ကချင်ဒေသရှိ မြန်မာ့လယ်မြေများ တရုတ်ဘက်မှ ကျူးကျော် စိုက်ပျိုးနေ

ကချင်ဒေသရှိ မြန်မာ့လယ်မြေများ တရုတ်ဘက်မှ ကျူးကျော် စိုက်ပျိုးနေ - Property News in Myanmar from iMyanmarHouse.com
16 Feb 2017 9:49 am တွင် တင်ခဲ့သည်
1147 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ – တရုတ် နယ်စပ်အနီး ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးဒေသ အတွင်းရှိ မြန်မာ့ လယ်ယာမြေများ ပေါ်တွင် တရုတ်နိုင်ငံဘက်မှ လယ်သမားများက ဝင်ရောက် ကျူးကျော်၍ သီးနှံများ စိုက်ပျိုး လျက်ရှိကြောင်း သတင်း ရရှိသည်။

မန်စီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးချင်းဖေလင်းက “တရုတ်နိုင်ငံဘက်က လယ်သမားတွေက မြန်မာ ဘက်ခြမ်းမှာ ဝင်စိုက်နေတာ။ အဲဒီလိုလုပ်တာတော့ ကြာပြီ။ ပြောရရင် နှစ်နဲ့ချီနေပြီ။ အရင် နှစ်တွေကလည်း ဒီလိုပဲ စိုက်နေတာ။ သူတို့မှာ ဘာအထောက် အထားမှလည်း ရှိတာ မဟုတ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ မြန်မာ့ လယ်ယာမြေ ၁၀ ဧက ခန့်ပေါ်တွင် ဝင်ရောက် ကျူးကျော်နေသည့် ကိစ္စကို အစိုးရအနေဖြင့် အရေးယူ ဆောင်ရွက်ပေးရန် ဦးချင်းဖေလင်းက တောင်းဆိုခဲ့ပြီး တရုတ်နိုင်ငံ ဘက်မှ တောင်သူများက ကြံများ စိုက်ပျိုး ထုတ်ယူ နေပုံ များ အထောက်အထားများဖြင့် ယနေ့ ပြည်သူ့လွှတ်တော်တွင် တင်ပြခဲ့သည်ဟုလည်း သိရသည်။

ထို တင်ပြချက်အရ တရုတ်- မြန်မာ နယ်နိမိတ် မှတ်တိုင် ၅၃/၂ အနီးရှိ မြန်မာ့ လယ်ယာ မြေများပေါ်တွင် တရုတ် နိုင်ငံသားများ တရား မဝင် ဝင်ရောက် လုပ်ကိုင်နေကြောင်း စိစစ် တွေ့ရှိရပါက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ပြဌာန်း ချက်များနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်ချုပ် အောင်စိုး က ပြည်သူ့လွှတ်တော်တွင် ပြန်လည် ပြောဆိုသည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မန်စီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးချင်းဖေလင်း က မန်ဝိန်းကြီး ဒေသရှိ တရုတ် – မြန်မာ နယ်ခြားဖြစ်သည့် ၅၃/၂ ကျောက်တိုင်အနီး တရုတ် နိုင်ငံ ဘက်မှ လယ်သမားများ ဝင်ရောက်စိုက်ပျိုး လုပ်ကိုင်ခြင်းအား တားမြစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေး မြန်းခဲ့ခြင်း ဖြစ်သည်။

မန်စီမြို့နယ် မန်ဝိန်းကြီးဒေသ ပန်ခမ်းဂိတ်အနီး မြန်မာ-တရုတ် နယ်ခြား နယ်နိမိတ် ၅၃/၂ အနီး မြန်မာနိုင်ငံ ဘက် အတွင်းရှိ မြန်မာ့ လယ်ယာမြေများပေါ်တွင် တရုတ်စီးပွားရေး လုပ်ငန်းရှင်များက မြန်မာတောင်သူများ ကို ကြိုတင်ငွေ အရင်းအနှီး စိုက်ထုတ်ပေးသည့် စနစ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောဆိုသည်။

“သီးနှံပေါ်ချိန်မှာ ကာလပေါက်ဈေးနဲ့ ငွေအရင်းအနှီး စိုက်ထားတဲ့သူကို ပြန်လည်ရောင်းချပြီးတော့ ချေးထားတဲ့ငွေကို ပြန်လည် ပေးဆပ်တဲ့စနစ်နဲ့ စိုက်ပျိုးနေခြင်းများ ရှိတယ်လို့ သိရှိရပါတယ်”ဟု လည်း ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

သို့သော် ယင်းကိစ္စအပေါ် အစိုးရ၏ အရေးယူဆောင်ရွက်မှု အားနည်ကြောင်း မန်စီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးချင်းဖေလင်းက ပြောဆိုသည်။

“ကျနော်ပြောချင်တာက ကြံစိုက်တဲ့နေရာတွေမှာ အခုရိတ်ပြီး လယ်ပြန်ထွန်နေပြီ။ ဒီအချိန်မှာ သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေက တိုင်းတာပြီးတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် လောက် ထုတ်လိုက်ရင် တောင်မှပဲ ရတယ်။ မဟုတ်လို့ရှိရင် နှစ်တိုင်း ကျူးကျော် စိုက်နေတာက ဆက်လုပ်မှာပဲ”ဟု အစည်းအဝေး အပြီးတွင် ဦးချင်းဖေလင်းက ဧရာဝတီသို့ ပြောသည်။

ထို့အပြင် မြန်မာ – တရုတ် နယ်နိမိတ် မှတ်တိုင် ၅၃/၄ အနီးတွင်လည်း ကမ်းပြိုမှု ကာကွယ်ရန် ကျပ် သိန်း ၂၀၀ ကျော် ကုန်ကျမည့် အလျားပေ ၁၀၀ ခန့်ရှိ ကျောက်စီ မြေထိန်းနံရံ တည်ဆောက် ရန်လည်း အစိုးရက နှောင့်နှေးလျက် ရှိကြောင်း သိရသည်။

ဦးချင်းဖေလင်းက“အစိုးရအနေနဲ့ ဒီကိစ္စကို အာရုံစိုက်ဖို့ လိုတယ်။ အခုက နည်းနည်း ပေါ့လျော့ တယ်လို့ ထင်တယ်။ ဒါက နယ်စပ် ကျောက်တိုင်လေ။ ရေတိုက်စားပြီးမှ ပြိုသွားလို့ဆိုပြီး ဒီအတိုင်း အသစ်ပြန်ပြီး ကောက်ထောင်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး”ဟု ပြောသည်။

ယင်းလုပ်ငန်းကို ဆောင်ရွက်မည့် ကချင်ပြည်နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက အလျား ပေ ၁၀၀ ရှိသည့် ကျပ် ၂၀၆ သိန်း ကုန်ကျမည့် မြေထိန်းနံရံအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ရန်ပုံငွေ ရရှိရန် ပြည်နယ်အစိုးရထံ တင်ပြခဲ့ကြောင်း၊ သို့သော် ပြည်နယ် အစိုးရက ထည့်သွင်း လျာထားခြင်း မရှိ ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

ကချင်ပြည်နယ် အစိုးရ ရန်ပုံငွေတွင် ထည့်သွင်းလျာထားခြင်း မရှိသဖြင့် နိုင်ငံတော် သမ္မတ၏ သီးသန့် ရန်ပုံငွေမှ သုံးစွဲရန် တင်ပြခဲ့သော်လည်း ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင်ပါ ထည့်သွင်းရန် အချိန်မမီတော့ဟု သိရှိရကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် ပြောသည်။

ထို့ကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မူလလျာထားချက်မှ ခေါင်းစဉ်ပြောင်း သုံးစွဲခြင်း သို့မဟုတ် တင်ဒါ ခေါ်ယူရာတွင် ပိုလျှံရန်ပုံငွေမှ ကျခံသုံးစွဲရန် စီစဉ်ဆောင်ရွက်သွားရန် လျာထားကြောင်းလည်း ၎င်းက ပြောပြသည်။

မန်စီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးချင်းဖေလင်းကမူ “ဒါကို ပြည်နယ် တင်ဒါတွေကနေ ပိုလျှံတဲ့ ငွေက မှ ဆောင်ရွက်ပေးမယ်ဆိုတော့ ဒါကို ကျနော်တို့ မကျေနပ်ပါဘူး။ ဒီကျောက်တိုင်လေး မပြိုအောင် ရေကာတာ ကျောက် ထိန်း နံရံ အသေးလေး ဆောက်ပေးဖို့ကလည်း ကုန်ကျစရိတ် အဲဒီလောက် မများပါဘူး”ဟု ပြောသည်။

နယ်နိမိတ် မှတ်တိုင် ၅၃/၄ သည် မန်စီမြို့နယ် မန်အိုက်ကျေးရွာ နမ့်ဝမ်ချောင်း ကမ်းပါး၌ တည်ရှိပြီး ရေကြောင်း ပြောင်း လဲမှုနှင့် ရေတိုက်စားမှုတို့ကြောင့် ကမ်းပါးပြိုကျကာ နမ့်ဝမ်ချောင်း အတွင်းဘက်သို့ ယိမ်းယိုင်စပြုနေပြီး ချောင်း ရေကြီး လာပါက ဆက်လက်ပြိုကျနိုင်သဖြင့် နယ်နိမိတ်မှတ်တိုင် မပြိုလဲစေရေး ၂ နိုင်ငံ ညှိနှိုင်း၍ နိုင်ငံခြားရေး ဝန်ကြီး ဌာနက တရုတ်နိုင်ငံဘက်သို့ သံတမန်လမ်းကြောင်းမှ အကြောင်းကြားထားပြီး ဖြစ်သည်ဟု ဆိုသည်။

မြန်မာ-တရုတ် နယ်ခြားမျဉ်းသည် မန်ဝိန်းကြီးဒေသ ပန်ခမ်းကျေးရွာရှိ နမ့်ဝမ်ချောင်းအလယ်၌ တည်ရှိပြီး ၅၃ /၂ သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ ပန်ခမ်းအုပ်စု၊ နောင်မွန်း ကျေးရွာနှင့် တရုတ်နိုင်ငံဘက်ခြမ်းရှိ ကောင်းခမ်း ကျေးရွာ၊ လွယ်ဝိန်း ကျေးရွာ၊ ၅၃/၄ သည် မြန်မာနိုင်ငံဘက်ခြမ်းမှ မန်အိုက်ကျေးရွာနှင့် တရုတ်နိုင်ငံ ဘက်ခြမ်းရှိ မန်းပန် ကျေးရွာတို့နှင့် ထိစပ်လျက်ရှိသည်။

ယင်းနယ်စပ်ဒေသသည် မန်စီမြို့နယ်အတွင်း တည်ရှိသော်လည်း လုံခြုံရေး အခြေအနေအရ မန်စီမှ တိုက်ရိုက် သွားရောက်၍ မရဘဲ မန္တလေး-မူဆယ်-နမ့်ခမ်း-မန်ဝိန်းကြီး လမ်းမှ သွားရောက်ရသည့် ဒေသတခု ဖြစ်ကြောင်းလည်း သိရသည်။


Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service