မြန်မာနဲ့ နယ်ပယ်၅ရပ်မှာ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ ထိုင်းဘက်က ပိုမိုအားထုတ်ကြိုးပမ်းလာ

မြန်မာနဲ့ နယ်ပယ်၅ရပ်မှာ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ ထိုင်းဘက်က ပိုမိုအားထုတ်ကြိုးပမ်းလာ - Property News in Myanmar from iMyanmarHouse.com
15 Feb 2017 11:34 am တွင် တင်ခဲ့သည်
1317 ကြိမ် ကြည့်ရှု့ပြီး
ထိုင်း စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အိမ်နီးချင်း
မြန်မာနဲ့အကြား အဓိကနယ်ပယ်ငါးရပ်ဖြစ်တဲ့ စိုက်ပျိုးရေး၊
နယ်စပ်ကုန်သွယ်မှု၊ စွမ်းအင်၊
စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ ခရီးသွားလုပ်ငန်း တို့မှာ
တိုးမြင့်ပူးပေါင်းဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သတင်းတစ်ရပ်မှာ
ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာ စီးပွားရေးကောင်စီ ရဲ့ ပထမဆုံးသော အစည်း
အဝေးတစ်ခုကို ဖေဖော်ဝါရီ ၃ ရက်က ရန်ကုန်မှာ ကျင်းပခဲ့ပြီး
အထက်ပါလုပ်ငန်းကဏ္ဍငါးခုနဲ့ပတ်သက်လို့ အလေးထား
ဆွေးနွေးခဲ့ကြသလို တွေ့ကြုံလာရမယ့် အခက်အခဲတွေကို
ဘယ်လိုမျိုး ကျော်ဖြတ်ရမလဲဆိုတာနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့
တယ်ဆိုပြီး ယင်းကောင်စီဥက္ကဌ Panitarn Pavarolavidya
က ပြောပါတယ်။

ယင်းအစည်းအဝေးမှာ ဆွေးနွေးသွားတဲ့အကြောင်းတစ်ခု
အနေနဲ့ အတက်အကျမြန်နေတဲ့ စိုက်ပျိုးရေးထုတ်ကုန်ဈေးနှုန်းပိုင်း
ကိုကြီးကြပ်ဖို့ ဗဟိုအဖွဲ့တစ်ခု မြန်မာတာဝန်ရှိသူတွေ
ဘက်ကထူထောင်ဖို့အတွက် ထိုင်းလုပ်ငန်းရှင်တွေဘက်က
အဆိုပြုခဲ့တယ်လို့ ၎င်းက ပြောသွားပါတယ်။

အလားတူ မြန်မာနိုင်ငံမှာ ဆိပ်ကမ်းနဲ့ မီးရထား လုပ်ငန်းပိုင်း
မှာဆိုရင်လည်း ကုန်ပစ္စည်းထောက်ပံ့ပို့ဆောင်ရေးပိုင်းအတွက်
ပိုမိုထောက်ကူဖြည့်ဆည်းပေးနိုင်ဖို့လိုနေသလို သွင်းကုန်
၊ထုတ်ကုန်ပိုင်းအတွက် တိုးမြင့်ပေးနိုင်ဖို့လိုတယ်လို့လည်း
၎င်းက ပြောပါတယ်။ ဒီလုပ်ငန်းပိုင်းတွေမှာ အဆင်ပြေစေဖို့အတွက်
လက်ရှိ ထောက်ပံ့ပို့ဆောင်ရေးဥပဒေတွေကို ပြင်ဆင်ဖို့၊
နယ်စပ်ကုန်သွယ်ရေးကို ပိုမိုအဆင်ပြေစေမယ့် one-stop
ဝန်ဆောင်မှုတွေ လုပ်ဆောင်ဖို့တွေကို အကြံပြုသွားပါတယ်။

အလားတူ နယ်စပ်ကုန်သွယ်မှုကို တွန်းအားပေးဖို့အတွက်
အမေရိကန်ဒေါ်လာ၊ ယူရိုနဲ့ စင်ကာပူဒေါ်လာတို့လိုပဲ
ထိုင်းဘတ်ငွေကြေးကိုလည်း နယ်စပ်ကုန်သွယ်မှုမှာ အသုံးပြုဖို့
ထိုင်းဘက်က မြန်မာဘက်ကို အဆိုပြုသွားတယ်လို့လည်း သိရပါတယ်။

တစ်ချိန်တည်းမှာပဲ နယ်စပ်ဂိတ်တွေကနေတဆင့် ၀င်ထွက်နေတဲ့
ထိုင်းခရီးသွားတွေအတွက် ဗီဇာလိုအပ်ချက်တွေ ပယ်ဖျက်ပေးဖို့လည်း
ထိုင်းလုပ်ငန်းရှင်တွေက အဆိုပြုသွားတယ်လို့လည်း
Panitarn Pavarolavidya က ပြောပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service