွားရင် စီးပွားရေးကောင်း မယ်၊ လက်ရှိက မကောင်းတာမဟုတ်ဘူး ခဏနားနေ တာလို့ ပြောပါတယ်။

သည်လာမယ့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်က အစိုးရသစ်ရဲ့ပထမဆုံး ဘတ်ဂျက်ရေးဆွဲရတဲ့နှစ်ဖြစ်တာကြောင့် အစိုးရရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ကိုင်ခွင့်တွေနဲ့ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်တွေ မျှော်လင့်နေကြတာဖြစ်ပါတယ်။

အိမ်ခြံမြေ တိုက်ခန်းဈေးကွက်မှာလည်း တန်ဖိုးကြီးမြေကွက်တွေနဲ့ ကွန်ဒို တိုက်ခန်းတွေ အရောင်းအဝယ်ရပ်နေပြီး တန်ဖိုး နည်းမြေကွက်နဲ့ ကျပ်သိန်း ၂၀ဝ၊ ၃၀ဝ ဝန်းကျင်တိုက်ခန်းတွေသာ အရောင်းအဝယ်ဖြစ်နေပါ တယ်။ တန်ဖိုးကြီး အိမ်ခြံမြေ တိုက်ခန်း ဈေးကွက် အရောင်းအဝယ်အေးနေတာ စီးပွားရေးအခြေအနေ ကျဆင်းနေတာကြောင့်ဖြစ်ပြီး နိုင်ငံစီးပွားရေး ဦးမော့တာနဲ့ တန်ဖိုးကြီး အိမ်ခြံမြေ တိုက်ခန်းတွေ ပြန်လည် အရောင်း သွက်လာမယ်လို့ မျှော်လင့်နေကြပါတယ်။

မြန်မာရွှေဥဒါင်းမင်းနဲ့ မဟာနဝရတ်မြေဆောက်လုပ်ရေးလုပ်ငန်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက နိုင်ငံစီးပွားရေးဦးမော့တာနဲ့ ကျွန်တော်တို့ တိုက်ခန်းတွေအကုန် ကုန်သွားပါလိမ့်မယ်၊ လောက်တောင် မလောက်ဘူး၊ အများကြီးပြန်ဆောက် ရမှာ ပါ၊ နိုင်ငံဖွံ့ဖြိုးရင် ကန်ထရိုက်တွေ အများကြီး ပြန်ဆောက်ရမှာ ပါ၊ ဖောက်သည်တွေ အများကြီးရှိတယ်၊ အဓိက စီပွားရေး ကောင်းသွား ရင်လို့ လက်ရှိ ကွန်ဒို တိုက်ခန်းဈေးကွက် အခြေအနေကို ရှင်းပြပါတယ်။

လက်ရှိအိမ်ခြံမြေတိုက်ခန်း ဈေးကွက်က ကွန်ဒိုတိုက်ခန်းတွေ နဲ့ ဈေးမြင့် အခန်းကျယ်တွေ အရောင်းအဝယ် လုံးဝ ရပ်တန့်နေပြီး  တန်ဖိုးနည်း အခန်းတွေသာ အရောင်းအဝယ်ဖြစ်နေတာဖြစ်ပါ တယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန က နှစ်ရှည် အရစ်ကျရောင်းချတဲ့ တန်ဖိုးနည်း၊ တန်းဖိုးမျှ စတဲ့ အိမ်ရာတွေကို ဝယ်ယူသူ များပြားနေပြီး ပုဂ္ဂလိကကနေ ဘဏ်နဲ့ချိတ်ဆက်ပြီးရောင်းချတဲ့ အရစ်ကျ တိုက်ခန်းတွေက လူစိတ်ဝင်စား ဝယ်ယူမှုများပြားနေတာဖြစ်ပါတယ်။

အများဆုံးအရောင်းအဝယ် ဖြစ်နေတာကတော့ ကျပ်သိန်း ၁၀ဝ ဝန်းကျင် အရစ်ကျ တိုက်ခန်းတွေ ပဲဖြစ်ပါတယ်။ အရင်က ကြို ပွိုင့် တိုက်ခန်းတွေကို အရစ်ကျရောင်းချတာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့အသင့်နေထိုင်လို့ရတဲ့ တိုက်ခန်းတွေကိုပါ အရစ်ကျရောင်းချလာကြပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service