ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ကန်ကြီးဒေါင့် ကုန်းကျေးရွာ နှင့် ကန်ကြီးဒေါင့်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် အိမ်မဲတူးမြောင်းတံတား ချဉ်းကပ်လမ်းနှင့် မလွတ်ကင်းသည့် နေအိမ်၊ ခြံကွက်နှင့်မြေယာ နစ်နာကြေး၊ လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ရွှေပြည်တန်ခန်းမ၌ ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံ ဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးဘဟိန်းက အမှာ စကားပြော ကြားပြီး တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနဦးစီးမှူး ဦးစိုးသန်းက အိမ်မဲတူးမြောင်းဖြတ် တံတား ချဉ်းကပ်လမ်းနှင့် မလွတ်ကင်းသည့် နေအိမ်၊ ခြံကွက်နှင့် မြေယာ နစ်နာကြေး၊ လျော်ကြေးငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြား ပြီး မြေယာလျော်ကြေးငွေပေးအပ်ရာ ကန်ကြီးဒေါင့်ကျေးရွာမှ နစ်နာသူ ၂၅ ဦးအတွက် လျော်ကြေးငွေ ၆၇ ဒသမ ၉ဝ၈၉ သန်း ကန်ကြီးဒေါင့် ကုန်းကျေးရွာမှ နစ်နာသူ ၁၅ ဦးအတွက် လျော်ကြေးငွေ ၂၂ ဒသမ ဝ၁၂၁၂ သန်း စုစုပေါင်းလျော်ကြေးငွေ ၈၉ ဒသမ ၉၂၉ သန်းကို တာဝန်ရှိသူများက ပေးအပ်ခဲ့ ကြသည်။
အဆိုပါ အိမ်မဲတူးမြောင်းတံတားကြီးကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှစ၍ အရှည် ပေ ၅၂ဝ၊ အကျယ် ပေ ၃ဝ ၊ ရေလမ်းကင်းလွတ်အမြင့် ၂၅ ပေဖြင့် ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၉၈၇၇၅ သန်းကို ကျေးလက်ဒေ သဖွံ့ဖြိုးတိုး တက်ရေးရန်ပုံငွေမှ ကျခံ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား အထူးအဖွဲ့ ၁၆ သို့ လုပ်ငန်းအပ်နှံဆောင်ရွက် ခဲ့ သည်။၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် မူလခွင့်ပြုရန်ပုံငွေကျပ် ၂၂၅ သန်း၊၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၁၄၇၅ သန်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၂၈၅ ဒသမ ၇၅ သန်းချ ထားပေးခဲ့ပြီး စုစုပေါင်းတံတားတစ်စင်းလုံး၏မူလတန်ဖိုး ၂၉၈၅ ဒသမ ၇၅သန်းချထားပေးခဲ့သော်လည်း တံတားတည်ဆောက် နေစဉ် ကာလ အတွင်း လိုအပ်ချက်အရ တံတားပုံ စံပြောင်းလဲ ခဲ့ခြင်းနှင့် မြေယာ နစ်နာ ကြေး၊ လျော်ကြေးငွေပြောင်းလဲသွားသည့်အတွက် တံတား တစ်စင်းလုံး၏စုစုပေါင်း တန်ဖိုးမှာငွေကျပ် ၃၃၁၃ ဒသမ ၅၃၉ သန်းပေါင်းကုန်ကျမည်ဖြစ်ကြောင်းနှင့် အိမ်မဲ တူးမြောင်းတံတားကြီး တည်ဆောက်ပြီးစီးပါက အိမ်မဲမြို့နယ်အတွင်း ကျေးရွာ ၁၂၅ရွာကို အကျိုးပြုပြီး လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်စွာ သွားလာနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။
Credit: MOI Webportal Myanmar