ရှေးဟောင်းနယ်မြေ မဟုတ်သည့် နေရာများတွင် ဟိုတယ်အသစ် ဖွင့်လှစ်နိုင်

ရှေးဟောင်းနယ်မြေ မဟုတ်သည့် နေရာများတွင် ဟိုတယ်အသစ် ဖွင့်လှစ်နိုင် - Property News in Myanmar from iMyanmarHouse.com
16 Feb 2017 10:40 am တွင် တင်ခဲ့သည်
764 ကြိမ် ကြည့်ရှု့ပြီး
တောင်ကြီး၊ အင်းလေး၊ မန္တလေးနှင့် ပုဂံဒေသများရှိ ရှေးဟောင်းနယ်မြေမဟုတ်သည့် နေရာများတွင် ဟိုတယ်များ အသစ်ဖွင့်လှစ်မှုကို ပိတ်ပင်ထားခြင်း မရှိကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ယနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ သည်။

“ရှေးဟောင်းနယ်မြေမဟုတ်သည့် နေရာများတွင် လျှောက်ထားလာသော ဟိုတယ်နှင့် တည်းခိုရိပ်သာ ဆောက်လုပ်ရန် ကြိုတင်ခွင့်ပြုမိန့် နှင့် လုပ်ငန်းလိုင်စင်များကို လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ပြီး ဝန်ကြီးဌာန၏ စီမံခန့် ခွဲမှု ကော်မတီ အစည်းအဝေးတိုင်းတွင် ထည့်သွင်း ဆွေးနွေးပြီး ခွင့်ပြုပေးလျက် ရှိကြောင်းနှင့် ဟိုတယ် အသစ်များ ဖွင့်လှစ်မှုကို ပိတ်ပင်ထားခြင်း မရှိပါကြောင်း ပြန်လည် ရှင်းလင်း ဖြေကြားအပ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦး၏ ဟိုတယ်အသစ်များ တည်ဆောက်ခွင့် ဆိုင်ရာ မေးခွန်းကို ဖြေကြားရာတွင် ၎င်းက ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ Webportal ရှိ သတင်းတစ်ပုဒ်၌ တောင်ကြီး၊ အင်းလေး၊မန္တလေးနှင့်ပုဂံဒေသများရှိ ရှေးဟောင်းနယ်မြေမဟုတ်သည့် နေရာများတွင် ဟိုတယ်များ အသစ်ဖွင့်လှစ်ခွင့် မရှိဟု ပါရှိခဲ့သည်ကို ဦးဘိုဘိုဦးက ရည်ညွှန်း ဖော်ပြပြီး အသစ်ဖွင့်ခွင့် အမှန် တကယ် ရှိ မရှိ သိလိုကြောင်း မေးခဲ့ခြင်း ဖြစ်သည်။

“လွှတ်တော် ကိုယ်စားလှယ်ကြီး မေးထားသော မြို့များအနက် ယခု အစိုးရသစ် လက်ထက် ၂၀၁၆ ဧပြီလ ၁ ရက်နေ့ မှ ၂၀၁၇ ဇန်နဝါရီလ ၃၁ ရက်နေ့ အထိ လုပ်ငန်း လိုင်စင် တင်ပြလာသဖြင့် ဟိုတယ် အသစ် ၂၄ လုံး၊ တည်းခိုရိပ်သာ ၁၄ လုံး၊ စုစုပေါင်း ၁,၂၇၁ ခန်းတို့ ကို ခွင့်ပြုပေးပြီး ဖြစ်ပါတယ်” ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ဟိုတယ်ပေါင်း ၁,၄၃၂ လုံး (အခန်း စုစုပေါင်း ၅၃,၇၈၃ ခန်း) ရှပြီး ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုမှာ ၂၀၁၅ ခုနှစ်တွင် ၄ ဒသမ ၇ သန်းခန့်ရှိကြောင်း သိရသည်။

Credit: Xinhua

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service