ပုဂံယဉ်ကျေးမှု အမွေအနှစ် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှအများဆုံး ကူညီထောက်ပံ့

ပုဂံယဉ်ကျေးမှု အမွေအနှစ် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှအများဆုံး ကူညီထောက်ပံ့ - Property News in Myanmar from iMyanmarHouse.com
16 Feb 2017 11:29 am တွင် တင်ခဲ့သည်
1173 ကြိမ် ကြည့်ရှု့ပြီး
ပုဂံ ဒေသ ယဉ်ကျေးမှု အမွေအနှစ် စေတီ ပုထိုးများ ပြန်လည် ပြုပြင်ရေးတွင် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှ အများဆုံး ကူညီထောက်ပံ့မှုများ ပြုလုပ်ထားကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက့ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

“ပုဂံ ဒေသ ယဉ်ကျေးမှု အမွေအနှစ် စေတီ ပုထိုးတွေ ပြန်လည် ပြုပြင်ဖို့ အခုဆိုရင် ပြည်တွင်း ၊ ပြည်ပ မိတ်ဆွေ နိုင်ငံတွေက လှူတဲ့ အလှူငွေနဲ့ လုံလောက်နေပါပြီ။တရုတ်ပြည်သူ့ သမ္မတ နိုင်ငံက လှုဒါန်းငွေကတော့အဓိက ဖြစ်ပါတယ်။အများဆုံးလဲ ဖြစ်ပါတယ်။
လှူဒါန်းထောက်ပံ့မှုနဲ့ နည်းပညာပိုင်း ဆိုင်ရာ ကူညီပေးမှုတွေက မြန်မာနဲ့ တရုတ် ပြည်သူတွေကြား နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုကို
ပိုမို ခိုင်မြဲစေမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလဲ တိုးမြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။

မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်မှုက နှစ်ပေါင်း ရာထောင်ချီ မက တည်တံ့ခိုင်မြဲနေမှာ ဖြစ်ပါတယ်။”ဟု ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကိုက ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ရှေးဟောင်း စေတီပုထိုးများ ပြန်လည် ပြုပြင်မွမ်းမံခြင်း နှင့်ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲ၏ ခေတ္တရပ်နားချိန်တွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှင့် ယူနက်စကိုမှ ထိန်းသိမ်းရေး ဆိုင်ရာ ပညာရှင်များ ပူးပေါင်း၍ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ရှေးဟောင်း စေတီပုထိုးများ ပြန်လည် ပြုပြင်မွမ်းမံခြင်း နှင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲအား ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပုဂံရှေးဟောင်းသုတေသန ပြတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ယခု ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသည် ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကဏ္ဍတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်ခြင်း၏ အကောင်းဆုံး ဥပမာ တစ်ခုလည်း ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကိုက
ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အနေဖြင့် ငွေကြေး အကူအညီအပြင် ပုဂံဒေသ ယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည် ပြုပြင် ထိန်းသိမ်းရန်နည်းပညာပိုင်း ဆိုင်ရာ အကူအညီများ ပေးလျှက် ရှိကြောင်း ၊တည်ဆောက်ရေးပိုင်းဆိုင်ရာ အပါအ၀င် နံရံ ဆေးရေး ပန်းချီ လုပ်ငန်းများတွင် အကူအညီများ၏ ပေးအပ်လျှက် ရှိကြောင်း သိရသည်။

Credit: Xinhua

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service