မန္တလေးမြို့ ရန်ကင်းတောင်ခြေအနီး အိမ်ရာစီမံကိန်းအသစ် ဆောက်လုပ်ရန် စီစဉ်နေ

မန္တလေးမြို့ ရန်ကင်းတောင်ခြေအနီး အိမ်ရာစီမံကိန်းအသစ် ဆောက်လုပ်ရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
15 Feb 2017 12:06 pm တွင် တင်ခဲ့သည်
1362 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေ အ နီး မြေဧက ၁၄၀ ရှိ နေရာတွင် အိမ်ရာ စီမံကိန်းသစ် တခု ဖော်ဆောင်ရန် အစီအစဉ် ရှိကြောင်း မန္တလေး တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

“လယ်/ဆည်ဝန်ကြီးဌာနက အိုးအိမ်ကို စွန့်တဲ့မြေပေါ်မှာ အိမ်ရာစီမံကိန်း တခုလုပ်ဖို့ စီစဉ်နေပါတယ်။ အခု မြေယာလွှဲပြောင်းဖို့ စာရွက်စာတမ်းကိစ္စနဲ့ အမည်ပေါက်ကိစ္စတွေ လုပ်နေပါတယ်။ ပြည်ထောင်စုအဆင့်ထိ တင်ပြ ထားပြီးတော့ ဘတ်ဂျက်ကတော့ လာမယ့် ဘဏ္ဍာနှစ်မှာ ချပေးမယ်လို့ အကြမ်းဖျင်း သိရပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ မြေများကို အိမ်ရာစီမံကိန်းများ ဖော်ဆောင်နိုင်ရန်အတွက် စိုက် ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က ဆောက်လုပ်ရေး ဝန်ကြီး ဌာန လက်အောက်ရှိ အိုးအိမ်ဦးစီးဌာနသို့ လွှဲ ပြောင်း ပေး ထား သည့် မြေများဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က တိုင်းအတွင်း၌ လယ်ယာမြေ ကို အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက် ထားသည့် မြေများအနက် ၆ လအတွင်း လုပ်ငန်း အကောင် အ ထည် ဖော်ခြင်း မရှိသည့် မြေဧရိယာများအား ပြန်သိမ်းလျက်ရှိရာ မြို့ပြ အိမ်ရာစီမံကိန်း အကောင် အထည် ဖော်မည့် ရန်ကင်းတောင်ခြေ မှ မြေဧက ၁၄၂ ဧက လည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းတွင် တန်ဖိုးနည်း၊ တန်ဖိုးမျှတနှင့် တန်ဖိုးမြင့် အိမ်ရာဟု အမျိုးအစား ၃ ခု သတ်မှတ် ထားသည့် အဆောက်အအုံများ ဖြစ်ပြီး အခန်းအရေအတွက် ၈၀၀၀ ကျော်ပါဝင်မည်ဟု မန္တလေး တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

“စီမံကိန်းအတွက် ပြည်ထောင်စု ဘတ်ဂျက်ရယ်၊ အိုးအိမ်ရဲ့ လှည့်ပတ် ရန်ပုံငွေတွေ အသုံးပြု သွားမယ်။ ဘတ်ဂျက် အသေးစိတ်ကတော့ မကျ လာသေးပါဘူး။ ဒါပေမဲ့ ဒီစီမံကိန်းကို ၃ နှစ် အတွင်း အကောင် အထည် ဖော်မယ်” ဟု ဦးအောင်ကျော်ဦးက ပြောသည်။

စာရွက်စာတမ်းကိစ္စများ အပြီးသတ်လုပ်ဆောင်ပြီးနောက်ပိုင်းတွင် မြို့အ တွက် လိုအပ်သည့် Town Plan အသေးစိတ်ကို စတင်ရေးဆွဲ သွားမည်ြ ဖစ်ကြောင်း၊ မန္တလေးတိုင်းအတွင်းရှိ အိမ်ရာ လိုအပ်ချက် ရှိသည့် ပြည် သူများနှင့် ဝန်ထမ်းများအတွက် တိုက်ခန်း များ ရောင်း ချပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ “အစိမ်းရောင်မြို့တော်မန္တလေး” အမည်ရှိ နှစ် ၃၀ မြို့ပြ စီမံကိန်းအတွက် ကောက်ယူ ထားသည့် အချက်အလက်များအရ စီးပွားရေးနှင့် လမ်းပန်း ဆက်သွယ်ရေးအရ အချက်အချာကျနေသည့် မန္တလေးမြို့တွင် လက်ရှိလူဦးရေ ၁ ဒသမ ၂ သန်းကျော် နေထိုင်လျက်ရှိပြီး ၂၀၂၀ ခုနှစ်တွင် မြို့လူဦးရေ ၄ သန်းခန့် တိုးလာနိုင်ရာ အိမ်ရာလိုအပ် ချက်များ ယခုထက် များပြားလာနိုင်မည်ဟု ဖော်ပြထားသည်။

Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service