၂၀၁၇ နှစ်စတွင် ဗီယက်နမ်အိမ်ခြံမြေဈေးကွက်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၃၀၀ ကျော်ဝင်ရောက်ခဲ့

၂၀၁၇ နှစ်စတွင် ဗီယက်နမ်အိမ်ခြံမြေဈေးကွက်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၃၀၀ ကျော်ဝင်ရောက်ခဲ့ - Property News in Myanmar from iMyanmarHouse.com
14 Feb 2017 12:37 pm တွင် တင်ခဲ့သည်
899 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၇ နှစ်စ၊ ပြီးခဲ့သော ဇန်နဝါရီလအတွင်းတွင် ဗီယက်နမ်အိမ်ခြံမြေဈေးကွက်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၈၇ ဒသမ ၄ သန်း ကျော်ဝင်ရောက်ခဲ့ကြောင်း ဗီယက်နမ်အထွေထွေစာရင်းအင်းရုံးက ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြသည်ဟု ဟနွိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါပမာဏသည် ဗီယက်နမ်ရှိ ကဏ္ဍစုံ၊ နယ်ပယ်စုံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၀ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။

ရင်းနှီးမြှုပ်နှံသူတို့သည် ဗီယက်နမ်အိမ်ခြံမြေဈေးကွက်တွင် ဖွံ့ဖြိုးရေးအလာအလာကောင်းများရှိသည်ဟု သုံးသပ်ကြပြီး အဓိကအားဖြင့် ဗီယက်နမ်၏ အကြီးမားဆုံးမြို့ ကြီးနှစ်မြို့ ဖြစ်သော ဟနွိုင်းနှင့် ဟိုချီမင်းမြို့ တော်တို့အပေါ် အာရုံစိုက်ကြသည်ဟု ဆိုသည်။

သို့ရာတွင် ဟိုချီမင်းမြို့ သားတို့၏ နေအိမ်ပိုင်ဆိုင်မှုအတိုင်းအတာမှာမူ နည်းပါးလျက်ရှိပြီး အဓိကအကြောင်းရင်းမှာ တန်ဖိုးမျှတနှင့်တန်ဖိုးနည်းအိမ်ရာ ဝယ်ယူရရှိနိုင်မှု နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ရပ်အရ ဖော်ပြသည်။

ဟိုချီမင်းမြို့ တော်နေ လူဦးရေ ၈ ဒသမ ၄ သန်းရှိသည့်အနက် အိမ်ထောင်စု ၃၀၀၀၀၀ ခန့် (ကျေးလက်မှ ရွှေ့ ပြောင်းအခြေချသူ ၁ ဒသမ ၂ သန်းနှင့် ဝင်ငွေနည်းပါးသော ဒေသခံ ၁၄၃၀၀၀ ခန့်) မှာ တန်ဖိုးနည်းအိမ်ရာ ငှားရမ်း၊ ဝယ်ယူခွင့် မရကြချေ။

ယင်းသို့သောကာလတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများ၊ အဓိကအားဖြင့် ဂျပန်၊ တောင်ကိုရီးယားနှင့် စင်္ကာပူတို့မှ ရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီချင်း ပူးပေါင်းခြင်းများ ပြုလုပ်ကာ ဗီယက်နမ်အိမ်ခြံမြေဈေးကွက်တွင် အခိုင်အမာခြေချနိုင်ရန် ကြိုးပမ်းလာလျက်ရှိနေသည်။

ယင်းသို့သော ခြေလှမ်းမျိုးမှာ ယခု ၂၀၁၇ ခုနှစ်အတွင်း စံချိန်တင်မြင့်တက်ဖွယ်ရာရှိသည်ဟု အိမ်ခြံမြေအတိုင်ပင်ခံအဖွဲ့ Jones Lang LaSalle မှ အထွေထွေမန်နေဂျာ စတီဖင် ဝပ်က ပြောကြားသည်။

ဗီယက်နမ်အိမ်ခြံမြေဈေးကွက်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းစီးဝင်နေခြင်းတွင် အကြောင်းရင်းများစွာရှိပြီး စီးပွားရေးအလျင်အမြန်ဖွံ့ဖြိုးလာနေခြင်း၊ မြို့ ပြအသွင်ကူးပြောင်းမှုမြန်ဆန်လျက်ရှိခြင်းနှင့် လူလတ်တန်းစားဦးရေ အလွန်မြင့်တက်လာခြင်း (ဗီယက်နမ် လူလတ်တန်းစား မြင့်တက်လာမှုမှာ အရှေ့ တောင်အာရှတွင် အလျင်မြန်ဆုံးဖြစ်သည်) တို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service