ပြင်သစ်နိုင်ငံ ရထားကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Alstom နှင့် ဗီယက် နမ်နိုင်ငံ ဟနွိုင်း MRB ဘုတ်အဖွဲ့တို့သည် ဟနွိုင်းတွင် မြေအောက် ရထား လိုင်းသစ် တစ်လိုင်းကို ထပ်မံ တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် စာချုပ်ချုပ် ဆိုခဲ့ကြကြောင်း Railway-Technology.com သတင်းတွင် ဖော်ပြထားသည်။
Alstom ကုမ္ပဏီသည် ပြင်သစ်နိုင်ငံမှ နည်းပညာ သူဌေးကြီး Thales နှင့် Colas Rail စသည့် အဖွဲ့အစည်း များနှင့် ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့ အစည်းကြီးတစ်ခုဖြစ်ပြီး ဗီယက်နမ်နိုင်ငံ MRB လုပ်ငန်းအတွက် ယူရို သန်း ၁၉၀ ခန့် ထည့်ဝင်မြှုပ်နှံ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ယင်းသတင်း က ဆိုသည်။
Alstom Asia Pacific အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ယန်းဖရန်ဆွာဘောဒွိုင်းက ဗီယက်နမ်နှင့် ပြင်သစ်တို့ ပူးပေါင်းပြီး သဘောတူ စာချုပ်များ ချုပ် ဆိုနိုင်ခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း၊ ဟနွိုင်းမြို့၏ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများကို တိုးတက် မြင့်မားစေရန် ဝိုင်းဝန်း ကြိုးပမ်းပေး မည် ဖြစ်သကဲ့သို့ ယာဉ်ကြောများ မပိတ်ဆို့စေရေးအတွက် အကူအ ညီ ပေးသွားမည်ဟု ပြောကြားသည်။
ပြင်သစ်နိုင်ငံမှာ Alstom အဖွဲ့သည် မြေအောက်ရထား လမ်းများ ဖောက် လုပ်ရေးတွင် ၁၆ နှစ်ကျော် အတွေ့အကြုံရှိခဲ့ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထိန်းသိမ်းနိုင်သည့် ပို့ဆောင်ရေးစနစ်နှင့် ပြည်သူများအတွက် အဆင့်အ တန်း မြင့်သော သယ်ယူ ပို့ဆောင်ရေး စနစ်တစ်ခုကို ဝိုင်းဝန်း အကောင် အထည် ဖော်ပေးသွားမည်ဟုဆိုသည်။
ဟနွိုင်မြို့တွင်း ၁၂ ဒသမ ၅ ကီလိုမီတာ ရှည်လျားသည့် Hanoi Line 3 ရထားလမ်းသစ်သည် ဒုတိယမြောက် မြို့တော်၏အောက်တွင် တည်ဆောက်လျက်ရှိသော မြေအောက်ရထားလမ်းသစ်တစ်ခုဖြစ်သည်။
စာချုပ်အရ ပြင်သစ် ကုမ္ပဏီသည် ဘူတာပေါင်း ၁၂ ခုနှင့် ရထားပြင် ဆင်ရေး စခန်းတစ်ခုကိုပါ ပူးတွဲ တည်ဆောက်ပေးရန် တာဝန် ယူထားရ သည်။
ပြင်သစ်ကုမ္ပဏီသည် လာမည့် ၂၀၁၂ ခုနှစ်တွင် ယင်းမြေအောက် ရထား လိုင်းကို အပြီး တည်ဆောက်ပေးရမည်ဖြစ်ပြီး၊ ယင်း မြေအောက် ရထား လိုင်းကို လုပ်ဆောင်နိုင်ခြင်းအတွက် တစ်နာရီလျှင် ခရီးသည်ပေါင်း ၈၆၀ဝ ကို သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကာ ၁၀ နှစ်အတွင်း ပိုမိုလုပ်ဆောင်နိုင်ရန် ကြံရွယ်ထားကြောင်း ဗီယက်နမ်နိုင်ငံမှ တာဝန်ရှိသူများက ပြောကြားသည်။
Alstom ပြင်သစ်ကုမ္ပဏီ အကောင်အထည်ဖော်မည့် ပရောဂျက် တွင် ပြင် သစ်နိုင်ငံမှ နာမည်ကျော် ကုမ္ပဏီကြီး ၆ ခုက ပူးပေါင်း ပါဝင်ဆောင် ရွက်ကြမည်ဖြစ်ကြောင်း Railway-Technology.com တွင် ရေးသားထား သည်။
Credit: The Voice